မာတိကာသို့ ခုန်သွားရန်

ကျိုက်ပဒိုင်စေတီတော်

ဝီကီပီးဒီးယား မှ

ကျိုက်ပဒိုင်စေတီတော် (သို့မဟုတ်) ကျိုက်ပဒိုင်ရွှေတိဂုံလေးစေတီတော် သည် ပဲခူးတိုင်းဒေသကြီးသနပ်ပင်မြို့နယ်ကျိုက်ပဒိုင်ကြီးရွာတွင်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ တာတိုင်ဘုရား (၁၁) ဆူတွင် ပါဝင်သည့် စေတီလည်း ဖြစ်သည်။[][][]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် ဂန္ဓဝါရီရသေ့သည် သုဝဏ္ဏပဗ္ဗတောင်တွင် မြတ်စွာဘုရား၏ ဆံတော်မြတ်သုံးဆူကို ဌာပနာက တည်ထားခဲ့သည်။ အုတ်ကျောက်တို့ဖြင့် ဖုံးလွှမ်းကာ စေတီကဲ့သို့ တည်ထားခဲ့ခြင်း ဖြစ်သည်။ သက္ကရာဇ် ၂၆၄ ခုနှစ်တွင် ဟံသာဝတီခေတ် (၆) ဆက်မြောက်ဘုရင်ဖြစ်သည့် ဂိန္ဒရာဇာမြင်းသည် စေတီတော်ကို ဉာဏ်တော် ၇ တောင်ရှိသည့် စေတီတော်အဖြစ် တည်ကာ ရတနာ (၇) ပါးစီခြယ်ထားသည့် ရွှေထီးတော်ကို လှူဒါန်းခဲ့သည်။ ထို့နောက်ပိုင်းတွင် ဒုတိယဟံသာဝတီခေတ်၊ တတိယဟံသာဝတီခေတ်များ ကုန်ဆုံးသည့်အချိန်အထိ စေတီတော်ကို ပြုပြင်မွမ်းမံမည့်သူ မရှိခဲ့ပေ။

နောင်အခါ ကလိပ္ပတံလက်ပံဖြူဆရာတော်သည် စေတီအနီးဝန်းကျင်ရှိ ရွာသူရွာသားများကို ဟောပြောစည်းရုံးကာ စေတီတော်အား ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ စေတီတော်သည် ဉာဏ်တော် ၇၂ တောင် (၁၀၈ ပေ) ရှိလာခဲ့သည်။ စေတီတော်၏ ပရဝဏ်သည် တစ်ဧကခွဲ ရှိသည်။ []

ဘုရားပွဲတော်

[ပြင်ဆင်ရန်]

ကျိုက်ပဒိုင်ရွှေတိဂုံလေးစေတီတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပသည်။[]

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

ပဲခူးမြို့ ရွှေမော်ဓော်ဘုရားကြီး၏ တောင်ဘက်မုခ်ရှိ ဆံတော်တွင်း လမ်းမကြီးအတိုင်း သွားရောက်နိုင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 https://pddbago.net/?page_id=145
  2. https://www.moi.gov.mm/npe/saareaakphuumeaakmnny-ttaattiungbhuraamaachii
  3. 1 2 မော်ကွန်းတင်ပြီးမိတ္တူ 8 February 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2026 တွင် ပြန်စစ်ပြီး။

17°15′13″N 96°30′27″E / 17.253545580955237°N 96.5075318226803°E / 17.253545580955237; 96.5075318226803ကိုဩဒိနိတ်: 17°15′13″N 96°30′27″E / 17.253545580955237°N 96.5075318226803°E / 17.253545580955237; 96.5075318226803