ကျိုကိုဖူကာဒါ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကျိုကို ဖူကာဒါ
深田 恭子
Kyoko Fukada - red carpet at Harry Potter 2007 Tokyo.jpg
ဟယ်ရီပေါ်တာနှင့်မီးလျှံငှက်၏အမိန့်တော် ဇာတ်ကားအား တိုကျို၌ ရုံတင်ပွဲတွင် တွေ့ရစဉ် (၂၀၀၇ ဇွန်)
မွေးဖွား (1982-11-02) နိုဝင်ဘာ ၂၊ ၁၉၈၂ (အသက် ၃၉)
ကီတာ, တိုကျို, Japan
နိုင်ငံလူမျိုးဂျပန်
ပညာရေးဟိုရီကိုရှီအထက်တန်းကျောင်း
အလုပ်အကိုင်Actress, singer
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၆-လက်ရှိအချိန်ထိ
ကိုယ်စားလှယ်ဟိုရီ ပရို
အရပ်၁.၆၃ m (၅ ft ၄ in)
ဂီတခရီးလမ်း
ဂီတဟန်
  • ပေါ့
တူရိယာ
  • အဆို
  • စန္ဒယား

ကျိုကို ဖူကာဒါ (ဂျပန်: 深田 恭子 ၊ ၁၉၈၂ နိုဝင်ဘာ ၂ ဖွား) သည် ဂျပန်လူမျိုး သရုပ်ဆောင်နှင့် အဆိုကျော်ဖြစ်သည်။ သူ့ကို ဟိုရီပရိုအေဂျင်စီမှ တာဝန်ယူထားသည်။ ဂျပန်ရှိပရိသတ်များက ဖူကာကယွန် (深キョン) ဟု ချစ်စနိုးခေါ်ကြသည်။ ယိုကိုဟားမားရုပ်ရှင်ပွဲတော်၌ ကာမီကာဇီမိန်းကလေးတွေ ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရဖူးသည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၈၂ ခု၌ တိုကျိုတွင် မွေးသည်။ မွေးချင်းညီမတစ်ယောက် ရှိသည်။

၂၀၀၁ ခုတွင် ဟိုရီကိုရှီအထက်တန်းကျောင်းမှ အထက်တန်းအောင်သည်။

အနုပညာခရီး[ပြင်ဆင်ရန်]

ငယ်စဉ်ကပင် တိုမိုမီ ကဟာရာကို သဘောကျကာ မင်းသမီးဖြစ်ချင်ခဲ့သည်။ ၁၉၉၆ ခု၊ အောက်တိုဘာလ ၂၀ ရက်တွင် ပါရမီရှင်ကင်းထောက်ယာဉ်တန်း (Talent Scout Caravan) ၏ ၂၁ ကြိမ်မြောက် လူသစ်ရွေးပွဲတွင် အထူးဆုရသည်။ ၁၉၉၇ ခုတွင် ဒါအဖြေပဲ (それが答えだ!) ရုပ်သံဇာတ်လမ်းတွဲ၌ ကာဇုနိ မိဇူနိုနေရာတွင် ပါဝင်ကာ ပွဲထွက်သည်။ ၁၉၉၉ ခုတွင် ရုံတင်သည့်ဇာတ်ကား ကွင်းဆက် ၂ (リング 2) မှာ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သည်။

ပထမဆုံးထုတ်သည့် နောက်ဆုံးသစ်သီး သီချင်းမှာ အောင်မြင်သဖြင့် ၁၉၉၉ ခုတွင် ချစ်လှစွာသော ... သီချင်းခွေကို ထုတ်ဝေကာ ပေါ့အဆိုတော်အဖြစ်လည်း ခြေလှမ်းထွင်သည်။

ကျန်းမာရေးအခြေအနေ[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ မေလ ၂၇ ရက်တွင် စိတ်ဖိစီးမှုနှင့် အခြားအကြောင်းများကြောင့် သူ့တွင် စိတ်ထွက်လွယ်ရောဂါဖြစ်နေကြောင်း လူသိရှင်ကြားထုတ်ပြောသည်။ အဆိုပါရောဂါပျောက်ရန် အာရုံစိုက်လို၍ အနုပညာလုပ်ငန်းများကို လုံးဝနားထားမည်ဟု ဆုံးဖြတ်ထားသည်။