ကျားထူးချောင်းတံတား (မကွေး)

ဝီကီပီးဒီးယား မှ

ကျားထူးချောင်းတံတားသည် မကွေးတိုင်းဒေသကြီးမကွေးခရိုင်နတ်မောက်မြို့နယ်၊ မကွေး-နတ်မောက်-ပျော်ဘွယ်လမ်းတွင် တည်ရှိပြီး ၂၀၁၀ ခုနှစ် ဩဂုတ် ၂၄ ရက်က စတင်တည်ဆောက်၍ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ တံတားမှာ ပေ ၁၈၀ အထက် တံတားအမျိုးအစားဖြစ်သည်။ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကာ စုစုပေါင်းတံတား အရှည်ပေ ၄၈၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ယာဉ်နှစ်လမ်းသွားနှင့် လူသွားလမ်း တစ်ဖက်လျှင် သုံးပေစီပါရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ (ယာဉ်+ကုန်) တန် ၆၀ ဖြစ်သည်။

ကျားထူးချောင်းတံတားကြောင့်မကွေးမြို့မှ ပျော်ဘွယ်မြို့သို့ ရိုးမကို ဖြတ်၍ အရှေ့မှ အနောက်သို့ တိုက်ရိုက်သွားလာနိုင်ခြင်း၊ ပျော်ဘွယ်မှတစ်ဆင့် ရန်ကုန်မြို့မန္တလေးမြို့များသို့ သွားလာနိုင်ခြင်း၊ ပျော်ဘွယ်-ဘုရားငါးဆူလမ်းမှတဆင့် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့လည်းကောင်း၊ မကွေး-မင်းဘူး-အမ်းလမ်းမှတဆင့် ရခိုင်ပြည်နယ်သို့ လည်းကောင်း၊ မြန်မာနိုင်ငံအရှေ့မှအနောက်၊ တောင်မှမြောက်သို့ လွယ်ကူစွာ သွားလာနိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar.com။ 5 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 February 2012 တွင် ပြန်စစ်ပြီး။