မာတိကာသို့ ခုန်သွားရန်

ကျင်ဒွေးတံတား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
ကျင်ဒွေးတံတား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ပြည်သူ့ခုခံတော်လှန်စစ် နှင့် ချင်းစစ်မြေပြင် ၏ တစ်စိတ်တစ်ပိုင်း
ကျင်ဒွေးတံတား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျင်ဒွေးတံတား
ကျင်ဒွေးတံတား
ကျင်ဒွေးတံတား တည်နေရာ
နေရာကျင်ဒွေးမြို့ကန်ပက်လက်မြို့နယ်မင်းတပ်ခရိုင်ချင်းပြည်နယ်
ကိုဩဒိနိတ်20°50′21″N 93°58′13″E / 20.839167°N 93.970278°E / 20.839167; 93.970278ကိုဩဒိနိတ်: 20°50′21″N 93°58′13″E / 20.839167°N 93.970278°E / 20.839167; 93.970278
ရက်စွဲ၂၉ ဧပြီ ၂၀၂၆
သေဆုံးသူဦးရေ၉ ဦး
ဒဏ်ရာရဦးရေ
၃ ဦး
ပြစ်မှုကျူးလွန်သူများ တပ်မတော် (လေ)
  • ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် ကျင်ဒွေးမြို့ရှိ မုန်းချောင်းကူးတံတားအား အရပ်သားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
  • တိုက်ခိုက်မှုကြောင့် တံတားပြုပြင်ရေးလုပ်ငန်းခွင်ရှိ အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး JCB စက်ကြီး တစ်စီးအပါအဝင် ယာဉ်ယန္တရားများ ပျက်စီးဆုံးရှုံးခဲ့သည်။

ကျင်ဒွေးတံတား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်ကျင်ဒွေးမြို့အနီးရှိ မုန်းချောင်းကူးတံတား (ကျင်ဒွေးတံတား) ပြုပြင်ရေးလုပ်ငန်းခွင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် တံတားပြုပြင်နေသည့် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။[]

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲသည် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီစခန်းများကို ချင်းညီနောင် အဖွဲ့က အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့၏ အကူအညီဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိုးစစ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် အရှိန်မြှင့်တင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကျင်ဒွေးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။[][]

မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီး နှစ်နှစ်အကြာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် (မြို့သိမ်း နှစ်ပတ်လည်နေ့) ဒေသခံများက လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်စေရန် မုန်းချောင်းကူးတံတား (ကျင်ဒွေးတံတား) ကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်နေစဉ်အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ဆက်လက်၍ ဒုတိယနေ့ ဧပြီ ၃၀ရက်နေ့တွင် ယင်းနေရာကိုပင် ထပ်မံတိုက်ခိုက်ရာ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။[]

ဖြစ်စဉ်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်များက ကျင်ဒွေးမြို့နှင့် ကပ်လျက်ရှိ မုန်းချောင်းကို ဖြတ်ကူးထားသည့် ကျင်ဒွေးတံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် ဒေသခံပြည်သူများသည် တံတားအား လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်စေရန်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းပြုပြင်နေကြခြင်းဖြစ်သည်။[]

သေဆုံးသူများ

[ပြင်ဆင်ရန်]

ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ကျင်ဒွေးတံတား လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သည့် အပြစ်မဲ့ အရပ်သားပြည်သူ (၉) ဦး၏ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။[]

စဉ်အမည်အသက်မှတ်ချက်
ဦးထိန်လင်း၃၇ နှစ်သေဆုံး
ဦးသောင်းဖေ၃၀ နှစ်သေဆုံး
ဦးပြည့်ဖြိုးအောင်၅၅ နှစ်သေဆုံး
ဒေါ်မထွေး၅၀ နှစ်သေဆုံး
ဦးမောင်လုံး၄၄ နှစ်သေဆုံး
ဦးဌေးအောင်၃၇ နှစ်သေဆုံး
ဦးခင်အောင်၃၈ နှစ်သေဆုံး
ဦးကွီးထုံ၃၇ နှစ်သေဆုံး
ဦးပြည့်ဖြိုးအောင်၃၇ နှစ်သေဆုံး

အခြားဖတ်ရှုရန်

[ပြင်ဆင်ရန်]


ကိုးကား

[ပြင်ဆင်ရန်]
  1. Htwe၊ Lway (2026-05-01)။ ကျင်ဒွေးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ပြီး အရပ်သား ၉ ဦးထက်မနည်း သေဆုံး (in en-US)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  2. Burmese၊ R. F. A. (2024-04-30)။ ကျင်ဒွေးမြို့ကို သိမ်းပိုက်လိုက်ကြောင်း ချင်းတော်လှန်ရေးအဖွဲ့တွေ ပြော (in my)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  3. Burmese၊ R. F. A. (2024-04-24)။ ကျင်ဒွေးမြို့ကို AA အကူအညီနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း ချင်းတော်လှန်ရေးအဖွဲ့တွေပြော (in my)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  4. ခင်ရီရီဇော် (2026-04-29)။ ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၈ ဦးသေဆုံး (in en-US)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  5. ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက်ဗုံးကြဲ၍ ဒေသခံ ၁၁ ဦး သေဆုံး (in my)။ 2026-05-01 တွင် ပြန်စစ်ပြီး။
  6. LuduNwayOo (2026-04-30)။ ကျင်ဒွေးမြို့ကို စစ်တပ်ဗုံးကြဲလို့ တံတားလုပ်သား ၉ဦးသေဆုံး (in my-MM)။ 2026-05-01 တွင် ပြန်စစ်ပြီး။