ကံသုံးဆင့်ရွာ
ပုံပန်းသွင်ပြင်
ကံသုံးဆင့်ရွာ ရွာသည် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ယိုးချောင်း၏ လက်ယာဘက် ပန်းဖဲချောင်း လက်တက်တွင် တည်ရှိသော မြိုလူမျိုးတို့နေထိုင်သော ကျေးရွာ တစ်ရွာဖြစ်သည်။ သမိုင်းတွင် ဓညဝတီမြို့၏ ကိန်းခန်း ကုန်သောကြောင့် သိမာနဒီ မည်သော သရေချောင်း လကျ်ာ ကမ်းနား၌ မြို့တည်အုပ်စိုးသည်။ ထို့နောက် အမတ်ကြီး သုံးယောက် ပုန်စား၍ လွန်တော်မူ၏။ ထို့နောက်အမတ်ကြီးသုံးယောက်တို့သည် ခြောက်လစီ အဆင့်ဆင့် မင်းပြု သည်။ မိဖုရား စောစစ်သည် သမီးတော်ကြီး သုန္ဒရီ၊ သမီးတော်ငယ် ဖွားတော် သွေးနှင့်နောက်လိုက်နောက်ပါများကို စုရုံးပြီး ကံသုံးဆင့် မြို့မှ ထွက်ခွာလာ၍ နီလာပန်း တောင်မြို့ကို တည်ထောင် သည်ဟုလာသည်။ လက်ရှိတယ် အိမ်ခြေ ၁၄၀ ရှိသည်။
မြိုလူမျိုးတို့၏ မျိုးနွယ်စုမှ "Thala " လူမျိုးစု တည်သည် ကို အစွဲပြု ၍ မြိုဘာသာစကားဖြင့် "ThalaVq " ဟု ခေါ် သည်။
| ကံသုံးဆင့် (မြို) | |
|---|---|
| ကံသုံးဆင့်(မြို) တည်နေရာ၊ မြန်မာ။ | |
| ကိုဩဒိနိတ်: 20°42′28″N 92°54′40″E / 20.70779°N 92.91120°E | |
| နိုင်ငံ | |
| ပြည်နယ် | ရခိုင်ပြည်နယ် |
| ခရိုင် | စစ်တွေခရိုင် |
| မြို့နယ် | ကျောက်တော်မြို့နယ် |
| ကျေးရွာအုပ်စု | Kan Sauk[၁] |
ကိုးကား
[ပြင်ဆင်ရန်]- ↑ GAD, Feb 2011.