မာတိကာသို့ ခုန်သွားရန်

ကံပိုင်တည်မြို့

ဝီကီပီးဒီးယား မှ
ကံပိုင်တည်မြို့
မြို့
ကံပိုင်တည်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်စခန်း
ကံပိုင်တည်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်စခန်း
ကံပိုင်တည်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကံပိုင်တည်မြို့
ကံပိုင်တည်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 25°24′27.6″N 98°07′04.9″E / 25.407667°N 98.118028°E / 25.407667; 98.118028ကိုဩဒိနိတ်: 25°24′27.6″N 98°07′04.9″E / 25.407667°N 98.118028°E / 25.407667; 98.118028
နိုင်ငံ မြန်မာ
ပြည်နယ် ကချင်
ခရိုင်မြစ်ကြီးနားခရိုင်
မြို့နယ်ဝိုင်းမော်မြို့နယ်
လူဦးရေ (၂၀၁၄)၈,၆၈၂[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကံပိုင်တည်မြို့ (ယခင်အခေါ် - ကန်ပိုက်တီမြို့) သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ယခင်က ကန်ပိုက်တီမြို့ ဟု ခေါ်ဆိုခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန၏  ၂၀၂၃  ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃)ဖြင့်    “ကံပိုင်တည်”  မြို့အဖြစ်  အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်း ခဲ့သည်။ ‌[၂][၃]

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

ကန်ပိုက်တီကို မြို့အဖြစ် စတင်မဖွဲ့စည်းမီက ထိုဒေသသည် ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငယ်တစ်ခုသာ ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စုသုံးစုနှင့် ကျေးရွာ ၃၀ ပါဝင်သော ကန်ပိုက်တီ ကို မြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ခွဲဟူသော စကားရပ်ကို ပယ်ဖျက်၍ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက မြို့အဖြစ် ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည်။[၄]

ထို့နောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁၀/၂၀၂၃ ဖြင့် ကန်ပိုင်တီ အစား ကံပိုင်တည်မြို့ ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ အဆိုပါ အမည်ပြောင်းလဲမှုသည် နယ်စပ်တစ်ဖက်ခြမ်းရှိ တရုတ်ဘာသာစကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင် လျော်ကန်မှုမရှိဟု ယူဆချက်များကြောင့် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ထိုသို့ အမည်ပြောင်းလဲမှုနှင့် ပတ်သတ်ပြီး ယခင်အခေါ်အဝေါ် အား တရုတ်နိုင်ငံဘက်မှ တရုတ်ဘာသာစကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် "ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်=ပျက်စီးခြင်း၊ တီ=နေရာ" ဟု အဓိပ္ပာယ်ထွက်ပေါ်နေသဖြင့် မြန်မာနိုင်ငံ၏ သဘောထားနှင့် မကိုက်ညီဟု ယူဆချက်များရှိ၍ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းပါ "ကံ=ကံကောင်းခြင်း၊ ပိုင်=ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း/တည်တံ့ခြင်း" ဟူသော ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် "ကံပိုင်တည်" ဟူသောအမည်အား မြို့နေပြည်သူလူထုနှင့် မြို့မိမြို့ဖများ၏ သဘောထားဆန္ဒကိုရယူပြီးနောက် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းမှတစ်ဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာနက အတိအလင်းထုတ်ပြန်ခဲ့သည်။[၅]

ထင်ရှားမှု

[ပြင်ဆင်ရန်]

ကံပိုင်တည်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၃၄ ပေတွင် တည်ရှိပြီး မြို့ဧရိယာမှာ ၂၀၈ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော စခန်းတစ်ခု တည်ရှိသည်။[၆]

ထင်ရှားဖြစ်ရပ်

[ပြင်ဆင်ရန်]

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တည်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ညနေတွင် အပြီးသတ်သိမ်းခဲ့သည်။ယင်းအပြင် ကုန်သွယ်ရေးစခန်း ကိုလည်း အပြည့်အဝ ထိန်းချုပ်ခဲ့သည်။[၇]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. ↑ Waingmaw Township Map။ Myanmar Information Management Unit။ 21 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ ဇွန် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  3. ↑ NP News။ 2026-05-21 တွင် ပြန်စစ်ပြီး။
  4. ↑ Burmese၊ R. F. A. (2023-07-04)။ အရင်လို မစည်ကားတော့တဲ့ ကံပိုင်တည်မြို့ (in my)။ 2026-06-16 တွင် ပြန်စစ်ပြီး။
  5. ↑ ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ” မြို့အား “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲပြင်ဆင် | News and Periodical Enterprise။ 2026-06-16 တွင် ပြန်စစ်ပြီး။
  6. ↑ ကံပိုင်တည်ကုန်သွယ်ရေးစခန်း | Commerce။ 2026-06-16 တွင် ပြန်စစ်ပြီး။
  7. ↑ မင်းမောင် (2024-11-20)။ ကန်ပိုက်တည်မြို့ကို KIA သိမ်းပိုက်၊ ကချင်အထူးဒေသ(၁) တစ်ခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက် (in en-US)။ 2026-06-16 တွင် ပြန်စစ်ပြီး။