ကဲရီဘူးသမင်

ဝီကီပီးဒီးယား မှ
"ရိန်းဒီးယားသမင်" နှင့် "တန်ဒြာသမင်" ကို ဤနေရာသို့ ညွှန်းသည်။ အခြားအသုံးအနှုန်းများ အတွက်၊ သမင် ကို ကြည့်ပါ။
ရိန်းဒီးယားသမင် (အင်္ဂလိပ်: Reindeer)
(သို့)
ကဲရီဘူးသမင် (အင်္ဂလိပ်: Caribou)

Temporal range: Chibanian to present
A reindeer in Norway
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Cervidae
မျိုးရင်းသေး: Capreolinae
မျိုးဇာတ်: Rangiferini
မျိုးစု: Rangifer
C. H. Smith, 1827
မျိုးစိတ်:
R. tarandus
ဒွိနာမ
Rangifer tarandus
Reindeer range: North American (green) and Eurasian (red)
Synonyms

Cervus tarandus Linnaeus, 1758

ကယ်ရီဘူးသမင်၏ သိပ္ပံအမည်မှာ "ရန်ဂီဖာ တာရန်ဒက်စ်" ဖြစ်သည်။ ကဲရီဘူးသည် သမင်ကြီးမျိုးဖြစ်ပြီး ရိန်းဒီးယားဟုလည်း ခေါ်သည်။ "အာတီအိုဒက်တိုင်းလား" မျိုးစဉ်ဝင် ဖြစ်လေသည်။ [၂]ယင်းတို့ကို ဝင်ရိုးစွန်းဒေသတဝိုက်တွင် တွေ့ရသည်။ ဥရောပမြောက်ပိုင်း၊ ဆိုက်ဘေးရီးယားနှင့် မြောက်အမေရိကတိုက်တို့ရှိ အာတိတ်ဒေသများ၊ အာတိတ်ဆန် သောဒေသများ၊ တန်ဒြာဒေသများတွင် တွေ့ရသည်။ [၃]

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

အဖိုအမနှစ်ကောင်စလုံးတွင် အခက်အလက်များဖြင့် ဝေဆာနေသောဦးချိုများ ရှိသည်။ ဦးခေါင်း မှာ ကြီးမားပြီး လည်ပင်းနှင့် ခြေထောက်တို့မှာ တိုတိုတုပ်တုပ်နှင့် သန်မာလေသည်။ ခွာများမှာ နှစ်ခြမ်းကွဲနေပြီး နင်းလိုက်သောအခါ ဘေးသို့ကားပြီးထွက်သွားသဖြင့် ရေခဲပြင်များပေါ် ၌ပင် ခြေချော်လေ့မရှိအောင် ပြေးလွှား သွားနိုင်၏။ နော်ဝေးနိုင်ငံနှင့် ရုရှားပြည်၏ ဆိုက်ဘေးရီးယားနယ်များတွင် ရေခဲပြင်များပေါ်တွင် မောင်းနှင်းသောလှည်းများ ကို ဆွဲရန်အတွက် ယင်းသမင်များကို အသုံးပြုလေသည်။ ၎င်းပြင် နို့ညှစ်ယူရန်အတွက် နွားမွေးသကဲ့သို့ အများ အပြားမွေးမြူတတ်ကြသည်။ ကဲရီဘူးသမင်များသည် အုပ်လိုက်ဖွဲ့ကာ တစ်နေရာမှ အခြားတစ်နေရာသို့ လှည့် လည်ပြောင်းရွှေ့နေထိုင်ကြလေသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Gunn, A. (2016). "Rangifer tarandus". IUCN Red List of Threatened Species 2016. IUCN. 
  2. Flagstad, Oystein; Roed, Knut H (2003). "Refugial origins of reindeer (Rangifer tarandus L) inferred from mitochondrial DNA sequences" (PDF). Evolution. 57 (3): 658–670. doi:10.1554/0014-
  3. Gunn, A. (2016). "Rangifer tarandus". IUCN Red List of Threatened Species. 2016: e.T29742A22167140. Archived from the original on 29 June 2016. Retrieved 24 July 2016.
  4. မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ