ကော်နီ
| ကော်နီ Connie | |
|---|---|
| အမည်ရင်း | ရတနာထွန်း[၁] |
| မွေးဖွား | မင်္ဂလာဒုံ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
| ဂီတဟန် | pop, heavy metal |
| အလုပ်အကိုင် | အဆိုတော်၊ သရုပ်ဆောင် |
| တက်ကြွသည့်နှစ်များ | ၁၉၈၆–၁၉၉၀ ဆယ်စုနှစ် |
| ပူးတွဲ ပါဝင်မှု | New Wave band |
ကော်နီ သည် မြန်မာ အဆိုတော် တစ်ဦးဖြစ်ပြီး ဟဲဗီး မက်တယ် နှင့် ပေါ့ အမျိုးအစားသီးချင်းများကို သီဆိုခဲ့သူလည်းဖြစ်သည်။ ကော်နီ ၏ အအောင်မြင်ဆုံး ကာလများမှာ ၁၉၈၀ အစောပိုင်း မှ ၁၉၉၀ နောက်ပိုင်းထိ နာမည်ကျော်ကြားခဲ့သည်။
ပထမဦးဆုံး New Wave band ၏ နောက်ခံအဆိုတော်ဖြစ်ခဲ့ပြီး ၁၉၈၀ အလယ်ပိုင်းကာလတွင်မှ အောင်မြင်သော အဆိုတော် တစ်ဦးဖြစ်လာခဲ့သည်။ သူမ ၏ တေးရေးဆရာမှာ သုခမိန်လှိုင်ဖြစ်ပြီး သူမ၏ ပထမဆုံး သီချင်းခွေမှာ ၁၉၈၆ တွင်ထွက်ရှိသော တာဇံ ဖြစ်ကာ အောင်မြင်မှုရရှိခဲ့ပြီး နင်ဂျာ အယ်ဘမ်ကို ဆက်လက်ထုတ်ဝေခဲ့သည်။[၂]
ငယ်ဘဝ
[ပြင်ဆင်ရန်]တောင်ကြီးမြို့တွင် မွေးဖွားသည်။ အမည်ရင်း ရတနာထွန်းဖြစ်သည်။ ငယ်စဉ်က အသားဖြူပြီး ဆံပင်နီ သဖြင့် အိမ်နာမည် ကော်နီ ဟု အခေါ်ခံခဲ့ရသည်။ ဝန်ထမ်းမိဘများနှင့်အတူ ရန်ကုန် မင်္ဂလာဒုံသို့ ပြောင်းရွှေ့ နေထိုင်သည်။ ရှစ်တန်း ကျောင်းသူဘဝတွင် ရန်ကုန် New Wave တေးဂီတ အဖွဲ့ နောက်ခံသီဆိုသူ (ဟာမိုနီဆိုသူ) လျှောက်ထားခဲ့ပြီး အသက် ၁၆ နှစ် နှင့် ဟာမိုနီ သီဆိုသူဖြစ်လာသည်။ နယူးဝေ့ဖ် တေးဂီတ နှင့်အတူ စိုင်းထီးဆိုင် မေဆွိ ဂျေညီညီ မေခလာ အပါအဝင် နာမည်ကျော် အဆိုတော်များ နှင့် ရုပ်ရှင်တေးများ အတွက် ဟာမိုနီများ သီဆိုပေးခဲ့ရသည်။ [၃]
မိသားစုဘဝ
[ပြင်ဆင်ရန်]အိမ်ထောင်မပြုသူဖြစ်သည်။ မိခင်နှင့် အတူနေထိုင်သည်။ မိတ်ဆွေဂီတသမားများနှင့် ခရီးသွားခြင်း၊ သီလရှင်ဝတ်ခြင်း၊ ခွေးကြောင်များ မွေးခြင်းတို့ပြုလုပ်လေ့ရှိသည်။
အဆိုတော်ဘဝ
[ပြင်ဆင်ရန်]၁၉၈၆ တွင် တေးရေး သုခမိန်လှိုင် စီစဉ်မှုဖြင့် ပထမဆုံး တေးစု ဖြစ်သည့် တာဇံ ကို ထုတ်လုပ်ဖြန့်ချိခဲ့ရာ အောင်မြင်မှုရခဲ့ပြီး မြန်မာတေးချစ်ပရိသတ် တို့၏ အားပေးမှုရရှိသည့် အဆိုတော် ဖြစ်လာခဲ့သည်။ အနုပညာနာမည်ကို အိမ်နာမည်ဖြစ်သော 'ကော်နီ'ကိုသာအသုံးပြုခဲ့ပြီး ထိုအမည်ဖြင့်ပင် လူသိများ အောင်မြင်ခဲ့သည်။ တကိုယ်တော် တေးစု ဆယ့်တခု ထွက်ရှိခဲ့သည်။ အခြားအဆိုတော်များနှင့် တွဲဖက်ထွက်ရှိသောတေးစု ဆယ့်သုံးခု ထွက်ရှိခဲ့သည်။ ဂီတဖျော်ဖြေပွဲများစွာ သီဆိုဖျော်ဖြေခဲ့သည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်း ဂီတလောကနှင့် ကင်းကွာနေခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တပုဒ်ချင်း အယ်လ်ဘမ် သစ်များ ပြန်လည်သီဆိုခဲ့သည်။
ထွက်ရှိခဲ့သော တေးစုများ
[ပြင်ဆင်ရန်]- တာဇံ (၁၉၈၆) သုခမိန်လှိုင် ယံယံ
- နင်ဂျာ (၁၉၈၇) သုခမိန်လှိုင် ယံယံ
- ဒိုင်ယာနာ (၁၉၈၈) သုခမိန်လှိုင်
- ကံကောင်းသူလေး (၁၉၈၉) သုခမိန်လှိုင် ယံယံ
- ပျားရည် (၁၉၉၁) သုခမိန်လှိုင်
- လူငယ်လေးတယောက်အကြောင်း (၁၉၉၂) သုခမိန်လှိုင်
- အပြင်းစားသတ္တုများ (၁၉၉၂) မင်းချစ်သူ
- ကောင်းကင်ခရီး (၁၉၉၃) နောင်နောင် (ဆန်းဖလားဝါး)
- ရွှေတေးစု (၂) (၁၉၉၃) အခြားအဆိုတော်များနှင့်တွဲဖက်
- ဆုံချင်တယ် (၁၉၉၄) သုခမိန်လှိုင် ယံယံ အဉ္ဇလီမောင်မောင်
- တို့ရဲ့ချစ်သူများနေ့ (၁၉၉၆) ကေအေတီ အခြားအဆိုတော်များနှင့်တွဲဖက်
- အဓိပ္ပါယ်ရှိသောလူ (၁၉၉၆) ကျော်ဟိန်း
- အတောင်ပံပါရင်မင်းဆီကို (၁၉၉၈) (သီချင်း ၁၃ ပုဒ်) အင်ပါယာတေးဂီတ၊ အသံဖမ်း လင်းစတူဒီယို၊ ဖြန့်ချီရေး လှိုင်း၊ အခွေကာဗာဒီဇိုင်း ဝင်းနိုင် နှင့် ဓာတ်ပုံခွာနီး
- ချစ်တတ်သူတို့နေ့ (၁၉၉၉) အခြားအဆိုတော်များနှင့်တွဲဖက်
- အပြာရင့်ရင့် (၂၀၀၀) ညီပုနှင့်တွဲဖက်
- တေးမြုံငှက်နှစ်ငါးဆယ် (၁) (၂၀၀၄) အခြားအဆိုတော်များနှင့်တွဲဖက်
- ကမ်းစပ်ကခြေရာများ (၂၀၀၄) အခြားအဆိုတော်များနှင့်တွဲဖက်
- ဆေးရောင်စုံကော်နီ (၂၀၀၆) သုခမိန်လှိုင် မောင်သစ်မင်း ယံယံ မင်းချစ်သူ ညီညီသွင် ရွှေဂျော်ဂျော် အငဲ တင်ကိုကို
- မိတော့မိတယ် နှင့် ချိုတို့ခေတ်ကတေးများ အခြားအဆိုတော်များနှင့်တွဲဖက်
- နှလုံးသားဟစ်ကြွေးသံများ စိုင်းထီးဆိုင် လွှမ်းမိုး ကိုင်ဇာ ဂျက်မြသောင်း တို့နှင့်တွဲဖက်
- နှလုံးသားဆည်းလည်းခတ်သံများ စိုင်းထီးဆိုင် ကိုင်ဇာ ဂျက်မြသောင်း နေမျိုးဆေး တို့နှင့်တွဲဖက်
- အပိုင်းအစ ၁ အခြားအဆိုတော်များနှင့်တွဲဖက်
- လူငယ်မှလူငယ်သို့ (ဓမ္မတေး) အခြားအဆိုတော်များနှင့်တွဲဖက်
- စောဘွဲ့မှူးအမှတ်တရ (၁) အခြားအဆိုတော်များနှင့်တွဲဖက်
- မေဆွိနှင့်အောင်မြင်ကျော်ကြားတေးသံရှင်များ (၁၉၉၇) အခြားအဆိုတော်များနှင့်တွဲဖက်
- ဆေးရောင်စုံ ကော်နီ (၂၀၀၆)
- ပုံပြင် - တစ်ပုဒ် အယ်လ်ဘမ် (၂၀၁၉ ဒီဇင်ဘာ ၂၀) တေးရေး ဗွီနိုထွန်း၊ The Trees တေးဂီတ၊ အသံဖမ်း ပီတီအယ်လ် စတူဒီယို၊ အသံပေါင်းစပ် ချစ်စမ်းမောင်၊ ဒါရိုက်တာ မေဘရဏီ၊ သရုပ်ဆောင် ထွန်းကိုကို အကယ်ဒမီပိုင်ဖြိုးသု အိန်ဂျလာကေ ကိုထွန်းနှင့်အဖွဲ့၊ ဓာတ်ပုံဒါရိုက်တာ အောင်လေး၊ လက်ထောက်ဒါရိုက်တာ ရူပါ၊ ရှုတင်မန်နေဂျာ အောင်ကို
- ရေစက် - တစ်ပုဒ် အယ်လ်ဘမ် (၂၀၂၀ ဒီဇင်ဘာ ၂၈) တေးရေး ငြိမ်းချမ်းကို၊ အိပ်မက်ချစ်သူ တေးဂီတ၊ ပီတီအယ်လ် စတူဒီယို၊ တေးဂီတ နှင့် မာစတာရင်း ချစ်စမ်းမောင်၊ သရုပ်ဆောင် နေတိုး နှင့် မေဘရဏီ၊ ဒါရိုက်တာ မေဘရဏီ
- ဘဝရဲ့သီချင်း - တစ်ပုဒ် အယ်လ်ဘမ် (၂၀၂၄ ဒီဇင်ဘာ ၂၂) တေးရေး စံပီး၊ အိပ်မက်ချစ်သူ တေးဂီတ၊ အသံဖမ်း ပီတီအယ်လ် စတူဒီယို၊ အသံပေါင်းစပ် ချစ်စမ်းမောင်၊ ထုတ်လုပ်သူ ကော်နီ
- အချစ်ကအရာရာ - မိုးဇံ နှင့် စုံတွဲ တစ်ပုဒ် အယ်လ်ဘမ် (၂၀၂၆ သြဂုတ် ၂၆) တေးရေး ညီမင်းခိုင်၊ အိပ်မက်ချစ်သူ တေးဂီတ၊ အသံပေါင်းစပ် ချစ်စမ်းမောင်၊ တည်းဖြတ် မင်းတော်ဝင် နှင့် သုဟန်သာ၊ ထုတ်လုပ်သူ ကော်နီ
- မင်းနဲ့ငါ - အံ့ဦးအိမ် နှင့် စုံတွဲ တစ်ပုဒ် အယ်လ်ဘမ် (၂၀၂၆ စက်တင်ဘာ ၉) တေးရေး အံဦးအိမ်၊ မာကျူရီ နိုင်း တေးဂီတ၊
တင်ဆက်ခဲ့သော ဂီတဖျော်ဖြေပွဲများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Moe Moe Aung (December 2007). "A Sound of Heavy Metal Music" (in Burmese).
- ↑ "Musician Profile: Connie" (in Burmese) (January 2000) 3.
- ↑ https://www.youtube.com/watch?v=76RDU3EzqSA အဆိုတော် ကော်နီဘဝအကြောင်း - Kaw Ni Biography | Celodia Myanmar
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |