ကောင်းတုံရွာ၊ ဗန်းမော်မြို့နယ်
| ကောင်းတုံ | |
|---|---|
| ရွာ | |
| ကောင်းတုံရွာ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 24°08′16″N 97°06′22″E / 24.1376495361328°N 97.1061325073242°Eကိုဩဒိနိတ်: 24°08′16″N 97°06′22″E / 24.1376495361328°N 97.1061325073242°E | |
| နိုင်ငံ | |
| ပြည်နယ် | |
| ခရိုင် | ဗန်းမော်ခရိုင် |
| မြို့နယ် | ဗန်းမော်မြို့နယ် |
| ကျေးရွာအုပ်စု | ကောင်းတုံ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကောင်းတုံရွာ(အင်္ဂလိပ်: Kawngton)သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းတုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၆၈၉၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကောင်းတုံကျေးရွာအုပ်စုတွင် ကျား ၉၅၆ ဦး၊ မ ၉၄၉ ဦး၊ လူဦးရေစုစုပေါင်း ၁၉၀၅ ဦး နေထိုင်သည်။ [၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရှေးအခါက ကုန်းလမ်းကုန်စည်ကူးသန်း ရောင်းဝယ်မှုတွင် ဖွံ့ဖြိုးခဲ့သည်။ ဤမြို့မှနေ၍ ကုန်းလမ်းခရီးဖြင့် တရုတ်နိုင်ငံသို့၎င်း၊ ရေလမ်းခရီးဖြင့် ရန်ကုန်မြို့သို့၎င်း၊ ကူးလူးဆက်ဆံနိုင်ခဲ့သည်။ အထူးသဖြင့် ၁၇ ရာစုနှစ် နောက်ပိုင်းတွင် ဗန်းမော်မြို့၌ ဒပ်ချလူမျိုးနှင့် အင်္ဂလိပ်လူမျိုးတို့၏ အလုပ်ရုံကြီးများ ဖွင့်လှစ်လုပ်ဆောင်သောအချိန်များတွင် ပိုမို စည်ကား၍လာခဲ့သည်။ ရှေးမြန်မာနိုင်ငံ ရေလမ်းကုန်စည် ရောင်းဝယ်ဖောက်ကားမှုနှင့်စပ်လျဉ်း၍ 'အထက်ကောင်းတုံ၊ အောက်ရန်ကုန်နှင့် စုန်ဆန်ထက်အောက်'ဟု ပြောဆိုရေးသား လေ့ရှိသည်။ ရှေးမြန်မာမင်းများလက်ထက်က ရွှေဂူမြို့ဝန်မှာ ကောင်းတုံမြို့နှင့် စာဝတီးမြို့ ၂ မြို့ကို အုပ်ချုပ်ရလေသည်။ ရှေးအခါက ကောင်းတုံမြို့နယ်တွင် တောလက်ကျေးရွာ ၄ဝ ခန့်ပါဝင်သည်။ ထိုကျေးရွာများမှာ ဧရာဝတီမြစ်သို့ ဒုတိယ မြစ်ကျဉ်းအထက်အနီးတွင်စီးဝင်သော စင်းခန်းချောင်းကမ်း ပေါ်တွင်တည်ရှိကြသည်။
ဆင်ဖြူရှင်မင်းလက်ထက် ခရစ် ၁၇၆၅ ခုနှစ်မှ ၁၇၆၉ ခုနှစ်အထိ (မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်မှ ၁၁၃ဝ ပြည့်နှစ် အထိ) ၄ ကြိမ်တိုင်တိုင် တရုတ်နှင့် မြန်မာတို့စစ်ဖြစ်ကြရာ ကောင်းတုံမြို့နေရာတွင် တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ သည်။ နောက်ဆုံးတရုတ်မြန်မာ စစ်ပြေငြိမ်းရေးစာချုပ်ကို ကောင်းတုံမြို့မှာပင် ချုပ်ဆိုရေးထိုးခဲ့ကြသည်။ စစ်ပွဲပြီးဆုံး၍ မြန်မာတပ်များထွက်ခွါခါနီး ဗိုလ်ချုပ် ဝန်ကြီးမဟာသီဟသူ ကြီးမှူး၍ စစ်ပြေငြိမ်းသည့်အထိမ်းအမှတ်နှင့် စေတီတစ်ဆူ တည်ထားခဲ့သည်။ ထိုစစ်ပွဲများပြီးဆုံးသွားပြီးနောက် တရုတ် နိုင်ငံနှင့်မြန်မာနိုင်ငံသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမို တိုးတက်လာသည်။ ကောင်းတုံမှ ရွှေလီ၊ မိုင်းမောလမ်းစဉ် တို့ဖြင့် တရုတ်နိုင်ငံသို့ပေါက်ရောက်နိုင်ရကား ကောင်းတုံမှာ ဖောက်ကားရောင်းဝယ်မှု ဗဟိုစခန်းအဖြစ် ဗန်းမော်မြို့နှင့်ပင် အပြိုင်အဆိုင်ဖြစ်လာခဲ့ဘူးသည်။[၂]
ထင်ရှားဖြစ်ရပ်များ
[ပြင်ဆင်ရန်]ကောင်းတုံသည် "အထက်ကောင်းတုံ အောက်ရန်ကုန်၊ စုံဆန်ထက်အောက်ဆင်း" ဟု "ကဝိလက္ခဏာသတ်ပုံကျမ်း" တွင်ဖော်ပြသော အနော်ရထာမင်း၏ ကင်းမြို့ဟောင်းဖြစ်ခဲ့ဖူးသည်။ကောင်းတုံ ကို မြန်မာတို့၏အောင်မြေ တစ်ခုဟုလည်း ခေါ်ဝေါ်သတ်မှတ်ကြသည်။ မြေဒူးမင်း(အင်းဝဆင်ဖြူရှင်မင်း) လက် ထက် (ခရစ်နှစ် ၁၇၆၅-၁၇၆၉) အတွင်း ထိုအရပ်တွင် ကျူးကျော်သူ တစ်ဖက်နိုင်ငံသားတို့နှင့် မြန်မာတို့ စစ်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာတို့က လေးကြိမ်စလုံး အောင်နိုင်ခဲ့သည်။[၃] [၄]
အောင်မြေအထိမ်းအမှတ်ဆုတောင်းပြည့်ဘုရား (ယခင် ဘုရားငုတ်တိုအုတ်ပုံကို ပြန်လည်ပြုပြင်တည် ထားသည့် စေတီ)၊ အောင်မြေအထိမ်းအမှတ်ရှေးသရက်ပင်ကြီး၊ ကောင်းတုံခံတပ်ဟောင်းများလည်းရှိသည်။ [၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
- ↑ အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင်(၃)။ နယ်စပ်ရေးရာဝန်ကြီးဌာန။ ၄ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကုန်းဘောင်ခေတ်၏ စစ်သူကြီးမဟာသီဟသူရ။ MWD Webportal (၃ ဇန်နဝါရီ ၂၀၂၁)။ ၄ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ကဝိလက္ခဏာသတ်ပုံကျမ်း
| ဤ ကချင်ပြည်နယ် ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |