မာတိကာသို့ ခုန်သွားရန်

ကောက်သစ်စားပွဲတော်

ဝီကီပီးဒီးယား မှ
ကောက်သစ်စားပွဲ
(သီးနှံရိတ်သိမ်းပွဲတော်)
ပိုလန်နိုင်ငံရှိ ဝတ်ပြုကျောင်း၌ ကျင်းပသော အမျိုးသား သီးနှံရိတ်သိမ်း ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနား
အခြေအနေကမ္ဘာတစ်ဝန်း ကျင်းပဆဲ
အမျိုးအစားရိုးရာ၊ စိုက်ပျိုးရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု
ကျင်းပသည့်ရက်ဒေသန္တရ ရာသီဥတုနှင့် သီးနှံရိတ်သိမ်းချိန်အပေါ် မူတည်၍ ကွဲပြားသည်
ကြိမ်နှုန်းနှစ်စဉ်
ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုသီးနှံပေါ်ဦးဖျား ပူဇော်ခြင်း၊ သဘာဝတရားနှင့် ဘိုးဘွားများအား ကျေးဇူးဆပ်ခြင်း၊ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်မှုကို မြှင့်တင်ခြင်း

ကောက်သစ်စားပွဲ သို့မဟုတ် သီးနှံရိတ်သိမ်းပွဲတော် (အင်္ဂလိပ်: Harvest festival) ဆိုသည်မှာ ကမ္ဘာ့ဒေသအသီးသီးရှိ စိုက်ပျိုးရေးကို အခြေခံသော လူ့အဖွဲ့အစည်းများတွင် မိမိတို့ဒေသန္တရ ရာသီဥတုနှင့် ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးစီးချိန်အပေါ် မူတည်၍ နှစ်စဉ် ကျင်းပလေ့ရှိကြသည့် ရိုးရာဓလေ့အောင်ပွဲတော်တစ်ခု ဖြစ်သည်။[၁] တစ်နှစ်တာအတွင်း စိုက်ပျိုးထုတ်လုပ်ခဲ့သည့် စပါး၊ ကောက်ပဲသီးနှံနှင့် ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်းသည့်အတွက် ပေါ်ဦးပေါ်ဖျား သီးနှံဆန်သစ်များကို ချက်ပြုတ်ကာ မိမိတို့ ကိုယ်တိုင်ဦးစွာ စားသုံးခြင်းမပြုမီ ဘုရားသခင်၊ မြတ်စွာဘုရား၊ ရာသီဥတုနှင့် သဘာဝတရား၊ လယ်ယာစောင့်နတ်များနှင့် မိဘဘိုးဘွား၊ ဆရာသမားများအား ဦးစွာပူဇော် ကျေးဇူးဆပ်ကြသည့် အစဉ်အလာဖြစ်သည်။[၂][၃]

ဤသို့သော ပွဲတော်များကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကျင်းပကြရာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ကောက်သစ်စားပွဲများအပြင်၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြပြီး၊ အာဖရိကတိုက်တွင် ဂါနာနှင့် နိုင်ဂျီးရီးယား၊ ဥရောပတွင် ယူနိုက်တက်ကင်းဒမ်းနှင့် ဂျာမနီ၊ အမေရိကတိုက်တွင် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။[၂][၁]

ကိုးကား

[ပြင်ဆင်ရန်]