ကေပီ ရှာမာအိုလီ
ကေပီ ရှာမာအိုလီ K. P. Sharma Oli | |
|---|---|
के.पी. शर्मा ओली | |
ရှာမာအိုလီ (၂၀၂၅) | |
| ၃၈ ဦးမြောက် နီပေါနိုင်ငံ၏ ဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၁၅ ဇူလိုင် ၂၀၂၄ – ၉ စက်တင်ဘာ ၂၀၂၅ | |
| သမ္မတ | ရမ်ချန်ဒရာပေါ် ဒဲလ် Ram Chandra Poudel |
| လက်ထောက် | Bishnu Prasad Paudel Prakash Man Singh |
| ယခင်လူ | Pushpa Kamal Dahal |
| ဆက်ခံသူ | ဆူရှီလာ ကာ့ရ်ကီ (ကြားဖြတ် ယာယီဝန်ကြီးချုပ်) |
| တာဝန်သက်တမ်း ၁၅ ဖေဖော်ဝါရီ ၂၀၁၈ – ၁၃ ဇူလိုင် ၂၀၂၁ | |
| သမ္မတ | Bidya Devi Bhandari |
| ယခင်လူ | Sher Bahadur Deuba |
| ဆက်ခံသူ | Sher Bahadur Deuba |
| တာဝန်သက်တမ်း ၁၂ အောက်တိုဘာ ၂၀၁၅ – ၂၄ ဩဂုတ် ၂၀၁၆ | |
| သမ္မတ | Ram Baran Yadav Bidya Devi Bhandari |
| ယခင်လူ | Sushil Koirala |
| ဆက်ခံသူ | Pushpa Kamal Dahal |
| အတိုက်အခံခေါင်းဆောင် | |
| တာဝန်သက်တမ်း ၂၇ ဖေဖော်ဝါရီ ၂၀၂၃ – ၄ မတ် ၂၀၂၄ | |
| ဝန်ကြီးချုပ် | Pushpa Kamal Dahal |
| ယခင်လူ | Sher Bahadur Deuba |
| ဆက်ခံသူ | Sher Bahadur Deuba |
| တာဝန်သက်တမ်း ၁၃ ဇူလိုင် ၂၀၂၁ – ၂၆ ဒီဇင်ဘာ ၂၀၂၂ | |
| ဝန်ကြီးချုပ် | Sher Bahadur Deuba |
| ယခင်လူ | Sher Bahadur Deuba |
| ဆက်ခံသူ | Sher Bahadur Deuba |
| တာဝန်သက်တမ်း ၄ ဩဂုတ် ၂၀၁၆ – ၁၅ ဖေဖော်ဝါရီ ၂၀၁၈ | |
| ဝန်ကြီးချုပ် | Pushpa Kamal Dahal Sher Bahadur Deuba |
| ယခင်လူ | Sushil Koirala |
| ဆက်ခံသူ | Sher Bahadur Deuba |
| နီပေါနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၂၀၀၆ – ၂၀၀၇ Amik Sherchan | |
| ဝန်ကြီးချုပ် | Girija Prasad Koirala |
| ယခင်လူ | Bharat Mohan Adhikari |
| ဆက်ခံသူ | Bamdev Gautam |
| နီပေါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၂၀၀၆ – ၂၀၀၇ | |
| ဝန်ကြီးချုပ် | Girija Prasad Koirala |
| ယခင်လူ | Ramesh Nath Pandey |
| ဆက်ခံသူ | Sahana Pradhan |
| နီပေါနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး | |
| တာဝန်သက်တမ်း ၁၉၉၄ – ၁၉၉၅ | |
| ဝန်ကြီးချုပ် | Man Mohan Adhikari |
| ယခင်လူ | Sher Bahadur Deuba |
| ဆက်ခံသူ | Khum Bahadur Khadka |
| နီပေါကွန်မြူနစ်ပါတီ ခေါင်းဆောင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၈ မတ် ၂၀၂၁ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | Khadga Prasad Sharma Oli ၂၂ ဖေဖော်ဝါရီ၊ ၁၉၅၂ နီပေါနိုင်ငံ |
| နိုင်ငံရေးပါတီ |
|
| အခြား နိုင်ငံရေးလွှမ်းမိုးမှု |
|
| ကြင်ဖော် | Radhika Shakya |
| မိဘ |
|
| လက်မှတ် | |
| ဝက်ဘ်ဆိုဒ် | kpsharmaoli.com |
ကေပီ ရှာမာအိုလီ(K. P. Sharma Oli) သို့မဟုတ် ခဂ္ဂပသာဒ သမ္မာ ဩလီ(နီပေါ: खड्ग प्रसाद शर्मा ओली[† ၁], ၂၂ ဖေဖော်ဝါရီ ၁၉၅၂ ~ )သည် နီပေါနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး၊ဝန်ကြီးချုပ် သုံးကြိမ် အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၎င်းသည် နီပေါကွန်မြူနစ်ပါတီ(မာက်စ်ဝါဒ နှင့် လီနင်ဝါဒ) ၏ ဥက္ကဋ္ဌ ဖြစ်သည်။[၁][၂]နီပေါနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေး နှင့် နိုင်ငံခြား ဆက်ဆံရေးတို့တွင် တရုတ် နှင့် အိန္ဒိယ တို့အကြား မတည်ငြိမ်သည့် မဟာဗျူဟာတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ တရုတ် နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့သူဖြစ်သည်။[၃][၄] သူ၏ အုပ်ချုပ်မှုမှာ ဝေဖန်သူများနှင့် မီဒီယာကို တင်းကြပ်စွာ တုံ့ပြန်မှု ပြုခြင်း[၅][၆]၊ မိသားစုဝင်များအား အလုပ်အကိုင်ပေးခြင်းနှင့် စီမံခန့်ခွဲမှုအလွဲအမှားများ ကြောင့် ဝေဖန်ခံခဲ့ရသည်။[၇]သူသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် နီပေါ Gen Z ဆန္ဒပြပွဲများ ကြောင့် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသူလည်းဖြစ်သည်။[၈]
ငယ်ဘဝ နှင့် ပညာရေး
[ပြင်ဆင်ရန်]ကေပီ ရှာမာအိုလီ သည် ၁၉၅၂ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် လယ်သမားမိသားစုမှ မွေးဖွားခဲ့သည်။မိခင် Madhumaya Oli သည် အိုလီ အသက် ၄ နှစ်အရွယ် တွင် ကွယ်လွန်ခဲ့သည်။အိုလီသည် မွေးရပ်ဇာတိ အနီးအနားရှိ စာသင်ကျောင်း တွင် အခြေခံပညာ ပြီးဆုံးခဲ့သည်။ အိုလီသည် ၁၉၇၀ ခုနှစ်တွင် Adarsha Secondary School မှ SLC စာမေးပွဲကို အောင်မြင်ပြီး ပညာရေးပြီးဆုံးခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၇၀ ခုနှစ်တွင် အိုလီသည် နီပေါကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် အဖွဲ့အစည်းတစ်ခု၏ ဒေသဆိုင်ရာ အဖွဲ့ဝင် ဖြစ်ခဲ့သည်။ထိုစဥ်က သူ့အသက်သာ ၁၈ နှစ်သာရှိသေးသည်။
ထိုနှစ်အတွင်းပင် သူသည် ဆန့်ကျင်ရေး နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရခဲ့သည်။နောက်ပိုင်း၌ သူပါဝင်သည့်အဖွဲ့သည် နီပေါကွန်မြူနစ်ပါတီ နှင့် ပေါင်းစည်းခဲ့သည်။
၁၉၇၂ ခုနှစ်တွင် ပါတီအဖွဲ့ ခွဲထွက်သည့်အခါ၊ အိုလီသည် တော်လှန်ရေးအတွက် ပူးပေါင်းညှိနှိုင်းရေးကော်မတီ ၏ စီမံခန့်ခွဲရေးအကြီးအကဲ (Organizing Secretary) အဖြစ်တာဝန်ပေးခံခဲ့သည်။နောက်ပိုင်းတွင် ဖြုတ်ထုတ်ခံရပြီးနောက်၊တိမ်းရှောင်နေခဲ့ရသည်။
၁၉၇၃ ခုနှစ် အောက်တိုဘာလတွင် နီပေါသို့ ပြန်လာချိန် ဖမ်းဆီးခံရပြီး ၁၉၈၇ ခုနှစ်အထိ ထောင်ဒဏ် ခံခဲ့ရသည်။၁၉၈၇ ခုနှစ်တွင် ထောင်မှ လွတ်မြောက်ပြီးနောက် ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။
ဤသို့ဖြင့် သူသည် နိုင်ငံရေးလောကထဲ ရွေးကောက်ခံလွှတ်တော်အမတ်ဘဝ ဖြင့် ထဲထဲဝင်ဝင် ပါဝင်နိုင်ခဲ့ပြီး၊ထိုမှတဆင့် အစိုးရအဖွဲ့ဝင်အထိ ဖြစ်လာခဲ့သည်။
နိုင်ငံရေးရာထူးများ
[ပြင်ဆင်ရန်]အိုလီ သည် အသက် ၄၂ နှစ် အရွယ် တွင် နီပေါနိုင်ငံ ၏ ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့သည်။သူသည် ၂၀၀၆ ခုနှစ်တွင် နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ခံရသည်။
ဝန်ကြီးချုပ်ဘဝ
[ပြင်ဆင်ရန်]သူသည် နောက်ပိုင်းတွင် နီပေါကွန်မြူနစ်ပါတီ ၏ ခေါင်းဆောင်တစ်ဦး အဖြစ် ထင်ရှားလာခဲ့သည်။၂၀၁၅ ခုနှစ် အရောက်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၉] အိုလီ၏ ပထမအကြိမ် ဝန်ကြီးချုပ် သက်တမ်းသည် ၁၀ လကျော်သာ ကြာမြင့်ခဲ့သည်။
သူ၏ ပထမအကြိမ် ဝန်ကြီးချုပ် သက်တမ်းအတွင်း နီပေါနိုင်ငံ သည် နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာတို့တွင် မရေမရာဖြစ်နေခဲ့သည်။မော်ဝါဒီ သူပုန်ဟောင်းများ၏ လွှတ်တော်အတွင်း အယုံအကြည်မရှိအဆို တင်သွင်းခံရမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။အရှုံး နှင့် ရင်ဆိုင်ရနိုင်ခြေရှိနေသည့် အယုံအကြည်မရှိအဆိုကို လွှတ်တော်တွင်း မဲခွဲမဆုံးဖြတ်ခင် မိနစ်အနည်းငယ်တွင် သူသည် နုတ်ထွက်ခဲ့ခြင်းဖြင့် ပထမအကြိမ် ဝန်ကြီးချုပ် ကို စွန့်လွှတ်ခဲ့သည်။[၁၀]
၂၀၁၈ ခုနှစ် တွင် ဒုတိယအကြိမ် ဝန်ကြီးချုပ်ရာထူးကို ဆက်လက် ရရှိခဲ့သည်။ထိုတစ်ကြိမ်တွင် သူ၏ ဝန်ကြီးချုပ် သက်တမ်းသည် ၃ နှစ်ကျော်ကြာခဲ့သည်။ဝန်ကြီးချုပ်ရာထူးမှ အနားယူချိန် သူသည် အတိုက်အခံခေါင်းဆောင်အဖြစ် ရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ဇူလိုင် ဒုတိယအပတ် တွင် နီပေါဝန်ကြီးချုပ် ပူရှာပါ ကာမယ် ဒါဟယ် သည် လွှတ်တော်အတွင်း အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးမှ ဖြုတ်ချခံလိုက်ရသည်။[၁၁] နီပေါနိုင်ငံရှိ မော်ဝါဒီ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟောင်းတစ်ဦး ၏ ၁၈ လကြာ ဝန်ကြီးချုပ် ရာထူးသည် အဆုံးသတ်သွားပြီးနောက်၊၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက် တွင် အိုလီသည် ၎င်း၏ တတိယအကြိမ်မြောက် ဝန်ကြီးချုပ် နေရာအား ရွေးချယ် ခန့်ထားခံရသည်။[၁၂]သူသည် ထိုနောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်နီးနီးကပ်ကပ်ဆက်ဆံရေးထူထောင်နိုင်ခဲ့သည်။[၁၃]
ရာထူးမှနှုတ်ထွက်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၈ ရက် တွင် နီပေါ Gen Z ဆန္ဒပြပွဲများ နီပေါနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည်။အဓိကအားဖြင့် Generation Z များပါဝင်သည့် သောင်းချီသော လူထုသည် မြို့တော် ခတ္တမန္ဒု၏ လမ်းများပေါ်သို့ ထွက်ရောက်ကာ အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
အကြောင်းမှာ နီပေါအစိုးရက Facebook၊ X၊ YouTube နှင့် Instagram စသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းအများစုကို ယင်းကုမ္ပဏီများသည် မှတ်ပုံတင်ခြင်းမရှိဘဲ အစိုးရ၏ကြီးကြပ်မှုနှင့် ကိုက်ညီမှုမရှိဟူသော အကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့သောကြောင့် ဖြစ်သည်။
ဆန္ဒပြသူများက ထိုကိစ္စအပြင် ၎င်းတို့သည် အစိုးရအရာရှိများနှင့် ယင်းတို့၏ မိသားစု ဝင်များ၏ ချမ်းသာကြွယ်ဝမှုဆိုင်ရာ အဂတိလိုက်စားမှုနှင့် ဟိတ်ဟန် များမှုတို့ကြောင့် စိတ်ပျက်ဒေါသထွက်နေကြသည်။ ဆန္ဒပြသူများသည် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နီပေါခေါင်းဆောင်များ၏ အိမ်များနှင့် အစိုးရဌာနရုံး အဆောက်အဦ များကို မီးရှို့ခဲ့ရာ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြ သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက် တွင် နီပေါဝန်ကြီးချုပ်ဟောင်း Jhalanath Khanal ၏ ဇနီး Rajyalaxmi Chitrakar သည် ဆန္ဒပြသူများ၏ လက်ချက်ကြောင့် ခတ္တမန္ဒုမြို့ရှိ မိသားစု၏နေအိမ် မီးရှို့ခံရမှုအတွင်း သေဆုံးခဲ့သည်။၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက် တွင် ဝန်ကြီးချုပ် အိုလီ သည် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။လစ်လပ်နေသည့် ဝန်ကြီးချုပ်ရာထူးကို ဆူရှီလာ ကာရ့်ကီ က ဆက်ခံခဲ့သည်။
မှတ်စု
[ပြင်ဆင်ရန်]- ↑ အက္ခရာဖလှယ်ခြင်း: ခဍ္ဂ ပြသာဒ ၐရ်္မာ ဩလီ
ကိုးကား
[ပြင်ဆင်ရန်]- ↑ KP Sharma Oli sworn in as prime minister (in English)။ 15 July 2024 တွင် ပြန်စစ်ပြီး။
- ↑ Nepal's New Prime Minister KP Sharma Oli Sworn In (in en) (15 July 2024)။ 17 July 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2024 တွင် ပြန်စစ်ပြီး။
- ↑ Want to push for continued advancement of China-Nepal ties: Xi Jinping (in en) (1 August 2020)။ 7 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 September 2020 တွင် ပြန်စစ်ပြီး။
- ↑ Nepal gets a new political map, Coat of Arms (in en-US) (13 June 2020)။ 20 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2020 တွင် ပြန်စစ်ပြီး။
- ↑ ओली आफैले उखान टुक्काको रहस्य यसरी खोले။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2021 တွင် ပြန်စစ်ပြီး။
- ↑ Oli now has problems with the way the media addresses individuals (in English)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2021 တွင် ပြန်စစ်ပြီး။
- ↑ भ्रष्टाचार रोक्ने प्रधानमन्त्री ओलीको दृढता पुरा हुन 'गर्नै पर्ने चार मुख्य काम' (in ne) (9 December 2020)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 May 2021 တွင် ပြန်စစ်ပြီး။
- ↑ "Nepali leader says India 'breaking international law'" (in en)၊ Bangkok Post။
- ↑ နီပေါဝန်ကြီးချုပ်သစ် တင်မြှောက်။ VOA (၁၂ အောက်တိုဘာ ၂၀၁၅)။ ၁၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နီပေါဝန်ကြီးချုပ် ရာထူးက နုတ်ထွက်။ VOA (၂၅ ဇူလိုင် ၂၀၁၆)။ ၁၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နီပေါဝန်ကြီးချုပ် လွှတ်တော်အတွင်းအယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးကဖြုတ်ချခံရ။ NP News (၁၃ ဇူလိုင် ၂၀၂၄)။ ၁၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ASIAနီပေါဝန်ကြီးချုပ်သစ်အဖြစ် နီပေါကွန်မြူနစ်ပါတီခေါင်းဆောင် အိုလီ ကျမ်းသစ္စာကျိန်ဆို။ ဆင်ဟွာ (၁၅ ဇူလိုင် ၂၀၂၄)။ ၁၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရှီကျင့်ဖိန်သည် နီပေါဝန်ကြီးချုပ် K. P. Sharma Oli နှင့် တွေ့ဆုံ။ CGTN (၄ ဒီဇင်ဘာ ၂၀၂၄)။ ၁၄ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။