ကူးကက်စ်မြို့
ကူးကက်စ်မြို့ Kukës | |
---|---|
ကိုဩဒိနိတ်: 42°5′N 20°25′E / 42.083°N 20.417°E | |
ဝက်ဘ်ဆိုဒ် | kukesi.gov.al |
ကူးကက်စ်မြို့ (Kukës) သည် အယ်လ်ဘေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့တစ်မြို့ ဖြစ်သည်။ကိုဆိုဗို စစ်ပွဲအတွင်း ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို လက်ခံထားရှိပေးခဲ့မှုဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆု (၂၀၀၀ခုနှစ်) အတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသည့် ပထမဦးဆုံးမြို့ တစ်ခုလည်းဖြစ်သည်။ [၁]
အကျယ်အဝန်း
[ပြင်ဆင်ရန်]၈ ဒသမ၂ ကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေ ၁၅၀၀၀ကျော်သာ နေထိုင်သည့် မြို့တစ်မြို့ဖြစ်သည်။မြို့ပတ်ဝန်းကျင် ဧရိယာကို တောင်တန်းများက လွှမ်းမိုးထားပြီး အယ်လ်ဘေးနီးယားနိုင်ငံ၏ ဒရင်း(Drin)မြစ်၏ ကမ်းပါးမြို့ တစ်ခုလည်း ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကူးကက်စ်မြို့ ၏သမိုင်းကြောင်းသည် နှစ်ပေါင်းတစ်ထောင်ကျော်က ခြေရာခံသည်။ ယနေ့ခေတ် မြို့တော်နယ်မြေ နှင့် ဆက်စပ်နေသော ဒေသတွင် ရှေးခေတ် Illyrian မျိုးနွယ်စုများဖြစ်သည့် Dardani မျိုးနွယ်စုတို့ နေထိုင်ခဲ့ကြသည့် သမိုင်းမှတ်တမ်းများဖြစ်သော Illyrians များ၏ သင်္ချိုင်းအများအပြားကို မြို့အနီးရှိ Këneta နှင့် Kolsh တွင် ရှာဖွေတွေ့ရှိခဲ့ကြ၍[၂] ထိုမြို့ကို ရှေးယခင်က Dardania နိုင်ငံ (Kingdom of Dardania) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။
ကုန်ကူးသန်းရောင်းဝယ်သူများ တထောက်ရပ်နားရာနေရာ ၊ အော်တိုမန် စျေးကွက် နှင့် ကိုဆိုဗိုတောင်ဘက်သို့ ကုန်သွယ်ရေးမှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့သည်။ ၎င်းသည် ၁၉၁၂ ခုနှစ်တွင် ဆားဘီးယားစစ်တပ်ကို ဆုတ်ခွာရန်အတွက် အယ်လ်ဘေးနီးယန်း ခုခံမှု ဆန့်ကျင်သည့် နေရာတွင် (Qafa e Kolosjanit) ရှိခဲ့သည်။Kukës မြို့ ဟောင်းသည် White Drin နှင့် Black Drin တို့၏ ဆုံရပ်တွင် တည်ရှိသည်။ ၁၉၇၆ ခုနှစ်တွင် မြို့ဟောင်းသည် ဆည်ကျိုးကျမှုဖြစ်စဥ်ကြောင့် ပျက်စီးသွားခဲ့ရသည့်အတွက် မြို့သစ် (Kukësi i Ri - "New Kukës") ကို ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၀ မီတာအကွာအနီးရှိ ကုန်းပြင်မြင့်တွင် ၁၉၇၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။မြို့သစ်သည် ကျွန်းဆွယ်တစ်ခုကဲ့သို့ ပုံ ဖြစ်နေပြီး တံတားသုံးစင်းဖြင့် နိုင်ငံ၏ အခြားဒေသများနှင့် ချိတ်ဆက်ထားသည်။ အရှေ့ဘက်တွင် ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၆၈ မီတာရှိ နှင်းဖုံးနေသော Gjallica တောင် ရှိသည်။
ထင်ရှားအရေးပါမှုများ
[ပြင်ဆင်ရန်]မျက်မှောက်ခေတ်တွင် သိန်းချီသည့် ကိုဆိုဗို-အယ်လ်ဘေးနီးယန်းဒုက္ခသည်တို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုကို နွေးထွေးစွာဖြင့် ကြိုဆိုလက်ခံထားပေးခဲ့သည့် မြို့ တစ်မြို့ ဖြစ်ခဲ့ရာ ကိုဆိုဗိုစစ်ပွဲအတွင်း ကမ္ဘာတစ်ဝှမ်း၏ အသိအမှတ်ပြုခံရသောမြို့ ဖြစ်လာခဲ့သည်။ ကိုဆိုဗိုစစ်ပွဲအတွင်း ကိုဆိုဗို-အယ်လ်ဘေးနီးယားဒုက္ခသည်ပေါင်း ၄၅၀,၀၀၀ သည် နယ်စပ်ကိုဖြတ်ကျော်ကာ Kukës အနီးတစ်ဝိုက်တွင် စခန်းချနေထိုင်ခဲ့ကြရသည်။ Kukës သည် နိုင်ငံတကာ၏အာရုံစိုက်မှုကို ခံခဲ့ရပြီးနောက် ကိုဆိုဗိုစစ်ပွဲအတွင်း ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ဧည့်ဝတ်ပြုခြင်းနှင့် ဧည့်ဝတ်ပြုခြင်းဆိုင်ရာ ငြိမ်းချမ်းရေးနိုဘယ်ဆု (၂၀၀၀ပြည့်နှစ်) အတွက် အမည်စာရင်းတင်သွင်းခံခဲ့ရသည့်မြို့ဖြစ်သည်။ ၎င်းသည် မြို့တစ်မြို့အား ဆုအတွက် ပထမဆုံးအကြိမ် အမည်စာရင်းတင်သွင်းခြင်းဖြစ်ပသည်။၂၀၁၇ ခုနှစ်တွင် မြို့ကို ဥရောပ၏ အစိမ်းရောင်မြို့တော်ဖြစ်လာရန် 2018 European Green Capital Award အတွက် လျှောက်ထားခဲ့သည်။
စီးပွားရေး
[ပြင်ဆင်ရန်]ကူးကက်စ်မြို့ ၏လူဦးရေ အများအပြားသည် ပိုမိုကောင်းမွန်သောစီးပွားရေးအခွင့်အလမ်းများရရှိရန်အတွက် အယ်လ်ဘေးနီးယား၏မြို့တော်များသို့ ရွေ့ပြောင်းသွားလာကြသည်။ဒေသ၏ စီးပွားရေးမှာ ခရီးသွားမြို့ နှင့် စိုက်ပျိုးရေးမြို့ တို့ဖြစ်သည်။ကော်ဇောစက်ရုံ၊ ကြေးနီထုတ်လုပ်သည့် စက်ရုံလည်း ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kukës: The first city ever nominated for a Nobel Prize။ BBC (8 Dec 2023)။ 25 May 2025 တွင် ပြန်စစ်ပြီး။
- ↑ Boardman, Edwards၊ John ,I. E. S. (1982)။ The Cambridge Ancient History။ Cambridge University Press။ p. 235။ ISBN 9780521224963။ 10 January 2016 တွင် ပြန်စစ်ပြီး။