ကူကောင်းရွာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကူကောင်းကျေးရွာသည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဝက်လက်မြို့နယ်ပိုင် ရွာတစ်ရွာဖြစ်သည်။ ဝက်လက်မြို့ ၏တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး မီးရထားလမ်းနှင့် မနီးမဝေးသော ရွာတစ်ရွာဖြစ်သည်။ ရွာ၏ အဓိကလုပ်ငန်းမှာ တောင်သူအလုပ် ဖြစ်ပြီး ဒုတိယ ဦးစားပေးလုပ်ငန်းမှာ ယက္ကန်း အလုပ်ဖြစ်သည်။ ရွာတွင် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းရှိသည်။ ကျေးရွှာအတွက် စာသင်ကျောင်း ရှိပြီး မူလတန်း ၊ အလယ်တန်း သာရှိသည်။ လျှပ်စစ်မီး မရရှိ၍ ကိုယ်ထူကိုယ်ထ ဆိုလာ မီးများကိုသာ အားကိုးကြရသည်။ တစ်ရွှာလုံးတွင် စာသင်သား သံဃာတော် အပါး(၂၀၀) ခန့်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]