ကုလသမဂ္ဂ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကုလသမဂ္ဂ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ (အင်္ဂလိပ်: United Nations Development Fund for Women)၊ (ပြင်သစ်စကားလုံး ""Fonds de développement des Nations unies pour la femme" မှ အတိုကောက်အမည် UNIFEM အနေဖြင့်လည်းသိကြသော အဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ဝင်ငွေနည်းပါးသော အမျိုးသမီးများကို စီးပွားရေးရာနှင့် နည်းပညာရေးရာ အထောက်အပံ့များ တိုက်ရိုက်ပေး အပ်သည်။ ထို့ပြင် ပင်မဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ရေးတွင် အမျိုးသမီးများ ပါဝင်လာရေး လှုတ်ရှားမှုများကိုလည်း ငွေကြေးထောက်ပံ့သည်။ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။[၁]

UNIFEM သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအဖွဲ့ (UNDG) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ယခုအခါ UN Women အမည်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးများ 31 ဆုံးဖြတ်ချက် 133. A/RES/31/133 16 December 1976. 2008-04-18 တွင် စစ်ဆေးပြီး။
  2. Archived copy။ Archived from the original on May 11, 2011။ May 15, 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]