ကုမ္ပဏီလုပ်ငန်းသုံးဝဘ်ဆိုဒ်

ဝီကီပီးဒီးယား မှ

ကုမ္ပဏီ ဝက်ဘ်ဆိုက်ဆိုသည်မှာ အင်တာနက်ပေါ်တွင် ကုမ္ပဏီလုပ်ငန်း အမှတ်တံဆိပ်နှင့် ကုမ္ပဏီဆိုင်ရာသတင်းများအကြောင်းပြည့်ပြည့်စုံစုံဖြင့် လူအများရှေ့တွင် ပိတ်ရက်မရှိ ၂၄ နာရီလုံး ကြော်ငြာပြုလုပ် သကဲ့သို့မှတ်တမ်းတင်ထားသည် အင်တာနက်ကြော်ငြာသင်ပုန်းတစ်ချပ်ဖြစ်သည်။ ကုမ္ပဏီဝက်ဘ်ဆိုက်သည် အင်တာနက်တွင် ကုမ္ပဏီကို ကိုယ်စားပြုသည့်အမှတ်တံဆိပ် Business card တစ်ခုလည်းဖြစ်သည်။ အင်တာနက်ပေါ်တွင်ကုမ္ပဏီ လုပ်ငန်းများ ကုမ္ပဏီမိတ်ဆက်ခြင်းနှင့် ထုတ်ကုန်ပစ္စည်း များအရောင်းမြှင့်တင်ခြင်းပြုလုပ်ရန်အထူးသင့်တော်ပါသည်။ အချို့လုပ်ငန်းငယ်များဆိုလျှင် အင်တာနက်တွင် အရောင်းအဝယ်များ လုပ်ဆောင်နေကြပါပြီ။ ထိပ်တန်း လုပ်ငန်းကြီးများဆိုလျှင် အင်တာနက်အသုံးပြုပြီး ဈေးကွက် ပါတနာများကို အဓိကထားရှာဖွေပြီး နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ အရောင်းအဝယ်များ လုပ်ဆောင်နေခြင်းကို ကြည့်ခြင်းအားဖြင့် လုပ်ငန်းသုံးဝက်ဘ်ဆိုက်၏ အရေးပါပုံကို သိမြင်နိုင်သည်။

ကုမ္ပဏီဝက်ဘ်ဆိုက်၏ အဓိကလုပ်ဆောင်ချက်များမှာ-

ကုမ္ပဏီ၏ အကြောင်း၊
လုပ်ငန်းလုပ်ဆောင်ပုံများ၊
အရည်အသွေးပြည့်မှီသည့် နောက်ဆုံးနည်းပညာများဖြင့်ထုတ်လုပ်ထားသောထုတ်ကုန်ပစ္စည်းများအကြောင်း နှင့်
ဝယ်ယူသူများကို ပေးထားသည့်ဝန်ဆောင်မှုများ၊
ဝန်ထမ်းခေါ်ယူလိုသည့်အကြောင်းများ၊
ငွေကုန်ကြေးကျသက်သာစွာဖော်ပြနိုင်ခြင်းဖြစ်သည်။


လူကြီးမင်း၏လုပ်ငန်းအတွက် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုပိုင်ဆိုင်ထားမှသာ ပြောင်းလဲနေသော ဈေးကွက်ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ မိမိလုပ်ငန်းကို မြင်သာနေအောင် လုပ်ဆောင်ထားရမည်။ လွန်ခဲ့သည့်ဆယ်စုနှစ် လုပ်ငန်းနှင့်ကုန်ပစ္စည်းများကို သတင်းစာ၊ ပြပွဲနှင့် ရုပ်မြင်သံကြားမှတဆင့် ဗဟုသုတများရှိခဲ့ရာမှ ယနေ့ဆိုလျှင် လူတိုင်းလိုလို သိချင်တာကို အရင်ဆုံး ဝင်ကြည့်နေသည်မှာ အင်တာနက် ဝက်ဘ်ဆိုက်သာ ဖြစ်သည်။ အင်တာနက်တွင် လူကြီးမင်းလုပ်ငန်းကို ရှာမတွေ့ပါက လူကြီးမင်း၏ လုပ်ငန်းသည် မတည်ရှိသကဲ့သို့ ဖြစ်နေပါလိမ့်မည်။

အင်တာနက်တွင် စီးပွားရေးလုပ်ငန်းသုံး ကုမ္ပဏီ ဝက်ဘ်ဆိုက်ရှိခြင်းဖြင့်

ပုံနှိပ် ကြော်ငြာခြင်းထက် ကုန်ကျစရိတ် သက်သာစွာဖြင့် ကြော်ငြာပြုလုပ်နိုင်ခြင်း၊
လုပ်ငန်းအမှတ်တံဆိပ် တန်ဖိုးကို ထင်ဟပ်ရန် အကူအညီပေးနိုင်ခြင်း ဝယ်ယူသူများ သိလိုသည့် အချက်အလက်များကို အလွယ်တကူ ပေးကမ်းနိုင်ခြင်း၊
ဝယ်ယူသူများအား ပို၍ကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ခြင်း
ဝက်ဘ်ဆိုက်မှ တစ်ဆင့် လုပ်ငန်းထုတ်ကုန်များကိုလူအများက သတိပြုလာစေနိုင်ခြင်း
မိမိလိုအပ်သည့်အချိန်တိုင်း လူအများထံ ထုတ်ကုန်လုပ်ငန်းဆိုင်ရာသတင်းများ အသိပေးမှုများပြုလုပ်နိုင်ခြင်း
ဝယ်ယူသူများစိတ်ဝင်စားသည့်အရာများကို စာရင်းစစ်တမ်းတစ်ခုပြုလုပ်နိုင်ခြင်း
ဖောက်သည်များအား ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်ခြင်း
ကုမ္ပဏီ၏လုပ်ငန်းဈေးကွက်ကို ပြည်ပဈေးကွက်အထိတိုးချဲ့နိုင်စေခြင်း
ဝယ်ယူသူများ ထုတ်ကုန်နှင့် ပတ်သက်ပြီး FAQများကို လက်ခံနိုင်စေခြင်း စသည့်အချက်များကို အခြေခံပြီး ပိုမိုအောင်မြင်သော ဈေးကွက်တစ်ခုကိုပိုင်ဆိုင်စေနိုင်သည်။


ကုမ္ပဏီလုပ်ငန်းဝက်ဘ်ဆိုက်အသွင်အမျိုးအစားများ E-commerce အသွင် Multimedia Advertising အသွင် Products Show အသွင်

လုပ်ငန်းသုံးကုမ္ပဏီဝက်ဘ်ဆိုက်၏ သဘောတရားနှင့်ထူးခြားချက်

  1. ကိုယ်ပိုင်စီရင်အုပ်ချုပ်နိုင်ခြင်းနှင့် ပြောင်းလွယ်ပြင်လွယ်ခြင်း
  2. လုပ်ငန်းဆိုင်ရာအချက်အလက်ပေးကမ်းခြင်းနှင့်လက်ခံခြင်းများတပြိုင်နက်လုပ်ဆောင်နိုင်သည်
  3. ဝက်ဘ်ဆိုက်၏မူရင်းလုပ်ဆောင်နိုင်သည့် စွမ်းအားကိုအခြားအွန်လိုင်းမားကတ်တင်းပြုလုပ်မှသာ အကျိုးများခံစားနိုင်လိမ့်မည်။
  4. ကုမ္ပဏီဝက်ဘ်ဆိုက်များ၏လုပ်ငန်းဆောင်ရွက်ချက်များသည်တိကျမှန်ကန်သည်။
  5. ကုမ္ပဏီဝက်ဘ်ဆိုက်သည်အင်တာနက်ဈေးကွက်သို့လုပ်ငန်းလုပ်ကိုင်ရန်အခြေခံအချက်ဖြစ်သည်။


ကုမ္ပဏီဆိုက်တစ်ခုတွင်ပါဝင်သည့်အညွှန်းအရာများမှာ

  1. ကုမ္ပဏီအကြောင်း ဝက်ဘ်ဆိုက်ကိုဝင်ရောက်လာသောဖောက်သည်များကို ကုမ္ပဏီ၏အနေအထားကို နားလည်သိရှိစေရန်ဖြစ်သည်။ ဖောက်သည်များ၏ယုံကြည်မှုကို ရ မရကို ကုမ္ပဏီအကြောင်း ပေါ်မူတည်ပါသည်။ ကုမ္ပဏီအကြောင်းတွင် အကြောင်းအရာ များစွာရှိပါကခေါင်းစဉ်အသေးများထပ်မံခွဲခြားနိုင်သည်။ဥပမာ-ကုမ္ပဏီကိုယ်ပိုင်ရပ်တည်ချက်နှင့်တန်ဖိုးများအကြောင်း၊၊နောက်ခံသမိုင်းကြောင်း၊ကုမ္ပဏီဆိုင်ရာသတင်း၊လူထုဆက်သွယ်ရေးအစီရင်ခံစာများ၊ရရှိခဲ့သည့် အောင်မြင်မှုများ(ဆုလက်မှတ်စသည့်)၊ကုမ္ပဏီဖွဲ့စည်းပုံ၊ကုမ္ပဏီလူကြီးများ၊ဆက်သွယ်ရန် လိပ်စာ၊ဖုန်း၊အီးလ်မေး။
  2. ထုတ်ကုန်ပစ္စည်းများ ဝက်ဘ်ဆိုက်တွင် ထုတ်ကုန်ဆိုင်ရာအကြောင်းကို ကုန်ပစ္စည်း စီးရီးအလိုက် နှင့် အမျိုးအစားများကိုအတတ်နိုင်ဆုံးပေါ်လွင်အောင်ဖော်ပြထားရမည်။ ကုန်ပစ္စည်းတစ်ခုခြင်းဈေးနှုန်းအကြောင်းနှင့် လုံခြုံ စွာအသုံးပြုနည်း၊သတိထားရမည့်အချက်အလက်များ၊ဝယ်ယူသူများကုန်ပစ္စည်းအပေါ်ယုံကြည်စိတ်ချစွာ နှင့် ဝယ်ယူသုံးသင့် သည့်လှုံ့ဆော်ချက်များ၊ ဌာနဆိုင်ရာနှင့် နည်းပညာ ကျွမ်းကျင်ဌာများမှစစ်ဆေးချက်များ နှင့်အရည်အသွေးမှီကြောင်းထောက်ခံချက်များကို စာသားဖြင့်၊ဗွီဒီယိုဖြင့်ပုံဖြင့်ဖော်ပြပေးရန်လိုအပ်သည်။ ထုတ်ကုန်ပစ္စည်းထုတ်ကုန်မာတိက တွင် မဆန့် ပါက ဝယ်ယူသူများလွယ်ကူစွာ ရှာဖွေနိုင်ရန် မာတိကာ-အမျိုးအစား-အမျိုးအစားခွဲ များစသည့် ကဲ့သို့အသေးစိတ်အဆင့်များခွဲခြားဖော်ပြရမည်။ လိုအပ်ပါက ဝင်ရောက်လာသူများလိုအပ်သည့်စ္စည်းကိုအလွယ်တကူ ရှာဖွေနိုင်ရန် (Search bar)Functionတစ်ခုလည်းထည့်ပေးရန်လိုအပ်သည်။
  3. ကုမ္ပဏီမှပေးသည့်ဝန်ဆောင်မှုများ ဖောက်သည်များသည်မတူညီသည့် ကုမ္ပဏီလုပ်ငန်းမှထုတ်လုပ်သည့် မတူညီသည့်ကုန်ပစ္စည်းများမှပေးသည့် ဝန်ဆောင်မှုများအပေါ်အလွန်ပင်အရေးထားသည်။ သာမန်အတွေ့များသည့် ဝန်ဆောင်မှုများသည် ကုန်ပစ္စည်းများကိုဘယ်လိုရွေးချယ်ရမည်။ ဘယ်လိုအသုံးပြုရမည်နှင့်ပတ်သက်သည့်ဗဟုသုတများ၊အွန်လိုင်းမှဖောက်သည်များမေးမြန်းသည့်အရာကိုဖြေကြားပေးသည်ဝန်ဆောင်မှုများဖြစ်သည်။
  4. လုပ်ငန်း အမှတ်တံဆိပ်အရောင်းမြှင့်တင်ရေး ဝက်ဘ်ဆိုက်ကိုအသုံးပြုသူများဝင်ရောက်နှုန်းများလာသည့်အခါ ကုမ္ပဏီဝက်ဘ်ဆိုက်သည်ကြော်ငြာများတင်သည့် အဆင့်ကိုရောက်ရှိလာပါ သည်။ ကုမ္ပဏီထုတ်ကုန်ပစ္စည်းကို အရောင်းမြှင့်တင်ခြင်းရိုမိုးရှင်းအစီအစဉ်ပြုလုပ်မည့်အကြောင်းများဖော်ပြနိုင်သည်။ ဥပမာ--ပြိုင်ပွဲများကျင်းပပေးခြင်း၊ကုန်ပစ္စည်းနှင့်ပတ်သက်သည့်စာစီစာကုံးများ၊Download coupons၊ဒစ်စ်ကောင့်များ ဖော်ပြရမည်။
  5. ဝယ်ယူရန်လမ်းညွှန် ဖောက်သည်များက ကုမ္ပဏီလုပ်ငန်းနှင့်ထုတ်ကုန်များအကြောင်းကိုနားလည်သွားပါက ဝယ်ယူရန်အစီစဉ်ပြုလုပ်လာမည်ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းတွင်ဘယ်လိုဝယ်ရ ဆောင်ရွက်ပုံအဆင့်ဆင့်သို့မဟုတ် ဝယ်ယူနိုင်သည့်ဆိုင်ခွဲနှင့်ကိုယ်စားလှယ်၏လိပ်စာနှင့် ဖုန်းနံပါတ်များ ဝယ်ယူသည့်ကုန်ပစ္စည်းအတွက်ပေးသည်အာမခံနှင့် ပြင်ဆင်ပေးသည့်ဆိုင်ရာများဖော်ပြရန်ဖြစ်သည်။
  6. အများဆိုင်ရာထုတ်ပြန်ချက်များ ဥပမာရင်းနှီးမူဆိုင်ရာများ၊သတင်းထောက်မီဒီယာဆိုင်ရာများ၊လေ့လာဆန်းစစ်သုတေသနပြုလုပ်ချက်ဆိုင်ရာများ၊ငွေကြေးဆိုင်ရာထုတ်ပြန်ချက်များ၊ကုမ္ပဏီယဉ်ကျေးမှုများ၊အများဆိုင်ရာပါဝင်လှုပ်ရှားမှုများ။
  7. အခြားအရာများ ကုမ္ပဏီလိုအပ်ချက်အရ ဝက်ဘ်ဆိုက်