ကုနီနီမြစ်
ကုနီနီမြစ် | |
---|---|
အီပုပါရေတံခွန်အနီးရှိ ကုနီနီမြစ် | |
ကုနီနီမြစ်ရေစီးကြောင်း၊ အင်ဂိုလာကုန်းပြင်မြင်တွင် အပြာရောင်ဖြင့် ဖော်ပြထားသည်။ | |
နိုင်ငံများ | အင်ဂိုလာနိုင်ငံနှင့် နမီးဘီးယားနိုင်ငံ |
အချက်အလက်များ | |
မြစ်ဖျားခံရာ | အင်ဂိုလာကုန်းပြင်မြင့် |
စီးဝင်ရာနေရာ | အတ္တလန္တိတ်သမုဒ္ဒရာ ၀ m (၀ ft) 17°15′09″S 11°45′05″E / 17.25250°S 11.75139°Eကိုဩဒိနိတ်: 17°15′09″S 11°45′05″E / 17.25250°S 11.75139°E |
အလျား | ၁,၀၅၀ km (၆၅၀ mi) |
စီးဆင်းမှု |
|
မြစ်ဝှမ်း အချက်အလက်များ | |
မြစ်ဝှမ်းအရွယ် | ၁၀၆,၅၆၀ km2 (၄၁,၁၄၀ sq mi) |
ရေတံခွန်များ | အီပုပါရေတံခွန် |
ကုနီနီမြစ်[မှတ်စု ၁]သည် တောင်အာဖရိကဒေသတွင် ရှိသော မြစ်တစ်စင်းဖြစ်သည်။ အင်ဂိုလာကုန်းပြင်မြင့်မှ စတင်စီးဆင်းလာခဲ့သော မြစ်သည် တောင်ဘက် နမီးဘီးယားနယ်စပ်သို့ စီးဆင်းသွားပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ စီးဝင်ရောက်ရှိခြင်း မရှိချိန်ထိ နယ်စပ်မျဉ်းတလျှောက် အနောက်ဘက်သို့ စီးဆင်းသွားသည်။ ဤဒေသရှိ သက်တမ်းကြာမြင့်စွာ တည်ရှိနေသော မြစ်များထဲမှ တစ်စင်းလည်းဖြစ်သည်။ ၁,၀၅၀ ကီလိုမီတာ (၆၅၂ မိုင်) ရှည်လျားပြီး မြစ်လက်တက်များဖြင့် ဖြာထွက်နေသော မြစ်ဝှမ်းသည် ၁၀၆,၅၆၀ စတုရန်း ကီလိုမီတာ (၄၁,၁၄၃ စတုရန်းမိုင်) ဧရိယာမျှ ကျယ်ဝန်းသည်။ မြစ်ဝ၌ နှစ်စဉ်ပျမ်းမျှရေစီးနှုန်းမှာ 174 m3/s (6,145 cfs) ရှိသည်။ အီပုပါရေတံခွန်သည် ထိုမြစ်ပေါ်တွင် တည်ရှိသည်။[၄] အိုလုရှန်ဂျာဆည်သည် ထိုမြစ်၏ မြစ်လက်တက် အီတာကာမြစ်ပေါ်တွင် တည်ရှိပြီး ရူအာကာနာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထောက်ပံ့ပေးသည်။
စိတ်ဝင်စားဖွယ်အရာများ
[ပြင်ဆင်ရန်]အပျော်ဖောင်စီးခြင်းနှင့် ကနူးလှေစီးခြင်းတို့အပါအဝင် မြစ်ပေါ်တွင် ရေပေါ်အားကစားများပြုလုပ်နိုင်သော အီပုပါတွင် မကြာခဏဆိုသလို အပျော်ခရီးသွား စခန်းချမှုများရှိသည်။ [၅] ထို့ပြင် ချောက်ကြီးတစ်လျှောက်တွင်လည်း ရှေးဟောင်းဘာအိုဘက်ပင်များတည်ရှိနေသည်။ ထိုသည်တို့သည် ဆွဲဆောင်မှုရှိပြီး ကျေးရွာနှင့် ရေတံခွန်များကို အပေါ်စီးမှ ကောင်းစွာမြင်နိုင်သော ရှုခင်းများဖြစ်သည်။ သို့ပေမယ့် ထိုအရာများအားလုံးသည် ပုလင်းကွဲများနှင့် စွန့်ပစ်အမှိုက်များကြောင့် ပျက်စီး၍နေပြီဖြစ်သည်။
မှတ်ချက်
[ပြင်ဆင်ရန်]- ↑ Pronunciation: ဗြိတိသျှ အင်္ဂလိပ်: /kjuːˈneɪnə/ kew-NAY-nə, အမေရိကန် အင်္ဂလိပ်: /kuːˈ-/ KOO--.[၁][၂][၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Cunene။ Houghton Mifflin Harcourt။ May 30, 2019 တွင် ပြန်စစ်ပြီး။
- ↑ "Cunene" Archived 30 May 2019 at the Wayback Machine. (US) and "Cunene"။ Oxford Dictionaries UK English Dictionary။ Oxford University Press။ n.d.။ May 30, 2019 တွင် ပြန်စစ်ပြီး။
- ↑ Cunene။ Merriam-Webster Dictionary။ May 30, 2019 တွင် ပြန်စစ်ပြီး။
- ↑ Nakayama 2003, p. 9.
- ↑ Archived copy။ 22 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2021 တွင် ပြန်စစ်ပြီး။
ရင်းမြစ်
[ပြင်ဆင်ရန်]- C. Michael Hogan (2012)။ "Kunene River"။ in P. Saundry; C. Cleveland (eds.)။ Encyclopedia of Earth။ Washington DC.: National Council for Science and the Environment။
- "The macroinvertebrates of the Cunene River from the Ruacana Falls to the river mouth and assessment of the conservation status of the river" (2000). African Journal of Aquatic Science 25 (1).
- Nakayama၊ Mikiyasu (2003)။ International Waters in Southern Africa။ United Nations University Press။ ISBN 92-808-1077-4။ Google eBook.
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Images near Kunene River Archived 21 November 2007 at the Wayback Machine.
- Map of the Cunene River basin at Water Resources eAtlas