ကိုဒေါင်း (ဝတ္ထု)

ဝီကီပီးဒီးယား မှ

ကိုဒေါင်း ကို မြန်မာစာရေးဆရာ မောင်ထင် ရေးသည်။[၁] စတုတ္ထအကြိမ် ပုံနှိပ်ရာ၌ အမှာစာတွင် "စာရေးသူက ကိုဒေါင်းကို ဖန်တီးသည်ဟု ဆိုကြ၏။ သို့သော် ကိုဒေါင်းက စာရေးသူအား စာရေးဆရာဖြစ်အောင် ဖန်တီးပေးသည်ကိုလည်း စာရေးသူက မမေ့နိုင်" ဟု စာရေးသူက ဆိုသည်။

ထုတ်ဝေခြင်း[ပြင်ဆင်ရန်]

၁၉၃၅-၃၆ ခုနှစ်များတွင် ဂန္တလောက၌ မဂ္ဂဇင်း အခန်းဆက်ဝတ္ထုရှည်အဖြစ် ရေးသားသည်။ ရေးသားပြီ:သမျှ ဝတ္ထု (၈) ပုဒ်ကို ပေါင်းကာ ၁၉၄၀ တွင် ဘားမားယူနီယံပုံနှိပ်တိုက်တွင် ပုံနှိပ်ကာ မြန်မာပြည်စာအုပ်တိုက်မှ "ကိုဒေါင်း ဝတ္ထုတိုများ" အမည်ဖြင့် ထုတ်ဝေသည်။

ဂျပန်ခေတ်အတွင်း၌ စစ်ဘေးကြောင့် စာမူများပျောက်ပျက်သွားရာ ၁၉၄၇ ခုနှစ်၊ ဇွန်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ကိုဒေါင်း၏ စစ်ပွဲ ဖြင့် ကိုဒေါင်းဇာတ်လမ်းကို အဆုံးသတ်လိုက်သည်။

၁၉၅၁ ခုနှစ်၊ ဇူလိုင်လတွင် ထင်ကြီးဆိုသူမှ ဝယ်ထားဖူးသည့်ဝတ္ထုတစ်အုပ်ကို ပေးပို့၍ ၁၉၆၀ ခုနှစ်၊ အောက်တိုဘာလတွင် ငွေတာရီစာစဉ်မှ ဒုတိယအကြိမ် ပြန်ထုတ်နိုင်ခဲ့သည်။ ဒုတိယအကြိမ် ထုတ်ဝေရာတွင် ကိုဒေါင်း ဟူသောအမည်ကိုသာ ယူတော့သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ကိုဒေါင်းအမည်ရှိ ညောင်လိမ်ရွာသားတစ်ဦ:အကြောင်းကို ၎င်းကိုယ်တိုင် စာရေးသူအား ပြောပြလေဟန် ရေးဖွဲ့ထားသည်။

အဓိကဇာတ်ဆောင်များ[ပြင်ဆင်ရန်]

ကိုဒေါင်း

ကိုဖိုးဝ

မချော

မရွှေနက်

ခင်စိန်

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ထင်, "ကိုဒေါင်း", ပါရမီစာပေ, ၁၉၉၉