ကိုထွေး
ပုံပန်းသွင်ပြင်
| ' | |
![]() | |
| (၁၉၂၉-၁၉၄၇) | |
| မွေးသက္ကရာဇ် | ၁၉၂၉-ခု |
| အမည်ရင်း | မောင်ထွေး |
| မိဘအမည် | ဦးကိုကိုလေး + ဒေါ်မင်းရီ |
| မွေးဖွားရာဒေသ | မန္တလေးမြို့ |
| နိုင်ငံသား | |
| လူမျိုး | |
| ကိုးကွယ်သည့်ဘာသာ | အစ္စလာမ် |
| ပညာအရည်အချင်း | |
| အလုပ်အကိုင် | ဦးရာဇတ်၏ သက်တော်စောင့် |
| ကြင်ဖော် | |
| သားသမီး | |
| ထင်ပေါ်ကျော်ကြားမှု | အာဇာနည် ပုဂ္ဂိုလ် |
| ထင်ရှားသည့်လက်ရာများ | |
| ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | |
| ကွယ်လွန်ရက် | ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်၊ စနေနေ့ |
| ကွယ်လွန်ရာဒေသ | |
| လက်မှတ် | [[Image:|100px]] |
| ကွန်ယက် | |
ရဲဘော် ကိုထွေးသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အာဇာနည်ခေါင်းဆောင်ကြီးများ အတ္ထုပ္ပတ္တိအကျဉ်း
