ကိုတင်လင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကိုတင်လင်း
Kotlin-logo.svg
Usual filename extensions.kt
.kts
Paradigmမျိုးစုံ
ဒီဇိုင်းဆွဲသူဂျက်ဘရိန်း
မွမ်းမံသူဂျက်ဘရိန်း
အမျိုးအစားစနစ်Inferred, static, strong
လိုင်စင်Apache License 2.0
ဝက်ဘ်ဆိုဒ်kotlinlang.org

ကိုတင်လင်း (lang-en | Kotlin) သည် ခွပလက်ဖောင်းသုံး တိုက်အငြိမ်၊ အထွေထွေသုံး ပရိုဂရမ္မင်း ဘာသာစကားဖြစ်ပြီး တိုက်မှန်းစနစ် (type inference) ပါလေသည်။ ကိုတင်လင်းကို ဂျာဗားနှင့် အပြန်အလဲသုံးနိုင်အောင် စီမံထားသည်။ ဂျာဗားယောင်ပြစက် (Java Virtual Machine) တွင် အလုပ်လုပ်ပြီး တိုက်မှန်းစနစ်ကြောင့် ဖွဲ့စည်းပုံ (syntax) ပိုကောင်းသည်။ ဂျာဗားနှင့် တွဲအလုပ်လုပ်နိုင်ရုံမက ဂျာဗားစခွစ်အပြင် (LLVM မှတဆင့်) ဌာနေကုဒ်လည်း ထုတ်နိုင်သည်။ ကိုတင်လင်းဖော်ဒေးရှင်းကို ဂျက်ဘရိန်း (JetBrains) နှင့် ဂူးဂဲ (Google) တို့က မတည်ပေးထားသည်။

အန်ဒြိုက်အတွက် ဂျာဗားအား ခြေကန်လို၍ ကိုတင်လင်းကို ဂူးဂဲက ထောက်ပံ့ထားခြင်း ဖြစ်သည်။ အန်ဒြိုက်စတူဒီယို ၃.၀ ကို ၂၀၁၇ ခု၊ အောက်တိုဘာလတွင် စဖြန့်ရာ ဂျာဗားပေါင်းစက် (Java compiler) နှင့်အတူ အစားလဲရန် ကိုတင်လင်းကိုပါ ထည့်ပေးခဲ့သည်။