ကိုကိုကျော်
ဗိုလ်ချုပ် (ငြိမ်း) ကိုကိုကျော် | |
|---|---|
| နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၂ အောက်တိုဘာ ၂၀၂၄ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ဝန်ကြီး | တင်မောင်ဆွေ |
| ယခင်လူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ နိုင်မင်းကျော် နှင့်အတူ | |
| ခန့်အပ်သူ | အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ဝန်ကြီး | ဦးသန်းဆွေ |
| ဝန်ကြီးချုပ် | ဦးညိုစော |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| တာဝန်သက်တမ်း ၂၂ အောက်တိုဘာ ၂၀၂၄ – ၁၀ ဧပြီ ၂၀၂၆ လွင်ဦး နှင့် နိုင်မင်းကျော် တို့နှင့်အတူ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီး | သန်းဆွေ |
| ဆက်ခံသူ | ကိုယ်တိုင် |
| ပထမမြောက် ကမ်းခြေစောင့်တပ်ဖွဲ့ ညွန်ကြားရေးမှူးချုပ် | |
| တာဝန်သက်တမ်း ၂၃ အောက်တိုဘာ ၂၀၂၁ – ၂၂ အောက်တိုဘာ ၂၀၂၄ | |
| ခေါင်းဆောင် | ဗိုလ်ချုပ်ကြီး မိုးအောင် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ဗိုလ်ချုပ်ကြီး ထိန်ဝင်း |
| ယခင်လူ | တပ်ဖွဲ့စတင်ဖွဲ့စည်း |
| ဆက်ခံသူ | ဗိုလ်မှူးချုပ် တက်လွင်ထွန်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၆ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် အပတ်စဉ်(၂၈) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၇-၂၀၂၄ |
| ရာထူး | ဗိုလ်ချုပ် |
| တပ် | ကမ်းခြေစောင့်တပ်ဖွဲ့ |
ဗိုလ်ချုပ် ကိုကိုကျော် သည် တပ်မတော်(ရေ)အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက သူသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သော ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သည်။[၁] [၂]
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၈) ဆင်းဖြစ်သည်။ပြန်တမ်းဝင်အမှတ် ရေ-၁၃၇၈ ဖြင့် တပ်မတော်(ရေ) တွင် စစ်မှုထမ်းသည်။နှစ် ၃၀ ကျော်ကြာ စစ်မှုထမ်းပြီးနောက် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး(ကြည်း၊ရေ၊လေ)ပူးပေါင်းလေ့ကျင့်ရေးဌာနကြီး တွင် လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်(ကြည်း၊ရေ၊လေပူးပေါင်းလေ့ကျင့်ရေး) အဖြစ် တာဝန်ပေးခံရသည်။ယင်းနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ဖွဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ်ဖြစ်လာခဲ့သည်။[၃] နောက်ပိုင်း ဗိုလ်ချုပ် ဖြစ်လာသည်။ထို တာဝန်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ရက် နေ့အထိ တာဝန်ထမ်းသည်။
ဒုဝန်ကြီးဖြစ်လာပုံ
[ပြင်ဆင်ရန်]စစ်ကောင်စီ က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ၎င်းအား ကမ်းခြေစောင့်တပ်ဖွဲ့ ၏ ညွန်ကြားရေးမှူးချုပ် တာဝန်မှ အနားပေးကာ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ပြောင်းရွေ့ခန့်အပ်သည်။[၄]
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ဦးနိုင်မင်းကျော်နှင့်အတူ ဆက်လက်ပါဝင်ထမ်းဆောင်သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ New coast guard service for Myanmar။ BAIRD MARITIME (20 Oct 2021)။ 24 Oct 2024 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း (၂) နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြား (၆ အောက်တိုဘာ ၂၀၂၃)။ ၂၄ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ ၃၃၈/၂၀၂၁ ဝန်ထမ်းအကြီးအမှူးအဖြစ်ခန့်ထားခြင်း။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်း (၂၃ အောက်တိုဘာ ၂၀၂၁)။ ၂၃ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း (၂၂ အောက်တိုဘာ ၂၀၂၄)။ ၂၃ အောက်တိုဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။