ကာလံ ဒေသံ အဂ္ဃံ ဓနံ
ပုံပန်းသွင်ပြင်
(ကာလံဒေသံ၊ အဂ္ဂံဓနံ မှ ပြန်ညွှန်းထားသည်)
ကာလံ ဒေသံ အဂ္ဃံ ဓနံ သည် မြန်မာဆိုရိုးစကားတစ်ခုဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ပစ္စည်းတန်ဖိုးကို အချိန်အခါ၊ နေရာဒေသလိုက်၍ ဆုံးဖြတ်ရသကဲ့သို့ အချို့သော လူမှုကိစ္စများကိုလည်း အချိန်အခါ၊ နေရာဒေသအလိုက် ဆောင်ရွက်ကြရသည်။ ဆိုလိုသည်မှာ ကိစ္စရပ်တစ်ခုကို ဆောင်ရွက်ရာတွင် အချိန်အခါနှင့် နေရာဒေသ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြသည်။ (ကာလံ - အချိန်အခါ၊ ဒေသံ - နေရာဒေသ၊ အဂ္ဃံ - တန်ဖိုး၊ ဓနံ - ပစ္စည်းဥစ္စာ။)
ကိုးကား
[ပြင်ဆင်ရန်]ကာလံဒေသံ၊ အဂ္ဃံဓန၊ ရှေးကထုံးမှီး၊ ယူသီးဝတ္ထု၊ [၁]
နည်းအဖြာဖြာ၊ အရာရာကို၊ ပညာဝေဖန်၍၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓနံ၊ ပရိဘောဂံ၊ ဤငါးတန်တွင်၊ ဆုတ်ရန်သည်တစ်မျိုး၊ တိုးတန်သည်အနီး၊ အသီးသီးပင်၊ [၂]
ဖြစ်ချိန်ဖြစ်ရာ၊ တန်ဖိုးပါနှင့်၊ ဥစ္စာဟောင်းသစ်၊ စိစစ်ထုံးစံ၊ ကုံလောက် ငံအောင်၊ ကာလံ ဒေသံ၊ အဂ္ဃံ ဓန၊ နည်းပြစဉ်လာ၊ မဟာပဒေသလေးပါး၊ သတိထားလော့၊ [၃]