ခင်ဆွေ (ကာတွန်း)

ဝီကီပီးဒီးယား မှ
(ကာတွန်းဦးခင်ဆွေ မှ ပြန်ညွှန်းထားသည်)

ကာတွန်း ဦးခင်ဆွေကို ၁၉၄၀ပြည့်နှစ်၊ ဇွန်လ ၂၃ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးစံဝင်း၊ အမိ ဒေါ်ငွေသီးတို့၏ သားဖြစ်သည်။ ဒေးဒရဲ ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ပန်းချီဦးခင်အောင်ထံမှ လေ့လာဆည်းပူးသင်ကြားခဲ့သည်။ (၁၉၅၆)ခုနှစ်၊ ရန်ကုန်သတင်းစာတွင် ကာတွန်း စတင်ရေးဆွဲခဲ့သည်။ စာနယ်ဇင်းကာတွန်းများ၊ ရုပ်ပြကာတွန်းစာအုပ်များ ရေးဆွဲခဲ့သည်။ ထင်ရှားသောကာတွန်းဇာတ်ကောင်များမှာ ဗန်ဗန်၊ လင်ထိပ်ပြောင်၊ ဒူလာမြား၊ ကျွဲဘီလူး၊ မောင် တို့ ဖြစ်သည်။ (၂၀ဝ၀)ပြည့်နှစ်၊ မေလ(၁၂)ရက်နေ့တွင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကာတွန်းဝင်းအောင် စီစဉ်သည့် မြန်မာကာတွန်းပေါင်းချုပ်