အမရပူရဝက်သားဟင်းလေးချက်

ဝီကီပီးဒီးယား မှ

ရှေးအစဉ်အဆက်က ချက်ပြုတ်လာသော အမရပူရဝက်သားဟင်းလေးချက်နည်းကို အမရပူရမြို့နယ်၊ သရက်တန်းရွာ တစ်ရွာတည်းသာ ထိန်းသိမ်းချက်ပြုတ်လေ့ ရှိရာ ဟင်းအရသာ ကောင်းမွန်သည့်အတွက် အခြားနယ်များကပါ ဟင်းချက်နည်းကို မှတ်သားချက်ပြုတ်ကြတော့သည်။

အမရပူရဟင်းလေးချက်မှာ ကသည်းလူမျိုးများ ချက်ပြုတ်သည့် နည်းဖြစ်ပြီး ကသည်းလူမျိုးများ၏ အဆက်အနွယ်များမှာ အမရပူရမြို့နယ်္၊ ရေကြည်ပေါက်ရွာနှင့် အနီးတဝိုက်ရွာများတွင် နေထိုင်လျက်ရှိပြီး ကသည်းရိုးရာ အယူအဆများကို ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

ကသည်းရိုးရာ အမရပူရဝက်သားဟင်းလေးချက်မှာ ရှေးခေတ်က ရှင်ဘုရင်အား ချက်ပြုတ်ပေးရသည့် ဆေးဘက်ဝင် ဟင်းချက်နည်း ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ (၁၉.၆.၂၀၁၈) စာ-၁၉