ကလေးငြိမ်းချမ်းရေးအမှတ်တရရုပ်တု

ဝီကီပီးဒီးယား မှ
ကလေးငြိမ်းချမ်းရေးအမှတ်တရရုပ်တု
ကလေးငြိမ်းချမ်းရေးအမှတ်တရရုပ်တု
အမျိုးအစားစစ်နှင့် နျူကလီးယားကြောင့် သေဆုံးခဲ့ရသူများအတွက် အမှတ်တရရုပ်တု
တည်နေရာဟီရိုရှီးမား၊ ဂျပန်
ကိုဩဒိနိတ်34°23′39″N 132°27′10″E / 34.39414°N 132.45277°E / 34.39414; 132.45277ကိုဩဒိနိတ်: 34°23′39″N 132°27′10″E / 34.39414°N 132.45277°E / 34.39414; 132.45277
ဖန်တီး၁၉၅၈ ခုနှစ်၊ မေလ ၅ ရက်
လက်ရှိ အခြေအနေOpen all year
ဝက်ဘ်ဆိုက်ဒ်Hiroshima Peace Memorial Park

ကလေးငြိမ်းချမ်းရေးအမှတ်တရရုပ်တု (原爆の子の像, Genbaku no Ko no Zō, lit. "Atomic Bomb Children Statue") သည် ဟီရိုရှီးမားအက်တမ်ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် Sadako Sasaki နှင့် ကလေးငယ်ထောင်ပေါင်းများစွာအတွက် အထိမ်းအမှတ် ငြိမ်းချမ်းရေးရုပ်တု ဖြစ်သည်။ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် တည်ရှိသည်။ Sadako Sasaki သည် ငယ်ရွယ်သည့် အမျိုးသမီးကလေးငယ်တစ်ဦးဖြစ်ပြီး ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ကြဲချခဲ့သည့် အက်တမ်ဗုံး၏ ဓာတ်ရောင်ခြည်ကြောင့် သွေးကင်ဆာ leukemia ဖြစ်ကာ သေဆုံးခဲ့ရသည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

အမှတ်တရရုပ်တု အပြင်ဘက်တွင် ချိတ်ဆွဲထားသည့် စက္ကူကြိုးကြာငှက်ရုပ်များ

ဤအမှတ်တရရုပ်တုသည် ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ရှိ ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပန်းခြံတွင် တည်ရှိသည်။ နိုင်ငံသား ပညာရှင်နှစ်ဦးဖြစ်သည့် Kazuo Kikuchi နှင့် Kiyoshi Ikebe တို့က ဒီဇီုင်းဆွဲခဲ့သည်။ Sadako Sasaki ၏ အတန်းဖော်များအပါအဝင် ဂျပန်ကျောင်းသားများ၏ ရန်ပုံငွေအစီအစဉ်မှ ရရှိလာသည့် ငွေဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရုပ်တုကိုလည်း "အက်တမ်ဗုံးကလေးငယ်များ" ဟု ခေါင်းစဉ်ပေးခဲ့သည်။ ရုပ်တုကို ဂျပန်ကလေးငယ်များနေ့အားလပ်ရပ်ဖြစ်သည့် ၁၀၅၈ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ Sadako Sasaki သည် အက်တမ်ဗုံး၏ ဓာတ်ရောင်ခြည်သင့်မှုဖြင့် သေဆုံးခဲ့ရသည်။ သူမအား အမှတ်တရဖြစ်စေရန်အတွက် ရုပ်တု၏ ဦးခေါင်းထိပ်တွင် နန်းကြိုးဖြင့် ပြုလုပ်ထားသည့် ကြိုးကြာငှက်ရုပ်ကို လက်ဖြင့် ကိုင်ထားဟန် ရုပ်တုကို ပြုလုပ်ထားသည်။ သူမ မဆုံးပါးမီတွင် ကြိုးကြာငှက်ရုပ် တစ်ထောင်ဖန်တီးရန် ဆန္ဒရှိခဲ့သည်။ ဂျပန်ရိုးရာတွင် ကြိုးကြာငှက်ရုပ် တစ်ထောင်ပြုလုပ်သူသည် ဆန္ဒတစ်ခု ပြည့်ဝသည်ဟု ယုံကြည်မှု ရှိသည်။ Sadako ၏ ဆန္ဒမှာ ဤကမ္ဘာအား နျူကလီးယားလက်နက်မှ ကင်းစင်လိုခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ ထောင်နဲ့ချီသည့် ကြိုးကြားငှက်ရုပ်များ ပြလုပ်ကာ အမှတ်တရရုပ်တုဆီသို့ လှူဒါန်းကြသည်။ ငှက်ရုပ်များကို ပြုလုပ်သည့် ကလေးငယ်များနှင့် အမှတ်တရနေရာသို့ လာရောက်ကာ လည်ပတ်ကြသည့် ဤကမ္ဘာကြီးအား နျူကလီးယားကင်းစင်သည့် ကမ္ဘာတစ်ခုအဖြစ် ဆန္ဒရှိကြသည်။ ငှက်ရုပ်ပေါင်း တစ်ထောင်အောက်ခန့် ခေါက်ပြီးနောက် သွေးကင်ဆာ leukemia ရောဂါဖြင့် သေဆုံးသွားခဲ့သည့် Sadako ၏ ရုပ်တုတွင် ချိတ်ဆွဲထားကြသည်။ ၁၉၅၅ ခုနှစ်၊ ဩဂုတ်လတွင် ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပြတိုက်တွင် ပြသခဲ့သည်။ ဆဒခို Sadako သည် သူမ၏ ရည်ရွယ်ရင်းပန်းတိုင်ပြည့်ခဲ့ပြီး ငှက်ရုပ်များကို ဆက်လက်ကာ ခေါက်နေခဲ့သည်။ ကံမကောင်းစွာဖြင့်ပင် ဗုံး၏ ရောင်ခြည်သင့်မှုဖြင့် သွေးကင်ဆာဖြင့် ၁၉၅၅ ခုနှစ်၊ အောက်တိုဘာ ၂၅ တွင် ဆုံးပါးခဲ့သည်။

အမှတ်တရရုပ်တု[ပြင်ဆင်ရန်]

ကလေးငြိမ်းချမ်းရေးအမှတ်တရရုပ်တု၏ အောက်ရှိ ခေါင်းလောင်း

အမှတ်တရရုပ်တု၏ အောက်တွင် ကြေးနီဖြင့် ပြုလုပ်ထားသည့် ကြိုးကြာငှက်ရုပ် ရှိသည်။ ငြိမ်းချမ်းရေး ခေါင်းလောင်းကို တီးခတ်လိုက်သည့်အခါတွင် ခေါင်းလောင်းမှ ငှက်ရုပ်ကလေးအား ချိတ်ဆက်ထားပြီး ကြိုးကြာငှက်ရုပ်ကလေးမှ ချူသံထွက်အောင် ပြုလုပ်ထားသည်။ ၎င်းအစိတ်အပိုင်းနှစ်ခုကို နိုဘယ်ဆုရ ဟိဒဲကိ ယုကဝ Hideki Yukawa က လှူဒါန်းထားသည်။


ဤရုပ်တု၏ အောက်ခြေတွင် အနက်ရောင် ကျောက်ပြား၌ ဂျပန်ဘာသာစကားဖြင့် အောက်ပါစာသားကို ရေးထိုးထားသည်။

これはぼくらの叫びです これは私たちの祈りです 世界に平和をきずくための
(Kore wa bokura no sakebi desu. Kore wa watashitachi no inori desu. Sekai ni heiwa o kizuku tame no).
"ဒါက ငါတို့ရဲ့ မျက်ရည်၊ ဒါက ငါတို့ရဲ့ ဆုတောင်း၊ ကမ္ဘာမြေကြီးငြိမ်းချမ်းရေး တည်ဆောက်ရန်"

ရုပ်တု၏ ဘေးပတ်လည်တွင် ဆဒခို Sadako နှင့် ဟီရိုရှီးမား ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် အခြားသူများကို ကိုယ်စားပြုကာ နတ်ရုပ်များ တည်ရှိသည်။

ယနေ့ကာလတွင် ကမ္ဘာတဝှမ်းရှိ လူများသည် ဆဒခိုနှင့် အခြားသူများအတွက် ကြိုးကြာငှက်ရုပ်များကို ပြုလုပ်ကာ လှူဒါန်းကြသည်။ စက္ကူကြိုးကြာများသည် သူမ၏ နောက်ဆုံးဆန္ဒဖြစ်သည့် "ငြိမ်းချမ်းရေး" ၏ သင်္ကေတ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]