ကလေးကျန်းမာပညာ

ဝီကီပီးဒီးယား မှ
(ကလေးကျန်းမာပညာဌာန မှ ပြန်ညွှန်းထားသည်)

ကလေးကျန်းမာပညာ ဘာသာရပ်သည် မွေးကင်းစမှစ၍ ကလေးသူငယ်များ၊ ဆယ်ကျော်သက်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့တွင် ဖြစ်ပွားသော ရောဂါများကို ကာကွယ်ကုသသည့် ဆေးပညာအထူးပြုဘာသာရပ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် မွေးကင်းစမှ အသက် ၁၃ နှစ်အရွယ်အထိဆယ်ကျော်သက်များကို ကလေးကျန်းမာပညာ၏ ပြုစုကုသမှုအောက်တွင် ထားရှိသည် (အင်္ဂလန်နိုင်ငံတွင် ၁၈ နှစ်အထိ[၁])။ ကလေးကျန်းမာပညာအထူးကုဆရာဝန်များကို ကလေးအထူးကုဆရာဝန် ဟု ခေါ်သည်။

မြန်မာနိုင်ငံ ဆေးပညာသင်ကြားရေးတွင် ကလေးကျန်းမာပညာကို ဆေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်း နောက်ဆုံးနှစ်အပိုင်း (က) နှင့် နောက်ဆုံးနှစ်အပိုင်း (ခ) တို့တွင်သင်ကြားသည်။ ကလေးအထူးကုဆရာဝန်များ မွေးထုတ်ရန်အတွက် ဆေးပညာမဟာသိပ္ပံ (ကလေးကျန်းမာပညာ) ဘွဲ့ ၃ နှစ်သင်တန်း၊ ဆေးလက်တွေ့ပါရဂူ (ကလေးကျန်းမာပညာ) ဘွဲ့ ၃ နှစ်သင်တန်း၊ ဆေးလက်တွေ့ပါရဂူ (မွေးကင်းစဆေးပညာ) ဘွဲ့ ၃ နှစ်သင်တန်းများကို ဆေးတက္ကသိုလ်များတွင် သင်ကြားလျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 13 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 December 2020 တွင် ပြန်စစ်ပြီး။