ကရုန်ထိုင်းဘဏ်

ကရုန်ထိုင်းဘဏ် (ထိုင်း: ธนาคารกรุงไทย) သည် တရားဝင်အမည်အားဖြင့် Krungthai Bank Public Company Limited ဖြစ်ပြီး အတိုကောက်အားဖြင့် KTB ဟု လူသိများသည်။ ကရုန်ဘဏ်သည်ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပေးသော လိုင်စင်ဖြင့် လုပ်ငန်းလည်ပတ်နေသည့် နိုင်ငံပိုင်ဘဏ်တစ်ခု ဖြစ်သည်။ ခရုန်ထိုင်းဘဏ်၏ SWIFT ကုဒ်မှာ KRTHTHBK ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကရုန်ထိုင်းဘဏ်ကို ၁၉၆၆ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အစိုးရပိုင်ဘဏ်နှစ်ခုဖြစ်သော Kaset Bank နှင့် Monton Bank တို့ကို ပေါင်းစည်းခြင်းဖြင့် စတင်တည်ထောင်ခဲ့သည်။[၁] ပေါင်းစည်းပြီးနောက် ခရုန်ထိုင်းဘဏ် ဟု အမည်ပေးခဲ့သည်။
ဘဏ်၏ အမှတ်တံဆိပ်အဖြစ် ဝါယုပက္ခငှက် (Vayupaksa bird) ၏ ရုပ်ပုံကို အသုံးပြုထားသည်။ ဝါယုပက္ခငှက်သည် လေကို အစာအဖြစ် စားသုံးသည်ဟု ယုံကြည်ကြသည့် ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုအမှတ်တံဆိပ်ကို ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အသုံးပြုထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ About KTB: Roots of Stability။ 29 December 2015 တွင် ပြန်စစ်ပြီး။
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |