ကရမက်

ဝီကီပီးဒီးယား မှ
Myoporum sandwicense
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Scrophulariaceae
မျိုးဇာတ်: Myoporeae
မျိုးစု: Myoporum
မျိုးစိတ်:
M. sandwicense
ဒွိနာမ
Myoporum sandwicense

ပုံသဏ္ဌာန် : အပင် - အပင်ကြီးမျိုး ဖြစ်သည်။ အမြင့်ပေ ၄၀ ၊ လုံးပတ် ၄-၈ ပေ ရှိသည်။ အခေါက်အညိုရောင်ပေါ်တွင် အဖြူရောင်ရောနေပြီး မာကြောသော အနှစ်ပါရှိသည်။ အသားစိုတွင် မွှေးကြိုင်သောအနံ့ လုံး၀ မရှိချေ။ သစ်တောအစိုအတွင်း ခုတ်လှဲထားပြီးနောက် ဆွေးမြည့်စေသည့် မှိုတစ်မျိုး ဝင်ရောက် စွဲကပ်လာမှသာ မွှေးကြိုင်သောအနံ့ ဖြစ်ပေါ်လာသည်။ အရွက် - ရွက်လွှဲထွက်သည်။ ရွက်ပြားကြီး၍ ထီးပုံသဏ္ဌာန် ရှိသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ရင်းဝိုင်းသည်။ အောက်မျက်နှာပြင် အရောင်ဖြူ၍ အမွေးနုရှိပြီး ရွက်ကြောထင်ရှားသည်။ အပေါ် မျက်နှာပြင်စိမ်း၍ ပြောင်ချောသည်။ အရွက်ညှာထိပ်မှ ရွက်ကြောဖြာသည်။ ရွက်နားဟိုက်၍ အတွန့်များရှိ၏။ အပွင့် - အပွင့်ရှည်လျားသည်။ ညိုဝါရောင် ရှိသည်။ ကတ္တီပါမွေးနုများပါသည်။ ပွင့်ညှာတိုသည်။ အနံ့မွှေးသည်။ အသီး - အတောင်ပါသီးဖြစ်၍ ၃-၄ လက်မခန့် ရှည်ပြီး အချင်း ၂ လက်မခန့် ရှိသည်။ အစေ့တစ်ခုတည်း သာရှိသည်။ ရင့်သောအခါ အက်ကွဲ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ် ၊ အသား။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : တနင်္သာရီ တိုင်း ၊ အမြဲစိမ်းသစ်တောတွင် သဘာ၀အလျောက် ပေါက်ရောက်၏။ ပူအိုက်စွတ်စိုသော ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသည်။ သဘာ၀အလျောက် အလေ့ကျပေါက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများအလိုအရ ခါးသက်သော အရသာရှိ၍ စဉ်းငယ် ချိုသည်၊ အေးသည် ၊ သလိပ်ကိုဖြစ်စေသည် ၊ လေကို တိုးပွားစေသည်။

အသုံးပြုပုံ- အမြစ် ၊ အသား ၁။ သွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း ၊ သောက်ခြင်းဖြင့်လည်းကောင်း ၊ သလိပ်ကြေစေပြီး နှလုံးရောဂါ ၊ ဆီးရောဂါ ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။ ၂။ သွေးလိမ်းခြင်းဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်း ပျောက်၏။

လေးဖက်နာဖြစ်က

နာကျင်သောခန္ဓာကိုယ်အနှံ့ နေ့ဘက်တွင် သနပ်ခါး နှင့် ဂွေးဒေါက်ရွက် သွေးပြီး လူးပြီးလျင် ညဘက် ကရမက် သွေး၍ စွဲ လူးပါက အရှင်းပျောက်၏ဟု မြန်မာ

တိုင်းရင်းဆေးဆရာကြီး များက ဆိုမိန့်၏ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Myoporum sandwicense"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)2009-02-04 တွင် ပြန်စစ်ပြီး
  2. http://arogyamonline.com/commodity/materials/?raw=13[လင့်ခ်သေ]