ကမ္ဘာ့ဝိပဿနာဘုရား

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 19°13′41″N 72°48′21.79″E / 19.22806°N 72.8060528°E / 19.22806; 72.8060528

ကမ္ဘာ့ဝိပဿနာဘုရား
Global Vipassana Pagoda
ကမ္ဘာ့ဝိပဿနာဘုရား၊ ၂၀၁၂ ခုနှစ်
Map
အထွေထွေ အချက်အလက်များ
အမျိုးအစားအမိုးခုံးတရားအားထုတ်ခန်းမပုံစံ
ဗိသုကာစတိုင်မြန်မာ့ယဉ်ကျေးမှုပုံစံ
တည်နေရာGorai Village, Borivali West, Mumbai
တည်ဆောက်မှု စတင်2000
ပြီးစီး2008
ဖွင့်လှစ်8 February 2009
အသေးစိတ် အချက်အလက်များ
တည်ဆောက်ပုံစနစ်Stone dome, with self-supporting interlocking stones
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်
  • Archirect. Pervez Dumasia
  • Consulting Engineer: N.R.Varma, Sompura
  • Consultant: Chandubhai Sompura
အဆောက်အအုံ အင်ဂျင်နီယာNandadeep Building Center (NPPCPL) Aurangabad M.S.

ကမ္ဘာ့ဝိပဿနာဘုရားသည် ဝိပဿနာတရားအားထုတ်မည့် ယောဂီများ ၈၀၀၀ ပတ်လည်ခန့် ဝင်ဆံ့သည့် ခန်းမပါဝင်သည့် အမိုးခုံးပုစံတည်ထာားသည့် ဘုရားတစ်ဆူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တရားအားထုတ်သည့် ခန်းမများထဲတွင် အကြီးဆုံးလည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ Maharashtra, မွန်ဘိုင်း၏ အနောက်မြောက်ဘက် Gorai ၏ အနီးတွင် တည်ရှိသည်။ Pratibha Patil ကိုယ်တိုင် ဘုရားအား ဖွင့်လှစ်ပေးခဲ့သည်။ Pratibha Patil သည် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သမ္မတဖြစ်ခဲ့သည်။[၁] Arabian ပင်လယ်နှင့် Gorai ချောင်းလက်တက်တို့အကြားရှိ ကျွန်းဆွယ်ရှိ လှူဒါန်းထားသည့် မြေပေါ်တွင် ဘုရားကို တည်ခဲ့သည်။ ဘုရားသည် ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုကို ဖော်ဆောင်သည့် အမှတ်တရလည်း ဖြစ်သည်။ ဤဘုရားသည် ဆရာကြီးဦးဘခင် (၁၈၉၉-၁၉၇၁) ကို ကျေးဇူးတင်သည့် အနေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဦးဘခင်သည် ဝိပဿနာတရားပြဆရာတစ်ဦး ဖြစ်ကာ အိန္ဒိယနိုင်ငံတွင် ဝိပဿနာတရားထွန်းကားလာမှုတွင် အရေးပါခဲ့သူ တစ်ဦးဖြစ်သည်၊ ထို့ပြင် သူသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ငွေစာရင်းအင်း အရာရှိလည်း ဖြစ်သည်။[၂]

ဘုရားအား တည်ထားကိုးကွယ်ရာတွင် စေတနာအလျောက် ပါဝင်လှူဒါန်းမှုများဖြင့် တည်ဆောက်ခဲ့သည်။ ကမ္ဘာ့ဝိပဿနာဘုရားအား တည်ထားကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်များတွင် (၁) ဝိပဿနာတရားနှင့် ပတ်သက်သည်များကို မျှဝေရန်၊ (၂) ဂေါတမဗုဒ္ဓနှင့် သူ၏ သင်ကြားပြသမှုများကို ဖြန့်ဝေရန် ဖြစ်သည်။ ဝိပဿနာတရားသည် ကမ္ဘာလုံးနှင့် သက်ဆိုင်၍ လက်တွေ့ကျသည့် အနှစ်သာရပြည့်ဝသော ဂေါတမဗုဒ္ဓ၏ ဂိုဏ်းဂဏစွဲမပါသည့် သင်ကြားပြသမှုများ ဖြစ်သည်။[၃]

ဝိပဿနာတရားလေ့ကျင့်မှုအား ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် မြန်မာနိုင်ငံအား ကျေးဇူးတင်ရှိမှုကို ဖော်ပြသည့် အနေဖြင့် ဗမာ့ဒီဇိုင်းပုံစံအတိုင်း တည်ထားသည်။ ဘုရား၏ ပုံစံသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၏ ပုံစံကို ကူးယူကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ်တစ်ထောင်ကပုံစံအတိုင်း ဖြစ်စေရန် ရှေးခတ်အိန္ဒိနှင့် ခေတ်သစ်နည်းပညာများကို ပေါင်းစပ်ကာ တည်ဆောက်ခဲ့သည်။[၄][၅]

ဖော်ပြချက်[ပြင်ဆင်ရန်]

အာရေဗျပင်လယ်မှ မြင်ကွင်း
အဓိကဝင်ပေါက်မှ ညဘက်မြင်ကွင်း

ကမ္ဘာ့ဝိပဿနာဘုရားတွင် ကမ္ဘာ့အကြီးဆုံး ကျောက်တုံးအမိုးခုံးပါဝင်ပြီး မည်သည့် တိုင်နှင့်မျှ ထောက်ကန်ထားခြင်း မရှိပေ။ အမိုးခုံး၏ အမြင့်သည် ခန့်မှန်းခြေ ၂၉ မီတာ ရှိပြီး၊ အဆောက်အဦး၏ အမြင့်သည် ၉၆.၁၂ မီတာ ရှိသည်။ ဤအမိုးခုံးအမြင့်သည် ယခင်က အကြီးဆုံး အခေါင်းပေါက်ကျောက်တုံးရုပ်တု အိန္ဒိယနိုင်ငံ၊ Bijapur တွင် တည်ရှိသည့် ဟောင်းလောင်းပေါက်ပုံစံ ရှိသည့် Gol Gumbaz အမိုးခုံးထက် နှစ်ဆကြီးမားသည်။ ဘုရား၏ အပြင်ဘက် အကြီးဆုံးအပိုင်း၏ အချင်းသည် ၉၇.၄၆ မီတာ ရှိကာ အသေးစိတ် အပိုင်း၏ အချင်းသည် ၉၄.၈၂ မီတာ ရှိသည်။ အတွင်းပိုင်း အချင်းသည် ၈၅.၁၅ မီတာ ရှိသည်။[၆] ဘုရား၏ အတွင်းပိုင်းသည် တရားအားထုတ်သည့် ခန်းမအဖြစ် ပြုလုပ်ထားကာ အကျယ်အဝန်းသည် ၆၀၀၀ စတုရန်းမီတာ (၆၅၀၀၀ စတုရန်းပေ) ရှိသည်။ အတွင်းပိုင်းရှိ တရာအားထုတ်ရာနေရာသည် လူဦးရေ ၈၀၀၀ ကျော် ဝင်ဆံ့ကာ ဆရာကြီးဦးဂိုအင်ကာက ဂိုဏ်းဂဏအစွဲမရှိသည့် ဝိပဿနာတရား အားထုတ်ရာနေရာ” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယခုလက်ရှိကာလတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဝိပဿနာတရားများကို ဤဘုရားတွင် အားထုတ်လျက် ရှိကြသည်။ ဘုရား၌ တစ်ရက်တာ ဝိပဿနာတရားစခန်းဖွင့်ပွဲကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ကာ ဦးဂိုအင်ကာသည် တရားပြဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။

ဆယ်ရက်ကြာဝိပဿနာတရားစခန်းကို Dhamma Pattana တရားစင်တာတွင် အခမဲ့ ပြုလုပ်ခဲ့သည်။ Dhamma Pattana တရားစင်တာသည် ကမ္ဘာ့ဝိပဿနာဘုရားအဆောက်အဦ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။[၇]

နေဝင်ချိန်တွင် Gorai ချောင်းမှ ဘုရားအား ဖူးမြင်ရပုံ

တည်ဆောက်မှုသမိုင်း[ပြင်ဆင်ရန်]

အချိန်ကာလ[ပြင်ဆင်ရန်]

ဘုရားအား တည်ဆောက်နေစဉ် မြင်ရပုံ
ဘုရားအတွင်းတရားအားထုတ်သူများကို မြင်ရပုံ

ဘုရားအား တည်ဆောက်မှုအစီအစဉ်များကို ၁၉၉၇ ခုနှစ်တွင် စတင်ခဲ့သည်။ လက်တွေ့တည်ဆောက်မှုများကိုမူ ၂၀၀၀ ခုနှစ်တွင် စတင်ခဲ့သည်။ ဘုရားတွင် အမိုးခုံးအခွဲ သုံးခု ပါဝင်သည်။ ပထမဆုံးနှင့် အကြီးဆုံးဖြစ်သည့် အမိုးခုံးသည် ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ပြီးခဲ့ကာ ဂေါတမဗုဒ္ဓ၏ အရိုးဓာတ်တော်ကို ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အလယ်ဗဟိုရှိ သော့ပိတ်ထားသည့် ကျောက်တုံးတွင် ဌာပနာခဲ့သည်။ ၎င်းကို မြတ်စွာဘုရား၏ ဓာတ်တော်ပါဝင်သည့် ကမ္ဘာ့အကြီးဆုံး အဆောက်အဦးအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်တော်များသည် အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒစ်၊ Guntur ခရိုင်၊ Bhattiprolu တွင် ရှိသည့် စေတီတော်မှ မူလက ရရှိခဲ့ခြင်း ဖြစ်သည်။[၈] ၎င်းတို့ကို သီရိလင်္ကာဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံရှိ မဟာဗောဓိအဖွဲ့တို့မှ ကမ္ဘာ့ဝိပဿနာဘုရားသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။[၉][၁၀] ဒုတိယနှင့် တတိယ အမိုးခုံးကို ပထမအမိုးခုံး၏ အထက်တွင် ထားရှိသည်။ တည်ဆောက်မှုအရ တတိယအမိုးခုံး တည်ဆောက်မှုသည် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြီးစီးခဲ့သည်။

ဤကမ္ဘာ့ဝိပဿနာဘုရားသည် ထူးခြားဆန်းသစ်မှုရှိသည့် အဆောက်အဦးတစ်ခု ဖြစ်သည်။ ဂေါတမဗုဒ္ဓ၏ ဂိုဏ်းဂဏစွဲမပါသည့် သင်ကြားပြသမှုနှင့် ဘဝသမိုင်းကို ထင်ယောင်စေသည့် ပြတိုက်တစ်ခုပါဝင်သည်။ ကမ္ဘာ့ဝိပဿနာဘုရား၏ ပညာရေးပြသမှုများသည် စစ်မှန်သည့် ငြိမ်းအေးမှု (နိဗ္ဗာန်) သို့ သွားရာလမ်းကြောင်းဖြစ်သည့် ဝိပဿနာအကျင့်မြတ်ကို သင်ကြားပြုသပေးရာ နေရာလည်း ဖြစ်သည်။

ကမ္ဘာ့ဝိပဿနာဘုရား အဆောက်အဦးတွင် အောက်ပါနေရာများ ပါဝင်ကြသည်။

  • ဘုရား၏ အမိုးခုံးသည် ဗုဒ္ဓ၏ ဓာတ်တော်များ ဌာပနာထားသည်။ ကမ္ဘာ့ပေါ်ရှိ တရားအားထုတ်ရာခန်းမများထဲတွင် အကြီးဆုံး ဖြစ်သည်။ ဝိပဿနာတရားအားထုတ်သူ ၈၀၀၀ ပတ်လည် ဝင်ဆံ့သည် တရားအားထုတ်ရာခန်းမကို ဘုရား၏ ကြီးမားလှသည့် အမိုးခုံးက ဝန်းပတ်ခြုံလွှမ်းထားပြီး ထောက်တိုင်နည်းသည့် တည်ဆောက်သည့်ပုံစံ ဖြသည်။
  • ဝိပဿနာတရားစင်တာ Dhamma Pattana
  • ဗုဒ္ဓ၏ ဘဝဖြစ်စဉ်သမိုင်းကို ပြသထားသည့် ပြတိုက် တည်ရှိသည်။
  • တောင်ဘက်နှင့် မြောက်ဘက်တို့တွင် သေးငယ်သည့် ဘုရားနှစ်ဆူ တည်ရှိသည်။
  • စာကြည့်တိုက်နှင့် လေ့လာရန်အခန်းများ တည်ရှိသည်။
  • အမိုးခုံးပတ်လည်ကို သွားရာလမ်း တည်ရှိသည်။
  • အုပ်ချုပ်ရေးအဆောက်အဦး
  • အထပ်များစွာ ပါဝင်သည့် ကားရပ်နားရာနေရာ
  • ဝိပဿနာတရားစူးစမ်းမှုရုံးခန်းနှင့် ပါဠိလေ့လာမှုအစီအစဉ်အတွက် ပံ့ပိုးမှု
  • ဝိပဿနာတရားအားထုတ်သူများအတွက် Dhammalaya ဧည့်ရိပ်သာ

တောင်ဘက်ရှိ ဘုရားတွင် ဝိပဿနာတရားအားထုတ်သူသင်တန်းသားများအတွက် အသုံးပြုနိုင်ရန် တရားအားထုတ်သည့် စင်တာနှင့် ကပ်လျက်တွင် တရားအားထုတ်ခန်းငယ် ၁၀၈ ခန်းပါဝင်သည်။

တည်ဆောက်ရေး ပစ္စည်းများ[ပြင်ဆင်ရန်]

အမိုးခုံး၏ အောက်ခြေသည် မီးသင့်ကျောက်ပါဝင်ကာ တည်ဆောက်ထားသည်။ အမိုးခုံးကို Rajasthan မှ ဝယ်ယူသည့် သဲကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ သဲကျောက်တုံးများသည် ၆၀၀ ကီလိုဂရမ်မှ ၇၀၀ ကီလိုဂရမ်အထိ အသီးအသီး အလေးချိန် ရှိကြသည်။ တမူထူးခြားသည့် ဒီဇိုင်းဖြင့် အုတ်များကို ကပ်နေအောင်ထားကာ ဆောက်လုပ်ထားသည်။ အုတ်ခဲ တစ်ခုချင်းစီကိုလည်း နီးစပ်ရာတစ်ခုချင်းစီနှင့် ပြုတ်မထွက်သွားအောင် ချိတ်ဆက်ထားသည်။ ကြားထဲရှိ နေရာလွတ်များတွင် ထုံးအင်္ဂတေကို ထည့်ကာ လောင်းထားသည်။ ဘုရားကို ပတ်သည့် သွားရာလမ်းကြောင်းကို စကျင်ကျောက် ခင်းထားသည်။

ဘုရား၏ အထွတ်ကို သလင်းကျောက်ဖြင့် စီခြယ်ထားသည်။ ဘုရား၏ ခေါင်ထိပ်အပိုင်းကို ရွှေအစစ်ဖြင့် သုတ်လိမ်းထားသည်။ ကျန်ရှိနေသည့်အပိုင်းကို ရွှေရောင်သုတ်ဆေးဖြင့် သုတ်လိမ်းထားသည်။ ထိပ်ခေါင်ပိုင်းရှိ ထီးတော်ကို မြန်မာနိုင်ငံမှ လှူဒါန်းထားသည်။ စေတီတော်၏ အဓိကတံခါးပေါက်များသည် သစ်သားဖြင့် ပြုလုပ်ထားကာ မြန်မာနိုင်ငံတွင် လက်ဖြင့် ထွင်းထုထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Global Vipassana Pagoda inaugurated in MumbaiDNA (8 February 2009)။ 2009-02-08 တွင် ပြန်စစ်ပြီး။
  2. http://www.vridhamma.org/en2005-08
  3. Archived copy။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 April 2017 တွင် ပြန်စစ်ပြီး။
  4. Global Stone Technology Forum။ 2009-05-19 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. Global Vipassana Pagoda inaugurated in MumbaiDNA (8 February 2009)။ 9 June 2013 တွင် ပြန်စစ်ပြီး။
  6. Salient Features – Global Pagoda website။ 13 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-02-12 တွင် ပြန်စစ်ပြီး။
  7. Dhamma Pattana Vipassana Centre website။ 2009-02-08 တွင် ပြန်စစ်ပြီး။
  8. Concept and Planning of Global Vipassana Pagoda | Global Vipassana Pagoda. Globalpagoda.org. Retrieved on 2013-12-06.
  9. Goenka, S.N. (2007). For The Benefit Of Many. Vipassana Research Institute. ISBN 81-7414-230-4
  10. Goenka, S.N. (2006). Vipassana: The Practical Path to Unity in Diversity. Global Vipassana Foundation.