မာတိကာသို့ ခုန်သွားရန်

ရှင်ပုညဓဇ

ဝီကီပီးဒီးယား မှ
(ကန်သာယာဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ပုညဓဇ (၁၂၄၆ - ၁၃၁၄) သည် “ကန်သာယာဆရာတော်” ဟု သိကြသည့် ကျမ်းပြုဆရာတော် ဖြစ်သည်။ []

ဆရာတော်ကို ၁၂၄၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ကြာသပတေးနေ့တွင် သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဖွားမြင်ခဲ့သည်။ မိဘတို့မှာ ဘိုးလှပေါ် - ရှင်ပိုးခေါင် ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ မောင်ဘိုးအံ့ ဖြစ်သည်။ မိဘများသည် ကျောက်ဆောင်စမ်းရွာမှ ပြည်ခရိုင်၊ မှော်ဇာမြို့အနီး ကင်ပွန်းခြုံရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ []

သာမဏေဝတ်ခြင်း

[ပြင်ဆင်ရန်]

မောင်ဘိုးအံ့သည် ဆင်တဲဆရာတော် ရှင်ဝိမလသီတင်းသုံးသည့် မှော်ဇာမြို့၊ ကျောက်ကာသိမ်ကုန်းကျောင်းတွင် “ရှင်ပုည” ဟူသည့် ဘွဲ့ဖြင့် သာမဏေ ဝတ်ခဲ့သည်။ []

ရဟန်းပြုခြင်း

[ပြင်ဆင်ရန်]

အရွယ်ရောက်သည့်အခါ ဆင်တဲဆရာတော်၏ တပည့်ကြီး သဲကုန်းဆရာတော် ရှင်ပဏ္ဍိတကို ဥပဇ္ဈာယ်ပြု၍ မိဘများက ဒါယကာခံပြီး “ရှင်ပုညဓဇ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ထို့နောက်တွင် ဆင်တဲဆရာတော်၏ အလုပ်အကျွေးပစ္ဆာသမဏအဖြစ် ဝတ်ကြီးဝတ်ငယ်ကို ပြုစုကာ ပညာများ ဆည်းပူးခဲ့သည်။

ဆင်တဲဆရာတော်အပြင် ရှင်ရေဝတ၊ ရှင်ဇမ္ဗုဓဇ စသည့် စာချဘုန်းကြီးများထံတွင်လည်း ပညာများ ဆက်လက် ဆည်းပူးခဲ့သည်။ ထို့နောက် မန္တလေးမြို့၊ မိုးကောင်းတိုက်ဆရာတော် ရှင်မုနိန္ဒထံတွင် ပညာဆက်လက်ဆည်းပူး၍ ရဟန်း ၇ ဝါအရတွင် ၎င်းကျောင်းတိုက် လွှထောင်ကျောင်း၌ စာပေများ ပို့ချခဲ့သည်။ နောင်အခါတွင် ပြည်ခရိုင် ပေါင်းတလည်အပိုင် ဘမြင်ရွာ၊ မှော်ဇာမြို့ စသည်တို့၌ တပည့်များကို ပရိယတ္တိပို့ချခဲ့သည်။

ပြည်မြို့ ကန်ဦးတိုက် အဂ္ဂမဟာပဏ္ဍိတကန်ဦးဆရာတော်က စာချအဖြစ် ပင့်သော်လည်း ကျန်းမာရေး ချို့ယွင်းသဖြင့် မကြွနိုင်တော့ဘဲ မှော်ဇာမြို့အနီး ကန်သာယာတောရမှာပင် ဆက်လက်ကာ သီတင်းသုံဂးတော်မူခဲ့သည်။

ဆရာတော်သည် ဝိနည်းသိက္ခာကို အထူးစောင့်ရှောက်သည့် ဆရာတော်ဟု ကျော်ကြားသည်။ []

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ []

ကျမ်းများ ပြုစုခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုခဲ့သည်။

၁။ အဘိဓမ္မတ္ထသင်္ဂဟပဠုန်ပျံပါဌ်၊

၂။ သီမာဗန္ဓနစာတမ်း၊

၃။ သံဒိဋ္ဌလင်္ကာစကားပြေ၊

၄။ ဝါစ္စဝါစကဋီကာနိသျ။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၆၊ ၁၆၇။