မာတိကာသို့ ခုန်သွားရန်

ကန္ဒလိပုပ္ဖိယ

ဝီကီပီးဒီးယား မှ

အရှင်ကန္ဒလိပုပ္ဖိယထေရ်[] နှင့်ပတ်သက်သော အကြောင်းအရာများကို အပဒါန်ပါဠိတော်[]တွင် တွေ့ရှိနိုင်သည်။ []

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

အရှင်ကန္ဒလိပုပ္ဖိယထေရ်လောင်းသည် သိန္ဓုမြစ်ကမ်း၌ လယ်သမားဖြစ်ခဲ့သည်။ သူတစ်ပါးအလုပ်ကို လုပ်ကိုင်၍ သူတစ်ပါး၏ ထမင်းကို စားခဲ့ရသည်။ သိန္ဓုမြစ်ကို လှည့်လည်စဉ် သမာဓိဖြင့် သီတင်းသုံးတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ဖူးမြင်ရသည်။

ပန်းပူဇော်ခြင်း

[ပြင်ဆင်ရန်]

ထိုအခါ ကန္ဒလိပန်း (သစ္စာပန်း) ခုနစ်ပွင့်ကို အညှာမှ ဖြတ်၍ မြတ်စွာဘုရား၏ ဦးထိပ်၌ တင်လှူပူဇော်ခဲ့သည်။ ထို့နောက် မြစ်ကမ်း၌ နေတော်မူသော တည်ကြည်သော သမာဓိ၊ ရင့်ကျက်သော ပညာရှိတော်မူသော၊ ဣန္ဒြေတို့ကို ပွားစေတော်မူပြီးသော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ လက်အုပ်ချီပြီး ရှိခိုးခဲ့သည်။

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးဘုံသို့ လားရောက်ခြင်းကို မသိခဲ့ရပေ။

ဂေါတမမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ ပဋိသမ္ဘိဒါလေးပါးဝိမောက္ခရှစ်ပါး နှင့် အဘိညာဉ်ခြောက်ပါးတို့ကို မျက်မှောက်ပြုကာ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

[ပြင်ဆင်ရန်]

ဤဝတ္ထုသည် သဒ္ဓါစိတ်ဖြင့် ပြုလုပ်သော ပူဇော်မှု၏ အကျိုးကျေးဇူးကို ဖော်ပြထားသည်။ သေးငယ်သော အလှူဒါနပင်လျှင် ဘဝအဆက်ဆက် ကောင်းကျိုးချမ်းသာကို ခံစားစေနိုင်ပြီး နောက်ဆုံးဘဝတွင် ကိလေသာမှ လွတ်မြောက်ကာ နိဗ္ဗာန်သို့ ရောက်ရှိစေနိုင်ကြောင်း သွန်သင်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ထေရာပဒါန်ပါဠိတော်, အာရက္ခဒါယကဝဂ်
  2. (အပ၊၁၊၂၉၃)
  3. ပိဋကတ်ဝတ္ထုလမ်းညွှန်