မာတိကာသို့ ခုန်သွားရန်

ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲလ်

ဝီကီပီးဒီးယား မှ
A screenshot of Manjaro linux running the Cinnamon desktop environmentFirefox accessing Wikipedia which uses MediaWikiLibreOffice WriterVimGNOME CalculatorVLC နှင့် Nemo ဖိုင်မန်နေဂျာ၊ ၎င်းတို့အားလုံးသည် ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲလ်များ ဖြစ်ကြသည်။

ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲလ် သို့မဟုတ် အိုအက်စ်အက်စ် (အင်္ဂလိပ်: OSS) သည် မူပိုင်ခွင့်ကိုင်ဆောင်ထားသူမှ အသုံးပြုသူများအား အသုံးပြုခွင့်၊ လေ့လာခွင့်၊ ပြောင်းလဲခွင့်၊ ဆော့ဖ်ဝဲလ်နှင့် ၎င်း၏အရင်းအမြစ်ကုဒ်ကို မည်သူနှင့်မဆို မည်သည့်ရည်ရွယ်ချက်အတွက်ဖြစ်စေ (ဥပမာ၊ ကိုယ်ပိုင်သုံးသော်လည်းကောင်း၊ ကုမ္ပဏီသုံးသော်လည်းကောင်း) ဖြန့်ဝေခွင့်ပြုသည့် လိုင်စင်တစ်ခုအောက်တွင် ထုတ်ဝေထားသော ကွန်ပျူတာဆော့ဖ်ဝဲဖြစ်သည်။[][]

ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲလ်ကို အများအားဖြင့် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုဖြင့် တီထွင်ဖန်တီးလေ့ရှိသော်လည်း၊ မူပိုင် ကန့်သတ် ဆောဖ့်ဝဲလ်များကို လူထုလက်ထဲသို့ ဖွင့်ချ လွတ်လပ်ခွင့်ပြုရာမှ ဖြစ်လာသည်လည်းရှိတတ်ပေသည်။ ကန့်သတ်မဲ့ရင်းမြစ် ဆော့ဖ်ဝဲလ်သည် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှု (open collaboration)၏ ထင်ရှားသော ဥပမာတစ်ခုဖြစ်ပြီး၊ ဆိုလိုသည်မှာ စွမ်းရည်ရှိသော အသုံးပြုသူ မည်သူမဆို ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အွန်လိုင်း အသုံးပြု ပါဝင်နိုင်သည့်အတွက် ပံ့ပိုးကူညီသူအရေအတွက်ကို အကန့်အသတ်မရှိ ဖြစ်စေပါသည်။ လူအများမှ ရင်းမြစ်ကုဒ်ကို ဆန်းစစ်နိုင်မှုရှိခြင်းသည် ဆော့ဖ်ဝဲလ်အပေါ် အများသူငှာယုံကြည် လက်ခံသုံးစွဲမှု ရှိလာစေရန် အထောက်အကူပေးသည်။[]

အဓိပ္ပါယ်ဖွင့်ဆိုချက်

[ပြင်ဆင်ရန်]
ကန့်သတ်မဲ့ ရင်းမြစ် ရှေ့ဆောင်အဖွဲ့ကြီး၏ တံဆိပ်

ကန့်သတ်မဲ့ ရင်းမြစ် ရှေ့ဆောင်အဖွဲ့ကြီး (Open Source Initiative) သို့မဟုတ် အတိုကောက် အိုအက်စ်အိုင် (OSI)ဟုခေါ်သော အဖွဲ့ကြီး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နိုင်ငံတကာ[]တွင် အစိုးရအများအပြားမှ စံနှုန်းအဖြစ်အသုံးပြုသော ဖွင့်ဆိုချက် သို့မဟုတ် လက်တွေ့သဘောအရ မှန်ကန်သောအဓိပ္ပါယ်ဖွင့်ဆိုချက်အဖြစ် မှတ်ယူထားကြသည်။ အိုအက်စ်အိုင်မှ ဆော့ဖ်ဝဲလ်လိုင်စင်တစ်ခုကို ကန့်သတ်မဲ့ရင်းမြစ်ဟု ယူဆနိုင်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ကန့်သတ်မဲ့ ရင်းမြစ်အဓိပ္ပါယ် ဖွင့်ဆိုချက်ကြီး (The Open Source Definition) သို့မဟုတ် အတိုကောက် အိုအက်စ်ဒီ(OSD)ဟုခေါ်သော ဖွင့်ဆိုချက်ကြီးကို အသုံးပြုသည်။ ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ဒယ်ဘီယံ၏ လွတ်လပ်သော ဆော့ဖ်ဝဲလ် လမ်းညွှန်(Debian Free Software Guidelines) ပေါ်တွင် အခြေခံထားပြီး၊ ပဲရန်း(Perens) မှ အဓိကအားဖြင့် ရေးသားပြီး အိုအက်စ်အိုင်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ရေးသားထားခြင်း ဖြစ်သည်။[][][]

ကိုးကား

[ပြင်ဆင်ရန်]
  1. St. Laurent, Andrew M. (2008)။ Understanding Open Source and Free Software Licensing။ O'Reilly Media။ p. 4။ ISBN 978-0-596-55395-1။ 22 April 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 21 March 2023 တွင် ပြန်စစ်ပြီး
  2. Corbly, James Edward (2014-09-25). "The Free Software Alternative: Freeware, Open Source Software, and Libraries". Information Technology and Libraries 33 (3): 65. doi:10.6017/ital.v33i3.5105. ISSN 2163-5226. 
  3. "Open Collaboration for Innovation: Principles and Performance" (2013-12-30). Organization Science 25 (5): 1414–1433. doi:10.1287/orsc.2013.0872. ISSN 1047-7039. 
  4. International Authority & Recognition။ Opensource.org (21 April 2015)။ 23 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2017 တွင် ပြန်စစ်ပြီး။
  5. Perens, Bruce. Open Sources: Voices from the Open Source Revolution Archived 15 September 2014 at the Wayback Machine.. O'Reilly Media. 1999.
  6. Dibona၊ Chris; Ockman၊ Sam (January 1999)။ The Open Source Definition by Bruce Perens။ O'Reilly။ ISBN 978-1-56592-582-3
  7. The Open Source Definition (7 July 2006)။ 15 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2008 တွင် ပြန်စစ်ပြီး။, The Open Source Definition according to the Open Source Initiative