မာတိကာသို့ ခုန်သွားရန်

ကန့်သတ်မဲ့ရင်းမြစ်

ဝီကီပီးဒီးယား မှ
ကန့်သတ်မဲ့ရင်းမြစ် ရှေ့ဆောင်အဖွဲ့ကြီး (OSI)၏ တံဆိပ်

ကန့်သတ်မဲ့ရင်းမြစ်(အင်္ဂလိပ်: Open source)ဆိုသည်မှာ ပြုပြင်မွမ်းမံခြင်းနှင့် ပြန်လည်ဖြန့်ဝေခြင်းတို့ကို ခွင့်ပြုထားသော အရင်းအမြစ်ကုဒ်ဖြစ်သည်။ ကန့်သတ်မဲ့ ရင်းမြစ်၏ ရလဒ်ထုတ်ကုန်တွင် အရင်းအမြစ်ကုဒ်အား လည်းကောင်း၊[] ၎င်းနှင့် သက်ဆိုင်သောဒီဇိုင်းစာရွက်စာတမ်းများအားလည်းကောင်း၊[] သို့မဟုတ် ၎င်းထုတ်ကုန်အတွင်း ပါဝင်သည့်အရာများကိုလည်းကောင်း လွတ်လပ်စွာ အသုံးပြုခွင့် ပါဝင်သည်။ ကန့်သတ်မဲ့ ရင်းမြစ် ထုတ်လုပ်မှု မော်ဒယ်(အင်္ဂလိပ်: open source model)ဆိုသည်မှာ ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ရင်းမြစ် ဖန်တီးထုတ်လုပ်မှု ပုံစံဖြစ်သည်။[][] ကန့်သတ်မဲ့ရင်းမြစ်အခြေခံ ဆော့ဖ်ဝဲလ်ဖန်တီးထုတ်လုပ်မှု၏ အဓိကနိယာမမှာ ပါဝင်သူတိုင်း အဆင့်တူ ပူးပေါင်းဆောင်ရွက်သည့် ဖန်တီးထုတ်လုပ်မှု(အင်္ဂလိပ်: peer production)ဖြစ်ပြီး၊ ရင်းမြစ်ကုဒ်များ၊ အသေးစိတ်ပုံစံများ(အင်္ဂလိပ်: blueprints)နှင့် မှတ်တမ်းတင်စာရွက်စာတမ်းများ စသည့် ရလဒ်ထုတ်ကုန်များ (အင်္ဂလိပ်: products)ကို မည်သူမဆို လွတ်လပ်စွာ ရယူအသုံးပြုခွင့် စစ်ဆေးပြင်ဆင်ခွင့်ရှိပေသည်။ ဆော့ဖ်ဝဲလောကရှိ ကန့်သတ်မဲ့ရင်းမြစ် လှုပ်ရှားမှုသည် မူပိုင်ကန့်သတ်ရင်းမြစ် (အင်္ဂလိပ်: proprietary code)များ၏ ကန့်သတ်ချက်များကို တုံ့ပြန်မှုအဖြစ် စတင်ခဲ့သည်။ ၎င်းကန့်သတ်မဲ့ ရင်းမြစ်အခြေခံ ထုတ်လုပ်မှုမော်ဒယ်ကို ရေရှည်ခံ စွမ်းအင်သက်သာ အသေးစား နည်းပညာ ဖန်တီးမှု(အင်္ဂလိပ်: Appropriate technology)၊[] နှင့် ကုသဆေးဝါး ရှာဖွေမှု(အင်္ဂလိပ်: Drug discovery)[] ကဲ့သို့သော ပရောဂျက်များအတွက် အသုံးပြုသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. The Open Source Definition (7 July 2006)။ 2007-06-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-01-22 တွင် ပြန်စစ်ပြီး။ “Open source doesn't just mean access to the source code.”
  2. What is Open Source Software။ 2008-10-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-03-09 တွင် ပြန်စစ်ပြီး။ “Open source software differs from other software because it has a less restrictive license agreement: Instead of using a restrictive license that prevents you from modifying the program or sharing it with friends for example, sharing and modifying open source software is encouraged. Anyone who wishes to do so may distribute, modify or even create derivative works based on that source code!”
  3. "Open Collaboration for Innovation: Principles and Performance" (2013). Organization Science 25 (5): 1414–1433. doi:10.1287/orsc.2013.0872. ISSN 1047-7039. 
  4. Raymond၊ Eric S. (2001)။ The cathedral and the bazaar: musings on Linux and Open Source by an accidental revolutionary။ OReilly။ ISBN 978-0-596-00108-7[စာမျက်နှာ လိုအပ်]
  5. "The Case for Open Source Appropriate Technology" (2012). Environment, Development and Sustainability 14 (3): 425–431. doi:10.1007/s10668-012-9337-9. ISSN 1387-585X. Bibcode2012EDSus..14..425P. 
  6. Menon၊ Sreelatha။ ""Science 2.0 is here as CSIR resorts to open source drug research for TB""၊ 1 March 2009။