ကန့်ချုပ်ဖြူပင်
| Plumbago zeylanica | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| မျိုးစဉ်: | Caryophyllales |
| မျိုးရင်း: | Plumbaginaceae |
| မျိုးစု: | Plumbago |
| မျိုးစိတ်: | P. zeylanica |
| ဒွိနာမ | |
| Plumbago zeylanica | |
| Synonyms[၁] | |
|
Plumbago scandens L. | |
ပုံသဏ္ဌာန် : အပင် နှစ်ကြာခံ သစ်ပျော့ပင်မျိုးဖြစ်၍ နွယ်ယောင်ပင်ယောင်ဖြစ်သည်။ ၂ ပေမှ ၄ ပေ ထိ မြင့်သည်။ ပင်စည်ပေါ်တွင် အစင်းကြောင်းကလေးများရှိ၍ အမွေးမဲ့သည်။ အရွက် ရွက်လွှဲထွက်သည်။ ရွက်ဖျားချွန်၍ ရွက်ရင်းသို့ သွယ်ပြီး ရွက်ညှာသည် ပင်စည်ကို ကုပ်ထား၏ ။ အရွက် ၂ လက်မမှ ၃ လက်မထိရှည်သည်။ ရွက်ပြားပါး၍ ချောပြီး ရွက်နား လှိုင်းတွန့် ရှိသည်။ အပွင့် ပန်းခိုင်ရှည်လျားသည်။ အဖိုပွင့် အမပွင့် ရှိသည်။ ပန်းပွင့် အဖြူရောင်ရှိ၍ သေးသွယ်သော ပြွန်ပုံသဏ္ဌာန်ဖြစ်သည်။ အမွေးနုကလေးများတွင် တော်သလင်းလ အတွင်း ပွင့်သည်။ အသီး ငှက်တောင်ပုံသဏ္ဌာန်ရှိ၍ ထိပ်ချွန်သည်။ အသီးခွံအောက်ပိုင်း ပါးလွှာ၍ အထက်ပိုင်း မာကျောသည်။ အသီးကို တည်မြဲသော ပွင့်ချပ်ဖြင့် ဖုံးအုပ်နေ၏ ။ အသီး ရင့်မှည့်က အက်ကွဲသည်။ ဆောင်းရာသီ တွင် သီးမှည့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပင် ၊ အမြစ် ၊ အစေး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား၌ ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : မြန်မာဆေးကျမ်းများအလိုအရ အပင်သည် အစာကြေညက်စေသည်။ ခံတွင်းကောင်းစေသည်။ အမြစ်သည် လေ သလိပ် သည်းခြေတို့ကို နိုင်သည်။ အရွက်သည် ချို၏။ အနည်းငယ် ပူ၏ ။ လေသလိပ် သည်းခြေတို့ကို နိုင်သည်။ အရွက်သည် ချို၏။ အနည်းငယ် ပူ၏။ လေသလိပ်တို့ကို ကြေစေ၏။ အရသာ စပ်ရှားရှား ရှိ၏ ။ အသုံးပြုပုံ- အပင် ၁ ။ အပင်ကို ဝမ်းသွားရောဂါ ၊ ပင်လယ်အူလျှောက်ရောဂါ ၊ အစာအိမ်ရောဂါပျောက်ဆေးများ ဖော်စပ်ရာတွင် သုံးသည်။ အမြစ် ၁ ။ အမြစ်ကို သန်ချဆေး ၊ သွေးသန့်ဆေးအဖြစ် သုံးသည်။ အမြစ်သည် ဝမ်းကိုက်ရောဂါ၊ ခရုသင်းရောဂါ ၊ အဆုတ်ရောဂါ ၊ ရေဖျဉ်းရောဂါ ၊ အဆစ်အမျက်ကိုက်ရောဂါနှင့် ပွေး ၊ ဝဲနာများကို ပျောက်ကင်းစေသည်။ ၂ ။ အမြစ်ကိုကြိတ်၍ နွားနို့ ၊ ရှာလကာရည် သို့မဟုတ် ဆားရည်နှင့် နယ်ပြီး ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းစေ၏ ။ ၃ ။ အမြစ်အရည်ကို ချွေးထုတ်ဆေးအဖြစ် အသုံးပြုသည်။ ၄ ။ အမြစ်ကို အခြားဆေးများနှင့် ရောစပ်၍ အနာစားဆေးအဖြစ် အသုံးပြုသည်။ အစေး ၁ ။ နို့နှင့် တူသော အစေးကို ဝဲခြောက်နှင့် ပြည်တည်နာများ သုတ်လိမ်းလျှင် ပျောက်ကင်းစေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Plumbago zeylanica Linnaeus, Sp. Pl. 1: 151. 1753.။ Flora of North America။ eFloras.org။ 2011-06-30 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=34%5Bလင့်ခ်သေ%5D