ကနေဒါ ရော့ကီးတောင်တန်းဥယျာဉ် ကမ္ဘာ့အမွေအနှစ်နေရာ
ကနေဒါ ရော့ကီးတောင်တန်းဥယျာဉ်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ကနေဒါ |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | vii,viii |
ကိုးကား | ၃၀၄ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၄ (အဋ္ဌမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ကနေဒါ ရော့ကီးတောင်တန်းဥယျာဉ် ကမ္ဘာ့အမွေအနှစ်နေရာ သည် ကနေဒါ ရော့ကီးတောင်တန်း တွင် တည်ရှိသော ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုဖြစ်သည်။ ၎င်းတွင် တဆက်တည်းဖြစ်နေသော ဥယျာဉ် ၇ ခု ပါဝင်ပြီး ၎င်းတို့ထဲတွင် အမျိုးသားဥယျာဉ် ၄ ခုပါဝင်သည်။ အမျိုးသားဥယျာဉ်များမှာ
- ဘန်းဖ် အမျိုးသားဥယျာဉ်
- ဂျက်စပါ အမျိုးသားဥယျာဉ်
- ကူးတနေး အမျိုးသားဥယျာဉ်
- ယိုဟို အမျိုးသားဥယျာဉ်
တို့ဖြစ်ကြပြီး ဗြိတိသျှကိုလံဘီယာ၏ ခရိုင်ဥယျာဉ်များမှာ
- ဟမ်ဘာ ခရိုင်ဥယျာဉ်
- အဆင်းနဘွိုင်းတောင် ခရိုင်ဥယျာဉ်
- ရော့ဘ်ဆန်တောင် ခရိုင်ဥယျာဉ် တို့ ဖြစ်ကြသည်။
ဥယျာဉ်များတွင် တောင်ကုန်းများ၊ ရေခဲမြစ်များနှင့် ရေပူစမ်းများ ပါဝင်ပြီး မြောက်အမေရိက မြစ်များ၏ မြစ်ဖျားခံရာ ဒေသဖြစ်ကာ
- ဆက်ဆကာချီဝမ်မြစ်
- အက်သာဘတ်စကာမြစ်
- ဖရေဆာမြစ် တို့ ပါဝင်သည်။
ထိုဒေသသည် သဘာဝပတ်ဝန်းကျင် နှင့် ဇီဝဆိုင်ရာ မျိုးကွဲများ ရှိခြင်းကြောင့် ထင်ရှားသည်။ ၁၉၈၀ မှ ၁၉၈၄ အထိ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ကိုယ်ပိုင်ပါဝင်ခဲ့သော ဘားဂတ်စ် ယှေလကျောက် ဒေသလည်း အပါအဝင်ဖြစ်ပြီး ထို့နောက်တွင် ကနေဒါ ရော့ကီးတောင်တန်း အမျိုးသားဥယျာဉ် သတ်မှတ်မှုအတွင်း ထည့်သွင်းခဲ့သည်။ ref>The Burgess Shale။ Royal Ontario Museum။ 20 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 June 2012 တွင် ပြန်စစ်ပြီး။</ref>[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ World Heritage Committee: Eighth Ordinary Session။ UNESCO (1984)။ 24 June 2012 တွင် ပြန်စစ်ပြီး။