ကဏ္ဍ ဆွေးနွေးချက်:ထိုင်းနိုင်ငံ၏ ပြည်နယ်များ
အကြောင်းအရာအသစ် ထပ်ထည့်ရန်ပြည်နယ်မှ ခရိုင်သို့
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်မှုနယ်မြယ်သတ်မှတ်ချက်ကို ကြည်မယ့်ဆိုရင် မြန်မာပြန်တဲ့အခါမှာ နည်းနည်း၊ ရုပ်ထွေးပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းစဉ်လာအရ (တောင်တန်း) ပြည်နယ်များနှင့် ပြည်မ (တိုင်းဒေသ)များကို ခွဲခြားထားပါတယ်။ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်သည့်အလျောက် ပြည်နယ်များဖြင့် ဖွဲ့စည်းထားသလို သက်ရောက်ပါတယ်။ ဒါကြောင့် တော်လှန်ရေးကာလမှာ "ဗမာပြည်နယ်" ဖြစ်ပေါ်လာရေးတို့ပါတို့က စကားရှိတာပေါ့။
ထိုင်းနိုင်ငံအကြောင်းကို ပြောရမယ်ဆိုရင် သူက "တစ်ပြည်ထောင်" ဖြစ်သည်အလျောက်၊ ပြည်နယ်များနဲ့ မဖွဲ့စည်းပါဘူး။ State အစား Province ကို သုံးပါတယ်။ ဒါပေမယ့် ပြည်နယ်အဆင်လို့မျိုး Province တွေက First-level of administrative division ဖြစ်ပါတယ်။ ဆိုတော့၊ ဘယ်လို မြန်မာမူပြုရမလဲဆိုတာက မေးခွန်းအကြီးအစား ဖြစ်ပါတယ်။ မှားသည် မှန်သည်ဆိုတာထက် ရှိပြီးသား၊ ကျင့်သုံးပြီးသား (မြန်မာနိုင်ငံအစိုးရကရော) ဖြစ်တဲ့ Province ကို ခရိုင်လို့ သုံးပေးတာက ပိုမိုအဆင်ပြေပါတယ်။ ချင်းမိုင်ခရိုင်လို့ပဲ ပြောတာများပါတယ်။ ချင်းမိုင်ပြည်နယ်လို့ သုံးတာတွေ့နည်းပါလိမ့်မယ်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရော၊ ကောင်စစ်ဝန်တွေကရော ထိုင်းနိုင်ငံရဲ့ Province ကို ဖော်ပြတဲ့အခါမှာ ခရိုင်လို့ပဲ သုံးပါတယ်။ မြမာ မီဒီယာမှာရော ပြည်နယ်မဟုတ်ဘဲ၊ ခရိုင်ကို သုံးပေးပါတယ်။
Changwat - ခရိုင်
Amphoe - မြို့နယ်
Tambon - ကျေးရွားအုပ်စု
Muban - ကျေးရွာ/ရွာ လို့ သုံးပေးတာပိုမို့ ရုပ်တိဆန်ပါတယ်လို့ ဆွေးနွေးချင်ပါတယ်ခင်ဗျာ။ Salai Rungtoi (ဆွေးနွေး) ၀၈:၀၉၊ ၇ မေ ၂၀၂၅ (UTC)