ကင်မရွန်းနိုင်ငံ၏ သမ္မတ
| ကင်မရွန်းနိုင်ငံ ၏ သမ္မတ | |
|---|---|
ကင်မရွန်းနိုင်ငံ၏အမှတ်တံဆိပ် | |
| ပုံစံ | သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ |
| အမျိုးအစား | အစိုးရအဖွဲ့အကြီးအကဲ |
| သက်တမ်း | ၇ နှစ် |
| ဖွဲ့စည်းပုံ အခြေခံဥပဒေ | ကင်မရွန်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ |
ကင်မရွန်းနိုင်ငံ၏ သမ္မတ သည် ကင်မရွန်းနိုင်ငံ၏ အုပ်ချုပ်ရေး အကြီးအကဲ ဖြစ်ပြီး၊ ကင်မရွန်းအစိုးရ၏ တရားဝင် အကြီးအကဲ ဖြစ်သည်။သမ္မတသည် ကင်မရွန်း လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲတာဝန်ကိုလည်း ထမ်းဆောင်ရသည်။ နိုင်ငံတော်အာဏာကို သမ္မတနှင့် လွှတ်တော်တို့ ပူးပေါင်း၍ ကျင့်သုံးဆောင်ရွက်ကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉ ရာစုနှစ်က နိုင်ငံမြောက်ပိုင်းတွင် ဖူလာနီ စစ်သားများက အာဒါမဝါစော်ဘွားနိုင်ငံ ကို တည်ထောင်ခဲ့သည်။ နိုင်ငံအနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် အမျိုးမျိုးသော လူမျိုးစု နိုင်ငံငယ်များ ရှိခဲ့သည်။ ၎င်းနိုင်ငံငယ်များကို chiefdoms သို့မဟုတ် fondoms များဟုခေါ်ဆိုသည်။ ၁၈၈၄တွင် ဂျာမနီနိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့သည်။
ပထမကမ္ဘာစစ်ကြီးအပြီးတွင် နိုင်ငံပေါင်းချုပ် အသင်းကြီး ၏ ဆုံးဖြတ်ချက်အရ ပြင်သစ် နှင့် ဗြိတိန် တို့၏ နှစ်ပိုင်းခွဲခြမ်း သိမ်းပိုက်ခြင်းခံရသည်။ ကင်မရွန်းပြည်သူ့သမဂ္ဂပါတီက ဦးဆောင်၍ လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ၁၉၅၀ ခုနှစ် တွင် ပြင်သစ်တို့က လက်မခံသဖြင့် ပြင်သစ်နှင့် တိုင်းရင်းသား စစ်တပ်များကြား ၁၉၇၁ ခုနှစ် အထိ စစ်မက်ဖြစ်ပွားခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တွင် ပြင်သစ်တို့အုပ်ချုပ်သော ကင်မရွန်းအပိုင်းသည် လွတ်လပ်ရေးရရှိလာပြီး အမာဒူ အဟိဂျို သည် နိုင်ငံ၏ သမ္မတအဖြစ် ဦးဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ် တွင် ဗြိတိသျှတို့အုပ်ချုပ်သော တောင်ပိုင်းကင်မရွန်းနှင့် ပေါင်းစပ်ပြီး ကင်မရွန်းဖက်ဒရယ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ ၁၉၇၂ ခုနှစ် တွင် ကင်မရွန်းပြည်ထောင်စုသမ္မတနိုင်ငံအဖြစ်လည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် ကင်မရွန်းသမ္မတနိုင်ငံအဖြစ်လည်းကောင်း အမည်ပြောင်းလဲခဲ့သည်။
ကင်မရွန်းသမ္မတရုံးကို ၁၉၆၀ပြည့်နှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်။သမ္မတ အမာဒူ အဟိဂျို သည် ၁၉၆၀ ပြည့်နှစ် မေလ ၅ ရက် နေ့မှ ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အထိ လည်းကောင်း၊သမ္မတ ပေါလ် ဘီယာ သည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှ ယနေ့အထိ လည်းကောင်း သမ္မတအဖြစ် ဆောင်ရွက်သည်။[၁]