အော့ဇလဲမ် တူရီးစီ

ဝီကီပီးဒီးယား မှ
(Özlem Türeci မှ ပြန်ညွှန်းထားသည်)
အော့ဇလဲမ် တူရီးစီ (Özlem Türeci)

အော့ဇလဲမ် တူရီးစီ (Özlem Türeci) သည် တူရကီမျိုးနွယ် ဂျာမနီနိုင်ငံသား ဆရာဝန်၊ ကိုယ်ခံအားပညာရှင် (Immunologist)နှင့် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူသည် ဘိုင်ယွန်တက်ခ် (BioNTech) ကုမ္ပဏီကို သူ၏ အမျိုးသားဖြစ်သူ အူဂါဇာဟီးန် (Uğur Şahin)နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည်။[၁] သူနှင့် သူ၏အမျိုးသားကို ယခုအခါ (၂၀၂၀-ခုနှစ် ဒီဇင်ဘာ)တွင် BNT162b2 ကိုဗစ်–၁၉ ကာကွယ်ဆေးကို တီထွင်ခဲ့သော လက်ရွေးစင် အသင်းအဖြစ် အသိအမှတ် ပြုကြပြီး၊ ၂၀၂၁ နိုဘယ်ဆုရနိုင်ချေရှိသူများ အဖြစ်မှန်းဆနေကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Kurt Stukenberg (2020-10-23)၊ "Immuningenieure im Wettlauf gegen die Zeit"Der Spiegel (ဂျာမန်ဘာသာစကားဖြင့်)၊ Hamburg: Spiegel-Verlag Rudolf Augstein2020-10-26 တွင် ပြန်စစ်ပြီး
  2. The billionaire husband and wife 'dream team' who created the COVID-19 vaccine (3 December 2020)။ 3 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2020 တွင် ပြန်စစ်ပြီး။