အ.ထ.က (ခွဲ) မင်းဂံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
External link များထပ်ဖြည့်သည်။
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၂ - စာကြောင်း ၄၂ -


==ကိုးကား==
==ကိုးကား==
{{Reflist}}
{{Reflist}}https://www.facebook.com/MinganHighSchool/


https://basic-education-high-school-min-gan.business.site

Basic Education High School (Min Gan)

မင်းကန်ရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးတိုင်း, Bok,Mandalay,Burma https://g.page/MinganBok?share
[[Category:မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်းများ]]
[[Category:မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထက်တန်းကျောင်းများ]]

၁၇:၀၆၊ ၃ ဇူလိုင် ၂၀၁၉ ရက်နေ့က မူ

အ.ထ.က. (ခွဲ) မင်းဂံ
တည်နေရာ
ပုသိမ်ကြီးမြို့နယ်, မန္တလေးတိုင်းဒေသကြီး
မြန်မာနိုင်ငံ
ကိုဩဒိနိတ်22°07′N 96°19′E / 22.117°N 96.317°E / 22.117; 96.317

အထက(ခွဲ) မင်းဂံသည် မန္တလေးတိုင်းဒေသကြီး ပုသိပ်ကြီးမြို့နယ် မင်းဂံရွာတွင် တည်ရှိသည်။ မင်းဂံရွာကို မင်းဂံရွာဟူ၍လည်းကောင်း မင်းကန်ရွာဟူ၍လည်းကောင်း ရေးထုံးနှစ်မျိုးလုံးကို သုံးပြီး ရေးလေ့ရှိသည်။ ထို့ကြောင့် အထက(ခွဲ) မင်းဂံ နှင့် အထက (ခွဲ)မင်းကန်မှာ အတူတူပင်ဖြစ်သည်။

မင်းဂံရွာ၏မြောက်ဘက်နှင့် အရှေ့မြောက်အရပ်တွင် ဘုတ်ရွာ သက္ကယ်ကျင်းရွာ နှင့် ဘိုင်ပင်ရွာတို့တည်ရှိသည်။ တည်ဆောက်ဆဲဖြစ်သော ဖောင်တော်ဦးအပြည်ပြည်ဆိုင်ရာတက္ကသိုလ်သည် ဘိုင်ပင်ရွာအနီးတွင်တည်ရှိသည်။

မင်းဂံရွာ၏ အရှေ့ဘက်တွင် တောစုရွာ ထုံးဖိုရွာနှင့် ပိနဲ္နရိုးရွာတို့တည်ရှိသည်။ အဝါရောင်မျိုးဆက်သစ် (YGW)မိဘမဲ့ကလေးများကျောင်းသည် တောစုရွာတောင်ဘက် အနီးအပါးတွင်တည်ရှိသည်။

မင်းဂံရွာ၏ တောင်ဘက်တွင် ဆင်ပွတ်ကြီးရွာ ဆင်ပွတ်ကလေး(ရုံးသာ)ရွာနှင့် ညောင်တော(မှန်ပင်)ရွာတို့တည်ရှိသည်။

မင်းဂံရွာ၏ အနောက်ဘက်တွင် ဇီးတောရွာ အင်္ကျယ်ရွာနှင့် အိမ်ရှေ့မင်းထန်းတောဟုလူသိများသော ထန်းဥယျာဉ်(ထန်းတော)တောင်ရွာနှင့်ထန်းဥယျာဉ်(ထန်းတော)မြောက်ရွာတို့တည်ရှိသည်။ထိုရွာများ၏ မြောက်ဘက်တွင် ဂန္ဓမာရွာနှင့် ဒဟတ်တောရွာတို့တည်ရှိသည်။  မင်းဂံရွာ၏ အနောက်မြောက်ယွန်းယွန်းတွင်ရှိသည်။ ဇီးတောရွာမှ တစ်ပါး ကျန်ရွာများသည် ဆည်တော်ကြီးတူးမြောင်း၏ အနောက်ဘက်ခြမ်းရှိ ရွာများဖြစ်သည်။

မင်းဂံရွာ၏ အနောက်မြောက်ဘက်တွင် ကန်ပြင်ရွာ ရုံးပင်ရွာနှင့် ကံကြီးရွာတို့တည်ရှိသည်။ ကံကြီးရွာအနီးတွင် မန္တလေးကွန်ပျူတာတက္ကသိုလ်(ဒဟတ်တော)တည်ရှိသည်။

အထက်ဖော်ပြပါကျေးရွာများအနက် ဆင်ပွတ်ကလေးရွာ ဂန္ဓမာရွာ ဒဟတ်တောရွာနှင့် ကံကြီးရွာတို့မှာ မင်းဂံရွာနှင့် ခရီးအတန်ငယ်အလှမ်းဝေးသောကြောင့် အထက(ခွဲ)မင်းဂံတွင် ကျောင်းသားအဖြစ် တက်ရောက်လေ့မရှိပေ။ ကျန်ကျေးရွာများမှာမူ မူလတန်းအဆင့်ကို ထိုရွာများရှိမူလတန်းကျောင်းများမှ အာင်မြင်သည်နှင့်တစ်ပြိုင်နက် အလယ်တန်းအဆင့်ကို အထက(ခွဲ)မင်းဂံတွင် ဆက်လက်သင်ယူကြရသည်။

ကိုးကား

https://www.facebook.com/MinganHighSchool/

https://basic-education-high-school-min-gan.business.site

Basic Education High School (Min Gan)

မင်းကန်ရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးတိုင်း, Bok,Mandalay,Burma https://g.page/MinganBok?share