အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့

ဝီကီပီးဒီးယား မှ

အမှတ်(၃) စစ်ဆင်ရေး အထူးအဖွဲ့ (အတိုကောက် ကစထ -၃) ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တွင် ၂၀၀၂ ခုနှစ် ‌အစောပိုင်း၌ ဖွဲ့စည်းခဲ့သည်။ အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့သည် လက်ရှိတွင် ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေဒေသများအတွင်း စစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တာဝန်ယူကွပ်ကဲသည်။ လက်ရှိအမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးမှာ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (ကြည်း - ၂၀၃၂၄) (OTS - ၇၃) ဖြစ်သည်။ ကွပ်ကဲမှုနယ်မြေအတွင်းတွင် တိုင်းစစ်ဌာနချုပ် (၂)ခု (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)၊ ရေတပ်စခန်းဌာနချုပ် (၂)ခု၊ လေတပ်စခန်းဌာနချုပ် (၂)ခု၊ ခြေမြန်တပ်မဌာနချုပ် (၂)ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၃)ခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၁)ခု၊ အမြောက်တပ်မဌာနချုပ် (၂)ခု၊ သံချပ်ကာတပ်မဌာနချုပ် (၁)ခုတို့ တည်ရှိသည်။

အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]

  1. ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ကြည်း - ၁၄၂၃၅) (စတသ - ၁၉)
  2. ဒုတိယဗိုလ်ချုပ်ကြီး လှမင်း (ကြည်း - ၁၆၅၂၂) (စတသ - ၂၂)
  3. ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ကြည်း - ၁၇၄၄၄) (စတသ - ၂၄)
  4. ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ကြည်း - ၁၈၉၈၅)
  5. ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ကြည်း - ၁၈၂၉၆) (စတသ - ၂၅)
  6. ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (ကြည်း - ၂၀၃၂၄) (ဗသက-၇၃)

ကိုးကား[ပြင်ဆင်ရန်]