အော်စတင်ဟားဗတ်

ဝီကီပီးဒီးယား မှ

The Lord Austin

Austin driving an Austin 7
Member of Parliament for Birmingham King's Norton
တာဝန်သက်တမ်း
14th December 1918 – 26th October 1922
ယခင်လူConstituency Created
ဆက်ခံသူရောဘတ် ဒန်နီဆင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1866-11-08)၈ နိုဝင်ဘာ၊ ၁၈၆၆
မက်ဆီဒန်၊ ဘက်ကီဟန်ရှိင်းယား၊ အင်္ဂလန်
ကွယ်လွန်၂၃ မေ၊ ၁၉၄၁(1941-05-23) (အသက် ၇၄)
ဘရင်မင်ဟန်၊ အင်္ဂလန်
လူမျိုးအင်္ဂလိပ်လူမျိုး
ကြင်ဖော်(များ)ဟယ်လန် လေဒီ အော်စတင်
သားသမီး

ဗဲရွန်ဘွဲ့ရ ဟားဗတ်အော်စတင်သည် ကမ္ဘာကျော် အော်စတင် မော်တော် ကားများကိုထုတ်လုပ်သူ ဗြိတိသျှအမျိုးသားဖြစ်သည်။ အော်စတင် သည် အထူးသဖြင့် မော်တော်ကားအသေးအပေါ့အမျိုးအစားကို အဦးဆုံး တီထွင်ထုတ်လုပ်သူအဖြစ် ထင်ရှားလေသည်။ ၁၉၂၂ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သောဘေဘီ အော်စတင် ၇ မော်တော် ကားမှာ အထူးပင်လူကြိုက်များသော ယာဉ်အငယ်စားမျိုး ဖြစ်ပေသည်။

ဟားဗတ်အော်စတင်သည် ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ ဗက်ကင် ဟမ်ရှိုင်ယာနယ်၊ လစ်တဲ မစ်ဆင်ဒန်မြို့၌ ဖွားမြင်သည်။ ယော့ရှိုင်ယာနယ်၊ ရော့သာဟမ်ကျောင်းတွင် ပညာသင်ကြားပြီးနောက် ဩစတြေး လီးယားနိုင်ငံသို့ ထွက်ခွာခဲ့လေသည်။ ဩစတြေးလီးယားနိုင်ငံ၊ မဲလဘုန်းမြို့တွင် သိုးမွေးည|ပ်စက်ရုံ၌ ပညာသင်အဖြစ်လည်း ကောင်း၊ အလုပ်စက်ရုံမှူးအဖြစ်လည်းကောင်း၊ လုပ်ကိုင်ခဲ့လေ သည်။ ၁၈၉ဝ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်လာပြီးလျှင် ကပ်ဗင်ထရီမြို့အနီးရှိ ဝုလဇလီသိုးမွေးည|ပ်ကုမ္ပဏီ၌ အုပ်ချုပ် ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။

ဟားဗတ်အော်စတင်သည် ၁၈၉၅ ခုနှစ်မှ အစပြု၍ မော်တော်ကားများကို တီထွင်စမ်းသပ်ခဲ့ရာ ၁ဝ နှစ်ကြာသော အခါ မိမိကိုယ်ပိုင် မော်တော်ကားထုတ်လုပ်သည့် စက်ရုံကို တည်ထောင်နိုင်လေသည်။ ထို့ကြောင့် ၁၉ဝ၅ ခုနှစ်တွင် ဗာမင် ဂမ်မြို့အနီး လောင်းဒရစ်မြို့၌ အော်စတင်မော်တော်ကား စက်ရုံ ကို တည်ဆောက်ခဲ့လေသည်။ ၁၉၃၉ ခုနှစ်သို့ရောက်သောအခါ မော်တော်ကားစက်ရုံများ တည်ရှိရာမြေသည် ဧကပေါင်း ၂၂ဝ အထိကျယ်ဝန်း၍ အလုပ်သမားပေါင်း နှစ်သောင်းရှိပြီးလျင် မော်တော်ယာဉ်အစီးပေါင်း ခုနစ်သိန်းငါးသောင်းနီးပါးခန့် ထုတ် လုပ်ပြီးလေသည်။ ထုတ်လုပ်ခဲ့သော မော်တော်ကားများအနက် မြင်းကောင်ရေ ၂ဝ အားနှင့် မြင်း ၁၂ ကောင်အားရှိ မော်တော် ယာဉ်များသည် ကမ္ဘာကျော် အော်စတင်မော်တော်ကားများ ဖြစ်ပေသည်။

ပထမကမ္ဘာစစ်အတွင်းက ဟားဗတ်အော်စတင်သည် စစ်ရေးအတွက် ခဲယမ်းမီးကျောက်များကို ထုတ်လုပ်ပေးခဲ့သဖြင့် ၁၉၁၇ ခုနှစ်တွင် ဆာဘွဲ့ဖြင့် သူကောင်းပြုချီးမြှင့်ခြင်းကိုခံရ သည်။ ၁၉၁၉ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ ဗာမင်ဂမ် မဲဆန္ဒနယ် တစ်နယ်မှ ပါလီမန်လွှတ်တော်အမတ် အဖြစ်လည်းရွေးကောက် တင်မြေ|ာက်ခြင်းခံရသည်။ တစ်ဖန် ၁၉၃၆ ခုနှစ်တွင် ဆာဟား ဗတ်အော်စတင်အား ဗဲရွန်ဘွဲ့ကို ထပ်ဆင့် ချီးမြှင့်ခဲ့လေသည်။ လော့အောစတင်သည် အမေရိကန်နီုင်ငံရှိ ထင်ရှားသော မော်တော်ကားစက်ရုံများသို့ သွားရောက်၍ မော်တော်ယာဉ် ထုတ်လုပ်ခြင်းနည်းစနစ်များကို လေ့လာဆည်းပူးခဲ့လေသည်။ ဗြိတိန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ဖြစ်ပွားမည့်အရေးကို မြော်မြင် သဖြင့် စက်မှုဘက်၌ကြိုတင်ပြင်ဆင်ရာတွင် လော့ အော်စတင် အား ဦးစီးခေါင်းဆောင်စေခဲ့သည်။

လော့အော်စတင်သည် ၁၉၄၁ ခုနှစ် မေလ ၂၃ ရက် နေ့တွင် ကွယ်လွန်လေသည်။ တစ်ဦးတည်းသော သားသည် လည်း ၁၉၁၅ ခုနှစ် အတွင်းက တိုက်ပွဲ၌ကျဆုံးခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)