အဖြူရောင်

ဝီကီပီးဒီးယား မှ
အဖြူရောင်
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#FFFFFF
sRGBB (r, g, b)(255, 255, 255)
HSV (h, s, v)(0°, 0%, 100%)
CIELChuv (L, C, h)(100, 0, 0°)
ရင်းမြစ်HTML/CSS[၁]
B: Normalized to [0–255] (byte)
H: Normalized to [0–100] (hundred)

အဖြူရောင်သည် အရောင်များထဲတွင် အလင်းဆုံးအရောင်ဖြစ်သည်။ ယင်းအား နှင်းမြေဖြူခဲနှင့် နွားနို့ကဲ့သို့သော အရောင်ဖြစ်ပြီး ဆန့်ကျင်ဘက်မှာ အနက်ရောင်ဖြစ်သည်။ အဖြူရောင်ရှိသော အရာဝတ္ထုများသည် အလုံးစုံ ရောင်ပြန်ဟပ်တတ်ပြီး မြင်နိုင်သော အလင်း၏ လှိုင်းအလျားများအားလုံးကို ပြန့်နှံ့သွားစေသည်။ ကွန်ပျူတာနှင့် ရုပ်မြင်သံကြားမျက်နှာပြင်ရှိ အဖြူရောင်အား အနီရောင်အပြာရောင်နှင့် အစိမ်းရောင်များဖြင့် ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။

အဖြူရောင်ကို ရှေးခေတ်အီဂျစ်လူမျိုးများနှင့် ဂရိလူမျိုးများက သန့်စင်မှုအဖြစ် တရားဟောဆရာများက ဝတ်ဆင်ခဲ့ကြသည်။ ၁၈ ရာစုနှစ်မှစ၍ အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၌ အဖြူရောင်သည် ချက်ကျောင်းအသစ်တွင် အသုံးပြုသောအရောင်၊ အစိုးရ အဆောက်အအုံများတွင် အသုံးပြုသောအရောင်အဖြစ် အသုံးများလာခဲ့သည်။ ယင်းအရောင်အား ရိုးရှင်းသော သင်္ကေတအဖြစ်၂၀ ရာစု ခေတ်သစ် ဗိသုကာနယ်ပယ်တွင်လည်း အသုံးပြုခဲ့သည်။

ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ စစ်တမ်းများအရ အဖြူရောင်သည် ကောင်းမွန်မှု၊ ပြီးပြည့်စုံမှု၊ ရိုးသားမှု၊ သန့်ရှင်းစင်ကြယ်မှု၊ စတင်မှု အစရှိသည်တို့နှင့် ပတ်သက်၍ အသုံးများလေ့ရှိကြောင့် တွေ့ရှိရသည်။[၂] ကက်သလစ် အသင်းတော်ပုပ်ရဟန်းမင်းကြီးသည် အဖြူရောင်အား ၁၅၆၆ ခုနှစ်မှစ၍ စင်ကြယ်မှုနှင့် အနစ်နာခံပေးဆပ်မှု သင်္ကေတအဖြစ် ဝတ်ဆင်ခဲ့သည်။ အစ္စလမ်ဘာဝင်နှင့် ဂျပန်နိုင်ငံရှိ ဆင်တိုဘာသာကိုးကွယ်သူများက အဖြူရောင်အား ဘုရားဖူးသွားရာတွင် ဝတ်ဆင်အသုံးပြုကြသည်။ ဂျပန်နိုင်ငံနှင့် အနောက်တိုင်း ယဉ်ကျေးမှုတွင် အဖြူရောင်သည် မင်္ဂလာလက်ထပ်ပွဲဝတ်စုံအဖြစ် ဝတ်ဆင်ရာတွင်လည်းကောင်း၊ အပျိုရည်စစ်မှုအဖြစ် ဖော်ပြရာတွင်လည်းကောင်း အများဆုံး အသုံးပြုလေ့ရှိသည်။ အာရှတိုက် ယဉ်ကျေးမှုများစွာ၌ အဖြူရောင်သည် ဝမ်းနည်းပူဆွေးမှုကို ကိုယ်စားပြုသည့် အရောင်တခုလည်းဖြစ်သည်။[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. CSS Color Module Level 3 (19 June 2018)။ 29 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 April 2007 တွင် ပြန်စစ်ပြီး။
  2. Heller, (2000), pp. 130–46.
  3. Heller (2000), p. 137.