အဒဲလ်

ဝီကီပီးဒီးယား မှ
အဒဲလ် (Adele)
Adele performing in 2016
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းAdele Laurie Blue Adkins
မွေးဖွား (1988-05-05) ၅ မေ၊ ၁၉၈၈ (အသက် ၃၅)
တော့တန်ဟမ်၊ လန်ဒန်မြို့ ယူနိုက်တက်ကင်းဒမ်း
ဂီတဟန်ဆိုးလ် (Soul)၊[၁] ဘလူးစ် (blues)၊ ခေတ်ပေါ်ပေါ့ပ် (pop)
အလုပ်အကိုင်အဆိုတော်၊ တေးရေးသူ
တူရိယာVocals, guitar, piano, bass, celesta, percussion, keyboard
တက်ကြွသည့်နှစ်များ၂၀၀၆–လက်ရှိ
တေးသံသွင်း ကုမ္ပဏီXL၊ Columbia
ဝက်ဘ်ဆိုက်adele.tv

အဒဲလ် (အင်္ဂလိပ်: Adele Laurie Blue Adkins) သည် ကမ္ဘာကျော် ဗြိတိသျှအဆိုတော်၊ တေးရေးသူတစ်ဦးလည်းဖြစ်၏။ အမေရိကန်နိုင်ငံမှချီးမြှင့်သော ဂရမ်မီဆု၏ ၂၀၀၉ ခုနှစ် ၅၁ကြိမ်မြောက်ဆုပေးပွဲတွင် အကောင်းဆုံးမျက်နှာသစ်အဆိုတော်ဆု နှင့် အကောင်းဆုံးအမျိုးသမီးပေါ့တေးသံရှင်ဆု (Best Female Pop Vocal Performance)၊ ၂၀၁၂ ခုနှစ် ၅၄ကြိမ်မြောက်ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံးအယ်လ်ဘမ်ဆု (Album of the Year)၊ 'အကောင်းဆုံးပေါ့ပ်ဂီတ တတစ်ကိုယ်တော်ဖျော်ဖြေမှုဆု' (Best Pop Solo Performance) အပါအဝင် ဆုကြီး ၆ ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သူမရဲ့သူငယ်ချင်းတစ်ဦးက အစမ်းသဘောသွင်းထားသည့် သူမသီချင်းကို Myspace ဝက်ဘ်ဆိုက်ဒ်သို့ တင်လိုက်ပြီးနောက် XL တေးသံသွင်းကုမ္ပဏီက အဒဲလ်အား သီချင်းဆိုရန်စာချုပ်ကမ်းလှမ်းခဲ့သည်။ နောက်တစ်နှစ်တွင် ဗြိတိသျှတေးသီချင်းအကဲဖြတ်ဝေဖန်သူများရဲ့ဆု ကိုရရှိခဲ့ပြီး ၂၀၀၈တွင် ဘီဘီစီ၏ အသံဆု (the BBC Sound of 2008) ကိုရရှိခဲ့လေသည်။

19 အယ်လ်ဘမ်[ပြင်ဆင်ရန်]

သူမ၏ ပွဲဦးထွက် တေးအယ်လ်ဘမ် '19' သည် ၂၀၀၈တွင်ထွက်ရှိခဲ့ပြီး စီးပွားရေးအရသာမက တေးသီချင်းအကဲဖြတ်ဝေဖန်သူပညာရှင်များကြားတွင်ပါ အောင်မြင်မှုရရှိလာကာ ဗြိတိန်တွင်ရော အမေရိကန်၌ပါ ကြီးစွာအောင်မြင်မှုမှတ်ကျောက်တင်နိုင်ခဲ့သည်။ ၅၁ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် အကောင်းဆုံးမျက်နှာသစ်အဆိုတော်ဆုနှင့် အကောင်းဆုံးအမျိုးသမီးပေါ့တေးသံရှင်ဆု နှစ်ဆုဆွတ်ခူးခဲ့သည်။

21 အယ်လ်ဘမ်[ပြင်ဆင်ရန်]

သူမ၏ ဒုတိယအယ်လ်ဘမ်မှာ '21' ဖြစ်၍ ၂၀၁၁ အစောပိုင်းတွင်ထွက်ရှိခဲ့သည်။ ဒုတိယအယ်လ်ဘမ်၏ အောင်မြင်မှုသည် ပထမအခွေထက်ပိုမို၍ အောင်မြင်ခဲ့ပေသည်။ ထိုဒုတိယအယ်လ်ဘမ်သည် သူမကို ဆုပေါင်းမြောက်မြားစွာ ဆောင်ယူပေးခဲ့သည်။ ဂရမ်မီဆုပေးပွဲတွင် တစ်ညတည်းနှင့် ဂရမ်မီဆု(၆)ဆု ရရှိခဲ့လေသည်။ ဗြိတိသျှဂီတဆုများ၊ အမေရိကန်ဂီတဆုများလည်းဆွတ်ခူးကာ 21 မှာ ၁၉၈၅ နောက်ပိုင်း ထွက်ရှိဖူးသည့် ဂီတအယ်လ်ဘမ်များအားလုံးတွင် နံပါတ်တစ်နေရာ၌ အချိန်အကြာဆုံး ရပ်တည်နိုင်သောအယ်လ်ဘမ်ဖြစ်လာခဲ့သည်။ ထိုအခွေမှာ အချပ်ရေသန်းသုံးဆယ်ကျော် ရောင်းချခဲ့ပြီးဖြစ်သည်။

21ခွေရဲ့အောင်မြင်မှုကို ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင်ပါ ဖော်ပြခဲ့သည်။ ဘီလ်ဘုတ်ဇယားတွင်လည်း ထိပ်တန်းအောင်မြင်မှုများကိုရရှိခဲ့ကာ ဘီလ်ဘုတ်က အဒဲလ်အား ၂၀၁၁၊ ၂၀၁၂ အတွက် တစ်နှစ်တာအကောင်းဆုံးအဆိုတော်အဖြစ် သတ်မှတ်ခဲ့သည်။ အမေရိကန် Times မဂ္ဂဇင်းကလည်း ၂၀၁၂ တွင် ဩဇာတိက္ကမကြီးမားသော ပုဂ္ဂိုလ်ထဲမှတစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၃တွင် James Bond Skyfall ရုပ်ရှင်အတွက် ဇာတ်ဝင်တေးဖြစ်သော Skyfall သီချင်းဖြင့် ရွှေကမ္ဘာလုံးဆုနှင့် အော်စကာဆုတို့လည်းရရှိခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

အင်္ဂလန်နိုင်ငံ လန်ဒန်မြောက်ပိုင်း တော့တင်ဟမ်တွင် ဝက်လ်ရှ်မန်းမာ့က်အီဗန်စ်နှင့် ပန်နီအက်ဒ်ကင်စ်တို့မှ မွေးဖွားခဲ့သည်။ သူမမှာ ငယ်စဉ်ဘဝကတည်းက အဆိုဝါသနာပါကာ ထိုစဉ်ကနာမည်ကြီး Spice Girls အဖွဲ့ကို အားကျနှစ်သက်ခဲ့သည်။ အဒဲလ်သည် ဗြိတိန်နိုင်ငံ ဖျော်ဖြေရေးအနုပညာနှင့် နည်းပညာ ကျောင်းမှ ဘွဲ့ရခဲ့ပြီး အတန်းဖော်များမှာ လီယွန်နာလူးဝစ်စ် နှင့် ဂျက်စီဂျေး တို့ပင်ဖြစ်သည်။

မိသားစုဘဝနှင့်အထွေထွေ[ပြင်ဆင်ရန်]

ဆိုင်မွန်ကောနက်က်ကီ နှင့် လက်ထပ်ခဲ့ရာ ၂၀၁၂ အောက်တိုဘာတွင် ပထမဆုံးသားလေးကိုမွေးဖွားခဲ့၍ အိန်ဂျလို (Angelo)ဟု ကင်ပွန်းတပ်ခဲ့သည်။ တချို့နာမည်ကြီးအနုပညာရှင်များက သူမ၏ ကိုယ်အလေးချိန် (ဝဖြိုးမှု) ကိုဝေဖန်မှုများရှိလင့်ကစား သူမက ကျန်းမာရေးနှင့်အိမ်ထောင်မှုကိစ္စကို မထိခိုက်သရွေ့ ကျေနပ်ကြောင်းပြောဆိုခဲ့သည်။ ၂၀၁၃ အေပရယ်တွင် တွက်ချက်မှုများအရ ပေါင်သန်း ၃၀ ($၄၇.၉ သန်း) ကြွယ်ဝချမ်းသာသည်။ အဒဲလ်က "ကျွန်မ သီချင်းဆိုနည်းကို Ella Fitzgerald ၊ Etta James၊ Roberta Flack တို့ကို နားထောင်ရင်းနဲ့ ကိုယ်ဘာသာ သင်ယူခဲ့တာပါ။" ဟုပြောကြားခဲ့၏။ ဗြိတိသျှမီဒီယာများကလည်း သူမကို Amy Winehouse လက်သစ်ဟုပင် ခေါ်ဝေါ်ခဲ့ဖူးကြသည်။ အဒဲလ်ကသူမ၏ အနုပညာနယ်ပယ်တွင် လေးစားနှစ်သက်သည့် အဆိုတော်များမှာ Etta James၊ Beyonce ၊ Spice Girls ၊ The Cure ၊ Dusty Springfield ၊ စလင်း ဒီယွန်အန်နီ လန်းနစ်၊ Aaliyah ၊ Lauryn Hill ၊ Mary J. Blige နှင့် Alicia Keys တို့ဖြစ်သည်ဟု ပြောခဲ့ကာ Pink မှာလည်း သူမအပေါ်လွှမ်းမိုးမှုရှိသည့် အဆိုတော်တစ်ဦးပင်ဖြစ်သည်ဟု ထုတ်ဖော်ခဲ့သည်။

နာမည်ကြီးသီချင်းများ[ပြင်ဆင်ရန်]

  • Rolling In The Deep
  • Someone Like You
  • Don't You Remember
  • Set Fire To The Rain
  • Chasing Pavement
  • Hometown Glory
  • Rumor Has It
  • Turning Tables
  • Hello
  • Skyfall
  • One And Only
  • Make You Feel My Love
  • Easy On Me

ကိုးကား[ပြင်ဆင်ရန်]

  1. Adele: New Record is 'Quite Different'။ SPIN.com (2 November 2010)။ 11 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2011 တွင် ပြန်စစ်ပြီး။