အက်ဒင်တန် ဆာအာသာစတန်လီ

ဝီကီပီးဒီးယား မှ
Sir Arthur Eddington
Arthur Stanley Eddington (1882–1944)
မွေးဖွားArthur Stanley Eddington
(1882-12-28)၂၈ ဒီဇင်ဘာ၊ ၁၈၈၂
Kendal, Westmorland, အင်္ဂလန်ယူနိုက်တက်ကင်းဒမ်း
ဆုံးပါး၂၂ နိုဝင်ဘာ၊ ၁၉၄၄(1944-11-22) (အသက် ၆၁)
ကိန်းဘရစ်ချ်မြို့, Cambridgeshire, အင်္ဂလန်၊ ယူနိုက်တက်ကင်းဒမ်း
နေထိုင်ရာအင်္ဂလန်နိုင်ငံ
နိုင်ငံသားဗြိတိသျှ
နိုင်ငံလူမျိုးအင်္ဂလိပ်
နယ်ပယ်Astrophysics
အဖွဲ့အစည်းဌာနကိန်းဘရစ်ချ် တက္ကသိုလ်
မိခင်ကျောင်းUniversity of Manchester
ကိန်းဘရစ်ချ် တက္ကသိုလ်
ကြီးကြပ်သူများRobert Alfred Herman
ပါရဂူဘွဲ့ယူ တပည့်များLeslie Comrie
Gerald Merton
G. L. Clark
Cecilia Payne-Gaposchkin
S. Chandrasekhar[၁]
Hermann Bondi
ကျော်ကြားမှုအရင်းခံEddington limit
Eddington number
Eddington–Dirac number
Eddington–Finkelstein coordinates
သူ့အပေါ် ဩဇာလွှမ်းမိုးသူများHorace Lamb
Arthur Schuster
John William Graham
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များRoyal SocietyRoyal Medal (၁၉၂၈)
Smith's Prize (၁၉၀၇)
RAS Gold Medal (၁၉၂၄)
Henry Draper Medal (၁၉၂၄)
Bruce Medal (၁၉၂၄)
Knights Bachelor (၁၉၃၀)
Order of Merit (၁၉၃၈)

ဆာအာသာ စတန်လီအက်ဒင်တန် (အင်္ဂလိပ်: Sir Arthur Stanley Eddington) သည် နာမည်ကျော် ဗြိတိသျှ နက္ခတ္တဗေဒနှင့် ဒဿနိကဗေဒပညာရှင်တစ်ဦးဖြစ်၏။ ၁၈၈၂ ခုနှစ်တွင် ကင်ဒဲမြို့၌မွေးဖွား၍ ထရင်းနီတီကောလိပ်၊ ကိန်းဘရစ်ချ် တက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။ ပညာသင်ကြား ရာဝယ် သင်္ချာဘာသာကို ကောင်းစွာနိုင်၍ ထူးချွန်စွာအောင်မြင်ခဲ့သည်။ ၁၉ဝ၄ ခုနှစ်တွင် သင်္ချာဘာသာ၌ အမှတ် အများဆုံးရသူဖြစ်၍ ၁၉ဝ၇ ခုနှစ်တွင် ထရင်းနီတီကောလိပ်၏ အာဏာပိုင်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉ဝ၆ ခုနှစ်မှ ၁၉၁၃ ခုနှစ်အထိ ဂရင်းနစ်မြို့ရှိ နက္ခတ်မျှော်စင်၌ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၁၃ ခုနှစ်တွင် ကိန်းဘရစ်ချ်တက္ကသိုလ်၌ နက္ခတ္တဗေဒပါမောက္ခအဖြစ် ဆောင်ရွက်ရသည်။ ၁၉၁၄ ခုနှစ် တွင် ကိန်းဘရစ်ချ် နက္ခတ်မျှော်စင်တွင် ညွှန်ကြားရေးဝန်ဖြစ်လာ၍ တော်ဝင်အသင်းသားလည်း ဖြစ်လာလေသည်။ ၁၉၂၈ ခုနှစ်တွင် ဗြိတိသျှ သိပ္ပံပညာအသင်းကြီးမှ ဆုတံဆိပ်ခြီးမြှင့်ခြင်း ခံရသည်။ ၁၉၃ဝ ပြည့်နှစ်မှစ၍ ၁၉၃၂ ခုနှစ်အထိ ဖီဆီကယ် အသင်းကြီး ၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ ၁၉၃ဝ ခုနှစ်တွင် ဆာဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည့်အပြင် ၁၉၃၈ ခုနှစ်တွင် လည်း ဘွဲ့တံဆိပ် သင်္ဂဟဖြင့် ချီးမြှင့်ခြင်းခံရလေသည်။

ဆာအက်ဒင်တန်သည် ရူပဗေဒပညာတိုးတက်မှုနှင့် စပ်လျဉ်းသော ကျမ်းစာအုပ်အမြောက်အမြား ရေးသားခဲ့သည်။ သူတတ်သိနားလည်သော ပညာကို လူတိုင်းသဘောပေါက်အောင် ရှင်းလင်းပြတ်သားစွာ ဟောပြောရေးသားတတ်သည်။ သို့ဖြစ်၍ သူ၏ စာအုပ်များကို လူအများကနှစ်သက်ကြသည်။ အက်ဒင်တန်သည် နက္ခတ္တဗေဒပါရဂူ အဖြစ်လည်း ကျော်စောခဲ့၏။ ကောင်းကင်ရှိ ကြယ်တာရာနက္ခတ်တို့၏ ရွေ့လျားပုံ၊ ပေါက်ပွားလာပုံနှင့် ကြယ်များတစ်ခုနှင့်တစ်ခု အဆက်အစပ်ရှိပုံတို့ကို ရှာဖွေစူးစမ်းခဲ့၏။ ကောင်းကင်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများကို အက်ဒင်တန်သည် အတော်များများ ပြုလုပ်ခဲ့၏။ သူရှာဖွေသိရှိသည့် အကြောင်းအရာများကို စာအုပ်များရေးထား၏။ ယင်းတို့အနက် စကြဝဠာဖြစ်တည်နေပုံနှင့် ကြယ်တို့ ရွေ့လျားပုံ၊ ကြယ်များနှင့် အက်တမ်များအကြောင်း၊ သိပ္ပံပညာ၏လမ်းကြောင်းသစ်များ စသောစာအုပ်များသည် သိပ္ပံပညာ တိုးတက်ထွန်းကားမှုအတွက် အထောက်အပံ့များစွာရလေသည်။ အက်ဒင်တန်သည် ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့၌ ကွယ်လွန် အနိစ္စရောက်လေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. အက်ဒင်တန် ဆာအာသာစတန်လီ at the Mathematics Genealogy Project
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)