ဖယ်ရာရို၊ ဂျာရယ်လ်ဒင်းန်

ဝီကီပီးဒီးယား မှ
ဂျာရယ်လ်ဒင်းန် ဖယ်ရာယို

နိုင်ငံရေးနှင့် ရှေ့နေလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး စာပေများလည်းရေးသားခဲ့သူ ဂျာရယ်လ်ဒင်းန် ဖယ်ရာရိုကို ၁၉၃၅ ခုနှစ်၊ ဩဂုတ်လ၂၆ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌မွေးဖွားသည်။ ဖယ်ရာရိုသည် ၁၉၈၄ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားမှုများ စတင်ပြုလုပ် ခဲ့သည်။ အသက် ၁၆နှစ်အရွယ်တွင် မေရီမောင့်မက်ဟတ်တန်ကောလိပ်သို့ပညာသင်ဆုရရှိ၍ တက်ရောက်ပညာသင်ကြားခဲ့သည်။၁၉၅၆ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီး မကြာမီ နယူးယောက်မြို့ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် ဆရာမအဖြစ်လုပ်ကိုင်ခဲ့သည်။ ဥပဒေရေးရာများကို စိတ်ဝင်စားသောကြောင့် ဖို့ဒ်ဟမ်တက္ကသိုလ်တွင် ညကျောင်းတက်၍ ၁၉၆၀ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့သည်။ ထိုနှစ်တွင် ဂျွန်ဇက်ကာရိုနှင့် လက်ထပ်ပြီး သားသမီး ၃ ယောက်ရရှိသည်။၁၉၇၄ ခုနှစ်တွင် ခရိုင်လက်ထောက်အကျိုးတော်ဆောင်ရှေ့နဖြေစ်ခဲ့သည်။၎င်း၏ရှေ့နေလုပ်သက်တစ်လျှောက်တွင် မတရားဖိနှိပ်ခံရသူ ဒုက္ခသည်များအထူးစောင့်ရှောက်ရေးအဖွဲ့ကိုဖွဲ့စည်း၍ ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများ ပါဝင်ပတ်သက်နေသော ရာဇဝတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများနှင့် အိမ်တွင်းမတရားနှိပ်စက်ခံရသူများကို ဦးစားပေး၍ အကျိုးဆောင်ပေးခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် နယူးယောက်မြို့ခရိုင်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ဖယ်ရာရို၏တတိယသက်တမ်းတွင် အမျိုးသမီးများ၏ တန်းတူအခွင့်အရေးရရှိရန်အတွက် တိုက်ပွဲဝင်ခဲ့သည်။ အမျိုးသမီးအနည်းစုသာရှိသော လွှတ်တော်တွင် ကျားမအခွင့်အရေးတန်းတူရယူလိုသည့် အမျိုးသမီးဝါဒရေးရာလှုပ်ရှားမှုများတွင် စွမ်းအားရှိသောသူတစ်ယောက်ဖြစ်ခဲ့သည်။ ဒုတိယသက်တမ်းတွင် ပါတီ၏အနာဂတ်ဦးတည်ချက်နှင့် မူဝါဒရေးရာများရေးဆွဲရာတွင်ကဏ္ဍတစ်ရပ်အနဖြေင့် ပါဝင်ခဲ့သည်။ ဖယ်ရာရိုရေးသားခဲ့သော စာအုပ် အချို့မှာ My Story,Changing History:Women, Power and Politics တို့ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)