ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ်

ဝီကီပီးဒီးယား မှ
ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ်
C. F. Powell
မွေးဖွားCecil Frank Powell
(1903-12-05)၅ ဒီဇင်ဘာ၊ ၁၉၀၃
TonbridgeKentအင်္ဂလန်နိုင်ငံ
ဆုံးပါး၉ ဩဂုတ်၊ ၁၉၆၉(1969-08-09) (အသက် ၆၅)
Valsassina, အီတလီနိုင်ငံ
နိုင်ငံလူမျိုး ယူနိုက်တက်ကင်းဒမ်း
နယ်ပယ်ရူပဗေဒ
အဖွဲ့အစည်းဌာနကိန်းဘရစ်ချ် တက္ကသိုလ်
University of Bristol
မိခင်ကျောင်းကိန်းဘရစ်ချ် တက္ကသိုလ်
ပါရဂူဘွဲ့ ကြီးကြပ်သူCharles Thomson Rees Wilson
Ernest Rutherford
ကျော်ကြားမှုအရင်းခံPhotographic method
Discovery of the pion
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
  • Nobel Prize in Physics (၁၉၅၀)
  • Hughes Medal (၁၉၄၉)
  • Fellow of the Royal Society (၁၉၄၉)
  • Royal Medal (၁၉၆၁)
  • Lomonosov Gold Medal (၁၉၆၇)


ဗြိတိန်နိုင်ငံသား ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ် (အင်္ဂလိပ်: Cecil Frank Powell) သည် နျူကလီးယားလုပ်ငန်းစဉ်ကို လေ့လာနိုင်သည့် ဓာတ်ပုံရိုက်နည်းပညာကို တီထွင်ဖော်ထုတ်ခဲ့သူဖြစ်သည်။ သူသည် mesons ခေါ် အီလက်ထရွန်တစ်ခုနှင့် ပရိုတွန်တစ်ခုအကြားအခြေခံဒြပ်မှုန် အုပ်စုတစ်ခုကိုလည်း ဖော်ထုတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဖရန့်ခ် ပေါဝဲလ်သည် ကော့မစ်ရောင်ခြည်ဖြာထွက်ခြင်းနှင့် အက်တမ်နျူထရွန်ပျံ့နှံ့ခြင်းအကြောင်းကို လေ့လာခဲ့သည်။ ထိုသို့လေ့လာရာမှ အက်တမ်အမှုန်များ ပျံ့နှံ့ဖြာထွက်ခြင်းကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

စာအုပ်များ[ပြင်ဆင်ရန်]

ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ်သည် သိပ္ပံစာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။ ထင်ရှားသောစာအုပ်များမှာ

  • Nuclear Physics in Photographs
  • The Study of Elementray Particles by the Photographic Method တို့သည် အလွန်အမင်းထင်ရှားသည်။

ကိုယ်ရေးအချက်အလက်များ[ပြင်ဆင်ရန်]

၁၉၃၂ ခုနှစ်တွင် ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ် သည် သူ၏သုတေသနအကူဖြစ်သူ Isobel Therese Artner နှင့်လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ သူသည် တင်းနစ်ကစားခြင်းကို နှစ်သက်သူဖြစ်သည်။ ဆီဆယ်လ် ဖရန့်ခ် ပေါဝဲလ်သည် ၁၉၆၉ ခုနှစ်၊ ဩဂုတ်လ၊ ၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

နိုဘယ်လ်ဆု[ပြင်ဆင်ရန်]

ဖရန့်ခ်ပေါဝဲလ်သည် ဓာတ်ငွေ့များရှိ အိုင်းယွန်းများ၏သဘာဝကို ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါဖော်ထုတ်ချက်နှင့် တီထွင်မှုကြောင့် ၁၉၅၀ ပြည့်နှစ်အတွက် ရူပဗေဒပညာရပ်ထူးချွန်သူအဖြစ် နိုဘဲလ်ဆုချီးမြှင့်ပေးအပ်ခြင်းခံရသည်။

ကိုးကား[ပြင်ဆင်ရန်]