ဆိုနီ ရုပ်သံ ဖျော်ဖြေရေး

ဝီကီပီးဒီးယား မှ
ဆိုနီ ရုပ်သံ ဖျော်ဖြေရေး
Sony Pictures Entertainment Inc.
အမျိုးအစားဆိုနီ၏ လက်အောက်ခံ ကုမ္ပဏီ[၁]
လုပ်ငန်းဖျော်ဖြေရေး
တည်ထောင်သည့်နှစ်၂၁ ဒီဇင်ဘာ ၁၉၈၇ (ကိုလံဘီယာ ရုပ်သံ ဖျော်ဖြေရေး အဖြစ်)၊[၂]
၇ ဩဂုတ် ၁၉၉၁ တွင် ဆိုနီ ရုပ်သံ ဖျော်ဖြေရေး ဟု အမည်ပြောင်း
ဌာနချုပ်ကူဗာမြို့၊ ကယ်လီဖိုးနီးယား
အမေရိကန်ပြည်ထောင်စုအမေရိကန်ပြည်ထောင်စု
ဝန်ဆောင်မှု ဧရိယာကမ္ဘာတစ်ဝှန်း
အရေးပါ ပုဂ္ဂိုလ်များMichael Lynto၀
(Chairman & CEO)
Amy Pascal
(Co-Chairman)
Doug Belgrad
(President)
ထုတ်ကုန်ပစ္စည်းရုပ်ရှင်
ရုပ်မြင်သံကြားထုတ်လုပ်ရေး
Television Syndication
အွန်လိုင်းဂိမ်းများ
မိုဘိုင်းလ်ဖုန်း ဖျော်ဖြေရေး
Video on demand
ဒစ်ဂျစ်တယ်ဖြန့်ချိရေး
ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၈.၀၅၄ ဘီလီယံ(၂၀၁၄ ဘဏ္ဍာရေးနှစ်)[၃]
အခွန်မဆောင်မီ ဝင်ငွေIncrease အမေရိကန်ဒေါ်လာ ၅၀၁ သန်း(၂၀၁၄ ဘဏ္ဍာရေးနှစ်)[၃]
မိခင်ကုမ္ပဏီဆိုနီ ကော်ပိုရေးရှင်း
ဝက်ဘ်ဆိုက်Official site

ဆိုနီ ရုပ်သံ ဖျော်ဖြေရေး (Sony Pictures Entertainment Inc. သို့ SPE) သည် ဂျပန်ကုမ္ပဏီကြီး ဆိုနီ ကော်ပိုရေးရှင်း ၏ လက်အောက်ခံ အမေရိကန် ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ကူဗာမြို့တွင် အခြေစိုက်သည်။ ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်မြင်သံကြား အစီအစဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရေးဆိုင်ရာ ဌာနများ ပါဝင်သည်။ ဆိုနီ ရုပ်သံ ဖျော်ဖြေရေး၏ ၂၀၁၄ ဘဏ္ဍာရေးနှစ် (၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ) ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၈.၀၅၄ ဘီလီယံ ဖြစ်သည်။[၃][၄] ဆိုနီ ရုပ်သံ ဖျော်ဖြေရေး သည် အမေရိက ရုပ်ရှင် အစည်းအရုံး၏ အဖွဲ့ဝင်လည်း ဖြစ်သည်။[၅]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ကိုလံဘီယာ ရုပ်ရှင် (Columbia Pictures) ကို ပိုင်ဆိုင်သည့် ကိုကာကိုလာ ကုမ္ပဏီမှ ယင်းရုပ်ရှင်လုပ်ငန်း၏ ရှယ်ယာအချို့ကို Tri-Star Pictures သို့ ရောင်းချခဲ့သည်။ ကိုလံဘီယာ ရုပ်ရှင် လုပ်ငန်းကို ကိုလံဘီယာ ရုပ်သံ ဖျော်ဖြေရေး (Columbia Pictures Entertainment, Inc. သို့ CPE) အဖြစ် အမည်ပြောင်းလဲခဲ့သည်။ CPE ကို ကိုကာကိုလာ ကုမ္ပဏီမှ ၄၉%၊ ရှယ်ယာရှင်များမှ ၃၁% နှင့် Tri-Star ရှယ်ယာရှင်များမှ ၂၀% အသီးသီး ပိုင်ဆိုင်ကြသည်။[၆][၇]

၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် CPE တွင်ပါဝင်သည့် ကိုကာကိုလာ ကုမ္ပဏီ၏ ရှယ်ယာများအားလုံးကို ဆိုနီ ကော်ပိုရေးရှင်းမှ ဝယ်ယူခွင့်ရရှိခဲ့သည်။[၈] ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် CPE ၏ လက်ကျန်ရှယ်ယာ ၅၁% ကို ဆိုနီ မှ ထပ်မံ ဝယ်ယူနိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် CPE ကို ဆိုနီ ရုပ်သံ ဖျော်ဖြေရေး အဖြစ် အမည်ပြောင်းလဲခဲ့သည်။[၉][၁၀]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Outline of Principal Operations, Sony Corporation of America
  2. Sony Pictures Entertainment Inc.: Private Company Information BusinessWeek
  3. ၃.၀ ၃.၁ ၃.၂ Consolidated Financial Results for the Fiscal Year Ended March 31, 2014။ Sony (9 May 2014)။ 14 May 2014 တွင် ပြန်စစ်ပြီး။
  4. Sony Pictures – Corporate Factsheet Archived 4 November 2005 at the Wayback Machine., sonypictures.com
  5. Motion Picture Association of America - About Us။ MPAA။ 27 May 2012 တွင် ပြန်စစ်ပြီး။
  6. Dick, Bernard F. (1992) "Columbia Pictures: Portrait of a Studio" (p. 46). The University Press of Kentucky. ISBN 0-8131-1769-0.
  7. New York Department of State Division of Corporations - Entity Search: Columbia Pictures Entertainment, Inc.။ 5 August 2013 တွင် ပြန်စစ်ပြီး။
  8. "Sony to Buy Columbia, Says Americans Will Run Studio : 1st Sale of Film Maker to Japanese"၊ 27 September 1989။ 24 September 2012 တွင် ပြန်စစ်ပြီး 
  9. She Holds Torch for Sony Pictures Entertainment, latimes.com
  10. "Funding Universe - Sony Corporation"။ 24 September 2012 တွင် ပြန်စစ်ပြီး