စတိဗ် ဘောလ်မား

ဝီကီပီးဒီးယား မှ
စတိဗ် ဘောလ်မား
မွေးသက္ကရာဇ် (1956-03-24) ၂၄ မတ်၊ ၁၉၅၆ (အသက် ၆၇)
အမေရိကန်ပြည်ထောင်စု
လူမျိုး အမေရိကန်
အလုပ်အကိုင် အမှုဆောင်အရာရှိချုပ် မိုက်ခရိုဆော့ဖ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၃.၁ ဘီလျံ
မွေးရပ်ဇာတိ ဒီတာရိုတ်၊ မီချီကန် အမေရိကန်
ဝက်ဘ်ဆိုက် Staff Bio at microsoft့com
Ballmer (2008)

စတီဗင် အန်တိုနီ “စတိဗ်” ဘောလ်မား (မွေးနေ့ ၁၉၅၆ခုနှစ် မတ်လ ၂၄ရက်) သည် ၂၀၀၀ခုနှစ် ဇန်နဝါရီလ မှစတင်၍ မိုက်ကရိုဆော့ ကော်ပိုရေးရှင်း Microsoft Corporation ရဲ့ စီမံခန့်ခွဲရေးမှူးချုပ် အဖြစ်တာဝန်ယူခဲ့သည်။ ၂၀၁၀ခုနှစ်အရ သူသည် ခန့်မှန်း ကိုယ်ပိုင် ဥစ္စာဓနကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၃.၁ ဘီလီယံ ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဘောလ်မား ကို ဆွစ်-အမေရိကန်ဖခင် နှင့် ဂျူး-အမေရိကန်မိခင် တို့မှ ဒီတာရိုတ် Detroit, မစ်ချီဂန် Michigan တွင်မွေးဖွားခဲ့သည်။ သူသည် ဖာမင်တန် ဟေလ်စ် မစ်ချီဂန် Farmington Hills, Michigan တွင် ကြီးပြင်းခဲ့သည်။ ၁၉၇၃ခုနှစ် တွင် ဘဲဗာရီ ဟေလ်စ် ပုဂ္ဂလိကပိုင် ကောလိပ်ကြိုကျောင်းတစ်ခုဖြစ်သော ဒီတာရိုတ် ဒေသန္တရနေ့ကျောင်း မှ အောင်မြင်ခဲ့သည်။ လက်ရှိတွင် ၎င်း၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ၁၉၇၇ခုနှစ်တွင် ဟားဘတ် တက္ကသိုလ် မှ ဘီအေ (သင်္ချာ နှင့် စီးပွားရေး) ကို ထူးချွန်သောဂုဏ်ထူး ဖြင့် ဘွဲ့ရခဲ့သည်။

ကောလိပ်တွင်ဘောလုံးအသင်းအားအုပ်ချုပ်ခဲ့ပြီး “The Harvard Crimson သတင်းစာ” နှင့် “Harvard Advocate”တွင်ပါဝင်အလုပ်လုပ်ခဲ့သည်၊ တစ်တန်းတည်းဒုတိယနှစ်ကျောင်းသား ဘီလ် ဂိတ်စ် နှင့် တစ်ဆောင်တည်းနေခဲ့သည်။ ထို့နောက် ပရော့တာနှင့်ဂန်ဘဲလ် တွင် လက်ထောက်ထုတ်ကုန်မန်နေဂျာအဖြစ် ၂ နှစ် အလုပ်လုပ်ခဲ့ပြီး နောင်တွင် ဂျင်နရယ်အီလက်တရစ် General Electric ၏ စီမံခန့်ခွဲရေးမှုချုပ် CEO ဖြစ်မည့်သူ ဂျက်ဖရီ အာ အင်မဲလ်တ် Jeffrey R. Immelt နှင့်တစ်ရုံးခန်းတည်းအလုပ်လုပ်ခဲ့သည်။ ၁၉၈၀ခုနှစ်တွင် မိုက်ကရိုဆော့ Microsoft နှင့် လက်တွဲရန် စတန်ဖို့ဒ်တက္ကသိုလ်စီးပွားရေးဘွဲ့ကျောင်း Stanford University Graduate School of Business မှ နုတ်ထွက်ခဲ့သည်။

မိုက်ကရိုဆော့နှင့် အလုပ်အကိုင်[ပြင်ဆင်ရန်]

ဘောလ်မား သည် ၁၉၈၀ခုနှစ် ဇွန်လ ၁၁ ရက် နေ့တွင် မိုက်ကရိုဆော့၏ ၃၀ ယောက်မြောက် အလုပ်သမားဖြစ်လာပြီး ဂိတ်စ်၏ ပထမဦးဆုံး စီးပွားရေးမန်နေဂျာ အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။ ဘောလ်မား သည် မိုက်ကရိုဆော့ တွင် အလုပ်လုပ်ရခြင်းကို နှစ်သက်သည်။ အစပိုင်းတွင် လစာ ဒေါ်လာ ၅၀,၀၀၀ နှင့် ကုမ္ပဏီပိုင်ဆိုင်မှု ရာခိုင်နှုန်းတစ်စိတ်တစ်ပိုင်း ဖြင့်ကမ်းလှမ်းခြင်းခံခဲ့ရသည်။ ၁၉၈၁ခုနှစ်တွင် မိုက်ကရိုဆော့ ကို ကုမ္ပဏီအဖြစ် ဖွဲ့စည်းချိန်တွင် ဘောလ်မား သည် ကုမ္ပဏီ ၏ ၈% ကိုပိုင်ဆိုင်သည်။ “ကွန်ပျူတာညွှန်စနစ်ဖွံ့ဖြိုးမှု” “Operating Systems Development”၊ “လုပ်ငန်းစဉ်” “Operations” နှင့် “အရောင်း နှင့် ထောက်ပံ့” “Sales and Support” ဌာနများကိုဦးဆောင်ခဲ့သည်။

၂၀၀၀ခုနှစ် ဇန်နဝါရီလ တွင် စီမံခန့်ခွဲရေးမှူးချုပ် အဖြစ် တရားဝင် တာဝန်အပ်နှံခဲ့သည်။ စီအီးအို CEO အဖြစ် ကုမ္ပဏီ၏ ဘဏ္ဍာရေး ကိုကိုင်တွယ်ခဲ့သည်။ “နည်းပညာ အမြော်အမြင်” “technological vision” ကိုမူ ဂိတ်စ် ကဆက်လက်ထိန်းသိမ်းထားသည်။ ၂၀၀၃ခုနှစ်တွင် ဘောလ်မာ သည်သူ၏ အစုရှယ်ယာ ၈.၃% ကိုရောင်းချခဲ့ရာ ကုမ္ပဏီတွင် ၄% သာကျန်သည်။ ထိုနှစ်တွင် အလုပ်သမားစတော့ ပိုင်ဆိုင်မှု ခံစားခွင့် အစီအစဉ်အား အစားထိုးခဲ့သည်။ သူသည် ဘီလ်ဂိတ်စ်သည် သူ့အား၂၀၀၉ခုနှစ်တွင် မိုက်ခရိုဆော့၏ အချိန်ပြည့်ဥက္ကဋ္ဌရာထူးကို လွှဲအပ်ခဲ့ပြီး ထိုနှစ်မှာပင် သူ၏ပထမဆုံးသော အဖွင့်စကားကို ပြောကြားခဲ့သည်။

ဗိုင်ရယ်လ် ဗီဒီယို (Viral Video)[ပြင်ဆင်ရန်]

ဘောလ်မား သည် သူ၏ တဖက်စွန်းအပြုအမူများကြောင့် လူ့ဂွစာတစ်ဦးအဖြစ် လူသိများသည်။ ဥပမာတစ်ခုကိုပြရလျှင် မိုက်ကရိုဆော့ ပွဲစဉ်များတွင် ဘောလ်မာ ၏ ဆောင့်ကြွားကြွားအမူအရာပုံစံများဖြင့် စင်မြင့်ပေါ်သို့တက်ရောက်ခဲ့ရာ အင်တာနက်ပေါ်တွင် ဗိုင်ရယ်လ် ဗီဒီယိုများအဖြစ် ကျယ်ပြန့်စွာ ဖြန့်ခြင်းခံခဲ့ရသည်။ အကျော်ကြားဆုံး ခေါင်းစဉ်များမှာ “ စတိဗ် ဘောလ်မား ရူးသွပ်သွားခြင်း ” (သို့) “ မြောက်အကကောင်လေး ”တို့ဖြစ်ကြသည်။

ဗီဒီယိုနောက်တစ်ခုက ဖွံ့ဖြိုးတိုးတက်မှုလုပ်သူများ ဆွေးနွေးပွဲတစ်ခုတွင် ဘောလ်မားသည် ချွေးများအလွန်စိုရွှဲနေပြီး ပါးစပ်မှလည်း ဖွံ့ဖြိုးရေးလုပ်ဆောင်သူများ (Developers) ဟု တတွတ်တွတ် ရွတ်ဆိုနေပုံ ကို ရိုက်ကူးထားသည်။

ပြိုင်ပွဲများ[ပြင်ဆင်ရန်]

ဘီလ် ဂိတ်စ်[ပြင်ဆင်ရန်]

၂၀၀၀ခုနှစ် ဘီလ် ဂိတ်စ် မှ ဘောလ်မားသို့ အာဏာကူပြောင်းရာတွင် တင်းမာမှု ရှိခဲ့သည်ဟု သည်ဝေါလ်စတြိထ်ဂျာနယ် မှအစီရင်ခံခဲ့သည်။ ကိုယ်တိုင်မြင်တွေ့ခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး၏ ပြောပြချက်အရ ထိုအချိန်ကပြဿနာများမှာ အလွန်ဆိုးရွားခဲ့ပြီး အစည်းအဝေးတစ်ခုတွင် ဘောလ်မားမှ အချို့သောလုပ်ဖော်ကိုင်ဖက်များကို ကာကွယ်ပြောဆိုခဲ့ရာမှ အော်ကြီးဟစ်ကျယ်စကားများပြီး ဘီလ် ဂိတ်စ် သည် ၎င်းအစည်းအဝေးမှ ဝုန်းဒိုင်းကျဲပြီးထွက်သွားခဲ့သည် ဟုဆိုသည်။

ထိုသို့စကားများခဲ့ပြီးနောက် ဘောလ်မားမှာ “နောင်တ” ရနေပုံပေါက်နေသည် ဟု ထိုပုဂ္ဂိုလ်ကပြောပြန် သည်။ ဂိတ်စ် ထွက်ခွာပြီး နောက် ဘောလ်မား က “သူ့ကိုငါဘာအတွက်နဲ့မှမလိုတော့ဘူး၊ အဲ့ဒီသဘောတရားဘဲ”၊ “သူ့ကိုအသုံးချမယ်၊ ဒါပေမဲ့ သူ့ကိုလိုအပ်လားဆိုတော့ လုံးဝပဲ” လို့ပြောခဲ့တယ်။

အခမဲ့ နှင့် Open source Software[ပြင်ဆင်ရန်]

free software Linux kernel ကို “ […] အရာအားလုံးကို ထိခြင်းဖြင့် ဉာဏ်ပညာပိုင်းဆိုင်ရာ အာရုံကို ကိုယ်တိုင်အမြစ်တွယ်စေသော ကင်ဆာ” ဟု သူရည်ညွှန်းခဲ့သည်။ ဂျီအင်ယူး အထွေထွေပြည်သူ့လိုင်စင် (ဂျီပီအယ်လ်) GNU General Public License (GPL) အား ယင်းကဲ့သို့ ကွန်ပျူတာညွှန်ကြားချက် မှ ခန့်အပ်ထားရာ ကွန်ပျူတာညွှန်ကြားချက် ဆင်တူရိုးမားအားလုံးအား ဂျီပီအယ်လ် သို့မဟုတ် လိုက်ဖက်သော လိုင်စင်တစ်ခု လက်အောက်တွင်သာရှိရမည်ကို ဘောလ်မားက စိုးရိမ်စိတ်ဖြင့်ပြောရာတွင် လိုင်စင်ဝေါ်ဟာရ “ဗိုင်ရယ်လ်” လိုင်စင် ဟူသော ဝေါဟာရကိုအသုံးပြုခဲ့သည်။

လူကောဗ်စ်ကီး/ဂူဂယ်လ်[ပြင်ဆင်ရန်]

၂၀၀၅ခုနှစ်တွင် လူကောဗ်စ်ကီးက မိုက်ကရိုဆော့ မှ ဂူဂယ်လ် သို့စွန့်းခွာသွာမည်ဟု ကြားရချိန်တွင် ဘောလ်မား သည် အလွန်ဒေါသဖြစ်ကာ၊ သူ၏ကုလားထိုင်ကိုမပြီး သူ၏ရုံးခန်းတစ်ဖက်သို့ ပစ်ပေါက်ခဲ့သည်ဟု ဝါရှင်တန်ပြည်နယ် တရားရုံးတစ်ခု၏ ကျမ်းကျိန်ထွက်ဆိုချက်တွင်စွပ်စွဲခဲ့သည်။ ဂူဂယ်လ် ၏ စီမံခန့်ခွဲမှုချုပ် CEO အဲရစ်က် ရှမစ်တ် (ယခင်က ပြိုင်ဘက် ဆန်း & နိုဖယ်လ် Sun and Novell တွင်အလုပ်လုပ်ခဲ့သူ) ကိုရည်ရွယ်၍ ဘောလ်မား သည် “ ငါ ဂူဂယ်လ် ကို သတ်မည် ” ဟုဆိုခဲ့ပြီး လူကောဗ်စ်ကီးအား မိုက်ကရိုဆော့ တွင်ဆက်ရှိနေရန် ကြိုးစားဖျောင်းဖျခဲ့သည်။ ၎င်းဖြစ်ရပ်အပေါ်တွင် မှတ်ချက်ချခဲ့ခြင်းများအပေါ် ဘောလ်မားက “အဖြစ်မှန်ကို အလွန်ပုံကြီးချဲ့ပြောခဲ့ကြသည်” ဟုဆိုခဲ့သည်။

အဲပဲလ် (Apple)[ပြင်ဆင်ရန်]

မိုက်ခရိုဆော့ Microsoft စီမံခန့်ခွဲရေးမှုချုပ် CEO စတိဗ် ဘောလ်မား က အဲပဲလ်၏ ဈေးနှုန်းအားဝေဖန်ခဲ့ရာ “ကျွန်တော့် အထင် စီးပွားရေးဈေးကွက်ဒီရေက အဲပဲလ် နှင့် ဆန့်ကျင်ဘက်ကို ပြန်လှည့်သွားပြီ”၊ ဟုပြောသည်။ “ စီးပွားရေး ကကျုပ်တို့ဘက်ကိုအထောက်အကူပြုနေတယ် ” ဟု ဘောလ်မားကပြောခဲ့သည်။ လက်ရှိ အခြေအနေတွင် ကွန်ပျူတာတစ်လုံး အား အပိုဒေါ်လာ ၅၀၀ ပေးချေသော - အခြားကွန်ပျူတာနှင့်မတူခြာနားသောအမာခံစက်ပိုင်းအား - တံဆိပ် တတ်ဖို့ ဒေါ်လာ ၅၀၀ ပိုပေးရမှာလား ?

“အရည်အသွေးချင်းတူတဲ့ ကွန်ပျူတာဟာ့ဒ်ဝဲလ်တစ်ခုကို တံဆိပ်လေးကပ်ထားရုံနဲ့ ဒေါ်လာ ၅၀၀ ပိုပေးရမှာလား၊ ကျွန်တော်ကတော့ ဒီခေတ်ကြီးထဲမှာ သာမန်ပုဂ္ဂိုလ် တစ်ယောက်က ဒီလို ဒေါ်လာ၅၀၀ ပိုပေးပြီးဝယ်မယ်လို့ မထင်ပါဘူး”ဟု apple ၏ ဈေးနှုန်းကြီးမြင့်မှုကို ရည်ရွယ်ပြောဆိုခဲ့သည်။

အားကစား[ပြင်ဆင်ရန်]

စတိဗ် ဘောလ်မားသည် ကီးအာရီးနား အားကစားကွင်း တွင် စီအာတလ်စူပါဆိုးနစ်ပွဲ ကြည့်ရန် ထိုင်ခုံတစ်ခုဝယ်ယူခဲ့သည်။ ၂၀၀၈ခုနှစ် မတ်လ ၆ရက်နေ့တွင် စီအာတလ်မြို့ရှိ စီအာတလ်စူပါဆိုးနစ်အသင်း အခြာမြို့သို့မပြောင်းရွှေ့စေရန် ဝယ်ယူဖို့အသင့်ဖြစ်နေပြီး ကီးအာရီးနား အားကစားကွင်းအား ဒေါ်လာသန်း ၃၀၀ ဖြင့်ပြန်လည်မွန်းမံရန် ရင်းနှီးမြှပ်နှံငွေ သန်း ၁၅၀ အား ဘောလ်မားပါဝင်သည့် ဒေသတွင်းအုပ်စုတစ်စုမှ ပေးအပ်ခဲ့ပြီး “game changing” အနေအထားများပြောင်းလဲစေရန်လုပ်ဆောင်ပေးမည် ဟုကတိကဝတ် ပေးခဲ့ကြောင်း စီအာတလ်မြို့တော်ဝန်မှ ကြေညာခဲ့သည်။ သို့ရာတွင် ဤပဏာမဆောင်ရွက်ချက်အရေးနိမ့်ခဲ့ပြီး နောက်ပိုင်းတွင် အိုကလာဟိုးမားမြို့သို့ ပြောင်းရွှေ့ခဲ့ရသည်။

ဆက်သွယ်ရေးစာပေ သရုပ်ဖော်ဆောင်မှုများ[ပြင်ဆင်ရန်]

  • Bad Boy Ballmer: The Man Who Rules Microsoft (၂၀၀၂)၊ ဖရတ်ဒရတ် အဲလန် မတ်စ်ဝယ်လ်ရေးသားထားသော (ခွင့်ပြု့ချက်မရှိအတ္ထုပတ္တိ)
  • ၁၉၉၉ခုနှစ်တွင် ရိုက်ကူးခဲ့သော အချက်အလက်အခြေခံ အချစ်ရုပ်ရှင်ကားတစ်ခုဖြစ်သည့် “Pirates of Silicon Valley” တွင် ဂျွန်ဒီမက်ဂျီယိုမှ ခေါင်းဆောင်မင်းသားအဖြစ် ဘောလ်မား ဇာတ်ကောင်စရိုက်ဖြင့် ရိုက်ကူးခဲ့သည်။

ပိုင်ဆိုင်မှုများ[ပြင်ဆင်ရန်]

ကော်ပိုရိတ်တစ်ခုကို စတင်တည်ထောင်သူမဟုတ်၊ ဆွေမျိုးလည်းမဟုတ်ပဲ ဝန်ထမ်းဘဝမှ စတော့များကို ပိုင်ဆိုင်ပြီး ဘီလီယံနာအဖြစ် ချမ်းသာလာသူများထဲတွင် ရောဘတ်တိုဂွိုင်ဇီးတာနောက် ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်သည်။

ဖော့ဘ်စ်မဂ္ဂဇင်း၏ ဖော်ပြချက်များအရ ကမ္ဘာ့ ၃၃ ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ခန့်မှန်း ပိုင်ဆိုင်မှု ဒေါ်လာ ၁၄့၅ ဘီလီယံရှိသည်။ ၂၀၀၉ခုနှစ်တွင် မိုက်ခရိုဆော့ဖ်၌ CEO လုပ်ခဲ့စဉ်က စတော့ရှယ်ယာပိုင်ဆိုင်မှုများ မပါဝင်ပဲ အခြေခံလစာ ၆၆၅,၈၈၃ ဒေါ်လာ၊ ဆုကြေးငွေ ၆၀၀,၀၀၀ ဒေါ်လာနှင့် အခြားဝင်ငွေ ၁၀,၇၉၄ စုစုပေါင်း ၁,၂၇၆,၆၂၇ ဒေါ်လာရရှိခဲ့သည်။