စက်ဝိုင်း

ဝီကီပီးဒီးယား မှ
စက်ဝိုင်းပုံ
  ပတ်လည်အနားC
  အချင်း D
  အချင်းဝက် R
  ဗဟို O

စက်ဝိုင်း (အင်္ဂလိပ်: circle) ဆိုသည်မှာ တိုင်းကြောင်း ၂ခု ရှိသော (2-dimensional) တာသေဝန်း (en:ball (mathematics)) ဖြစ်သဖြင့်၊ အမှတ်တခုကို အစပြုလျက် ထိုအမှတ်မှ အကွာအဝေး တူညီသော အမှတ်ပေါင်း မရေမတွက်နိုင်အောင်ဖြင့် ဆက်စပ်ဖွဲ့စည်းလိုက်သည့် ဂျီဩမေတြီဝတ္ထု ဖြစ်သည်။ ထိုအစပြုအမှတ်ကို ရစ်ဝိုင်းလျက် ပုံထွက်ပေါ်၍ ထိုအမှတ်ကို ဗဟိုဟု ခေါ်ပြီး တူညီလိုက်သော အကွာအဝေးကို အချင်းဝက်ဟု ခေါ်သည်။ သို့ဖြင့် စက်ဝိုင်းပေါ်ရှိမည်သည့် အမှတ်မဆို ၎င်းနှင့် ဗဟိုမှတ်ကြား အကွာအဝေးသည် အချင်းဝက်အဖြစ် တူညီနေမည်။
တိုင်းကြောင်း ၃ခု ရှိသော တာသေဝန်း (3-dimensional ball) မှာမူ စက်လုံးဖြစ်မည်။ တိုင်းကြောင်း ၁ခု ရှိသော တာသေဝန်း (1-dimensional ball) မှာမူ မျဉ်းပြတ် ဖြစ်မည်။

အခြေခံသင်္ချာ[ပြင်ဆင်ရန်]

အချင်း၊ အချင်းဝက်နှင့် စက်ဝန်း[ပြင်ဆင်ရန်]

အချင်းဝက် (radius) ၏ နှစ်ဆမှာ အချင်း (diameter) ဖြစ်သည်။ စက်ဝိုင်းအဖြစ် တစ်ပတ်ပြည့်အောင် ပတ်ဝိုင်းသော အလျား (သို့) စက်ဝိုင်း၏ ပတ်လည်အနားကို စက်ဝန်းဟု ခေါ်ပြီး ၎င်းက အချင်း၏ π ဆနှင့်ညီသည်။ π ၏ တန်းဖိုးမှာ အနီးစပ်ဆုံးအားဖြင့် ဟုလည်းကောင်း၊ အကြမ်းဖျင်းအားဖြင့် (သို့) (သို့) ဟုလည်းကောင်း မှတ်ယူနိုင်သည်။ ဥပမာအားဖြင့် စက်ဝိုင်း၏အချင်းသည် စင်တီမီတာ ဖြစ်ခဲ့လျှင် စက်ဝန်းသည် စင်တီမီတာ ဖြစ်သည်။

ဧရိယာ (အကျယ်အဝန်း)[ပြင်ဆင်ရန်]

စက်ဝိုင်း၏အချင်းသည် စင်တီမီတာ ဖြစ်ခဲ့လျှင်၊ ယင်း၏ အချင်းဝက်သည် ဖြစ်ပြီး
စက်ဝိုင်း၏ဧရိယာမှာ ဖြစ်သည်။

ဖှန်ရှင်[ပြင်ဆင်ရန်]

ယူကလစ်ဒ် ကာတက်စီးယန်း အမှတ်ချအိမ် (Euclidean Cartesian Coordinate System) တစ်ခုကို X နှင့် Y ဝင်ရိုးနှစ်ခုဖြင့် ဆွဲသားထားလျှင် စက်ဝိုင်းပုံ ဖော်ဆောင်ရာ ဖှန်ရှင်မှာ
သို့မဟုတ် ဖြစ်မည်။