ကြိုးကြာ

ဝီကီပီးဒီးယား မှ
ကြိုးကြာ
A. a. antigone from India with the distinct white "collar"
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Gruiformes
မျိုးရင်း: Gruidae
မျိုးစု: Antigone
မျိုးစိတ်:
A. antigone
ဒွိနာမ
Antigone antigone
မျိုးစိတ်ခွဲများ
  • A. a. antigone (လင်းနီးယပ်၊ ၁၇၅၈)
    (Indian sarus crane)
  • A. a. sharpii (=sharpei) Blanford, 1895[၂]
    (Indochinese or Burmese sarus crane, Sharpe's crane, red-headed crane)
  • A. a. gilliae (=gillae) Schodde, 1988
    (Australian sarus crane)
  • A. a. luzonica Hachisuka, 1941
    (Luzon sarus crane – extinct)
  Approximate current global distribution
Synonyms
  • Ardea antigone လင်းနီးယပ်၊ ၁၇၅၈
  • Grus antigone လင်းနီးယပ်၊ ၁၇၅၈
  • Grus collaris Boddaert, 1783

ကြိုးကြာ (Antigone antigone) ကို အိန္ဒိယတိုက်ငယ်၊ ဩစတျေးလျ၊ အရှေ့တောင်အာရှဒေသတို့တွင် တွေ့ရလေ့ရှိသည်။ ပျံသန်းတတ်သည့်ငှက်များ အားလုံးထဲတွင် အရှည်ဆုံးဖြစ်ပြီး ကိုယ်လုံးကြီးမားကာ အလျား ၁.၈ m (၅ ft ၁၁ in) ရှိသည်။ ရွံ့နွံထူထပ်သော အရပ်တွင် တွေ့ရတတ်သည်။ အဖိုအမ တွဲ၍နေတတ်သည်။ တွန်သံမှာ သာယာသည်။ မြက်ထူထပ်သော ကွင်းပြင်၌လည်း နေတတ်သည်။ နားသည့်အခါ၊ ပျံသည့်အခါများတွင် အော်တတ်သည်။ အသီးအရွက် ပိုးမွှားနှင့် ခရုများကို စားသောက်သည်။ အုပ်လိုက်လည်း နေတတ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အများဆုံးတွေ့ရတတ်သည်။ ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများတွင်လည်း တွေ့ရှိရတတ်သည်။[၃] အဓိက သားပေါက်ကာလမှာ မိုးရာသီဖြစ်သည်။

ဥအုပုံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်တွေ့ရှိရတတ်သည်။ ကြိုးကြာခေါင်းနီငှက်များသည် အသိုက်ဆောက်လုပ်ခြင်းပြီးစီးပါက ကြိုးကြာခေါင်းနီအမသည် ဥ အုခြင်းကို စတင်ကြသည်။ ပထမတစ်လုံးအုပြီး ၂ / ၃ ရက်လောက်ကြာမှ နောက်တစ်လုံးထပ်ဥကြသည်။ လေ့လာတွေ့ရှိချက်များအရ ၂ လုံးအုပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် ဥ ၂ လုံးပျောက်သွားခဲ့ပါက အချို့ကြိုးခေါင်းနီစုံတွဲများသည် ဥ ပြန်အုသည့် ဖြစ်စဉ်များလည်း ရှိသည်။[ကိုးကားချက်လိုသည်] ဥ အရေအတွက် ၂ လုံးအုပြီးပါက ဥဝပ်ခြင်းကို ပြုလုပ်ကြသည်။ ဥဝပ်ခြင်းကို ကြိုးကြာ အထီးရော အမပါ နှစ်ကောင်စလုံးသည် အလှည့်ကျဝပ်ကြသည်ကို တွေ့ရှိရသည်။ ကြိုးကြာတစ်ကောင် ဝပ်နေသည့်အချိန်တွင် ကျန်တစ်ကောင်သည် အသိုက်အနီးအနားတွင် အစာရှာစားရင်း ကျက်စားနေထိုင်သည်။ တစ်ကောင်နှင့်တစ်‌ကောင် ချိတ်ဆက်နိုင်သည့် အကွာအ‌ဝေးအနေအထားလောက်တွင်သာ အစာရှာ၍ နေထိုင်ကြသည်ကို တွေ့ရှိရသည်။ ဥဝပ်ကြာချိန်သည် ၁ နာရီ နှင့်အထက်ရှိသည်။ အထူးသဖြင့် နေ့ဘက်အချိန်များတွင် အထီးကြိုးကြာက ဝပ်ချိန်များသည်ကို‌‌ လေ့လာမှုများအရ တွေ့ရှိရသည်။ ကြိုးကြာခေါင်းနီများ၏ ဥဝပ်ကာလမှာ ရက်ပေါင်း ၂၈ - ၃၁ ရက်အထိ ကြာသည်။ တစ်လနီးပါးကြာသော်အခါတွင် ပထမဆုံးအရင်အုသော ဥ ကစတင်၍ အကောင်ပေါက်လာသည်။ ၁ ရက်/ ၂ရက်ကြာ‌သော်အခါမှ နောက် ဥ သည် အကောင်ပေါက်သည်။ တစ်ခါတရံ ရက်အနည်းငယ်ပြောင်းလဲမူ ရှိသည်။ ကြိုးကြာအကောင်ပေါက်ကလေးများသည် ဥ မှထွက်ပြီး တပတ်လောက်တွင် စတင်ရေကူးနိုင်ပြီဖြစ်သည်။ ကြီးထွားနှုန်းမှာလည်း စားရသည့် အစာပေါ်မူတည်၍ ကြီးထွားမူအပြောင်းအလဲရှိသည်။

မှတ်စုများ[ပြင်ဆင်ရန်]

  1. Myo Sandar Winn(MCT)
  2. Ye Htet Aung

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International. 2016. Antigone antigone. The IUCN Red List of Threatened Species 2016. doi:10.2305/IUCN.UK.2016-3.RLTS.T22692064A93335364.en. Downloaded on 23 April 2020.
  2. Blanford, W.T (1896). "A note on the two sarus cranes of the Indian region". Ibis 2: 135–136. doi:10.1111/j.1474-919X.1896.tb06980.x. 
  3. လှသမိန် (ဧပြီ ၁၉၇၈)။ "ကြိုးကြာ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။