ဝီကီပီးဒီးယား:Wikimedia Commons

ဝီကီပီးဒီးယား မှ
Wikimedia Commons
Central filled red circle, surrounded by a blue circular outline with a gap and an arrow leading up, plus seven smaller arrows pointing inward to the red circle. Below are the words "WIKIMEDIA COMMONS".
Screenshot of Wikimedia Commons Main Page, featuring a Picture of the Day for 2006-06-05.
ဝဘ်ဆိုဒ် အမျိုးအစား
မီဒီယာ ဘဏ်တိုက်
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူဝီကီမီဒီယာ အဖွဲ့
ဝဘ်ဆိုဒ်commons.wikimedia.org
စီးပွားရေးမရှိ
မှတ်ပုံတင်ခြင်းOptional (ပုံများတင်ရန်အတွက် လိုအပ်)

Wikimedia Commons ("Wikicommons," "the Commons", "Wikipedia Commons" သို့မဟုတ် "Commons") သည် မူပိုင်ခွင့် လွတ်လပ်သော ပုံများ၊ အသံနှင့် အခြားသော မီဒီယာဖိုင်များကို စုစည်းထားသည့် နေရာတစ်ခု ဖြစ်သည်။ ဝီကီပီးဒီးယား ကဲ့သို့ပင် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်တစ်ခု ဖြစ်သည်။ အခြားသော ဝီကီမီဒီယာ ညီအစ်မပရောဂျက်များအတွက် အထောက်အပံ့ပေးသော ဘုံအရင်းအမြစ် အစုအဝေးကြီးတစ်ခု ဖြစ်သည်။

Commons သို့ upload တင်လိုက်သည့် ဖိုင်များကို ဝီကီပီးဒီးယား၊ ဝီကီစာအုပ်များ၊ ဝီကီရင်းမြစ် နှင့် ဝီကီသတင်း အပါအဝင် ဝီကီမီဒီယာ ဆာဗာများရှိ အားလုံးသော ပရောဂျက်များမှ ရယူအသုံးပြုနိုင်သည်။ ထို့အပြင် ဖိုင်များသည် public domain သို့မဟုတ် Creative Commons Attribution/Share-Alike လိုင်စင်နှင့် GNU Free Documentation လိုင်စင်များဖြင့် ဖြန့်ချီထားသဖြင့် ဒေါင်းလုပ်ရယူ သုံးစွဲနိုင်သည်။

Commons ဆိုတာ ဘာလဲ?[ပြင်ဆင်ရန်]

အဓိကဆောင်းပါး - Commons:Welcome

Wikimedia Commons သည် စေတနာ့ဝန်ထမ်းများမှ ဖန်တီးကာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည့် မီဒီယာ ဘဏ်တိုက်တစ်ခု ဖြစ်သည်။ "Wikimedia Commons" အမည်သည် ဝီကီမီဒီယာ ပရောဂျက်များ အားလုံးကို စီမံခန့်ခွဲနေသည့် "Wikimedia" နှင့် ဝီကီမီဒီယာ ပရောဂျက်များ အားလုံး ရယူသုံးစွဲနိုင်သည့် ဘုံအချက်အလက် "commons" တို့မှ ဆင်းသက်လာသည်။ ဝီကီမီဒီယာ ပရောဂျက်များ အားလုံးအတွက် အသုံးဝင်သည့် မူပိုင်ခွင့် လွတ်လပ်သည့် ဓာတ်ပုံများ၊ ပုံများ၊ အန်နီမေးရှင်းများ၊ ဂီတ၊ ဗီဒီယိုများနှင့် အခြား မီဒီယာများ တည်ရှိရာ ဗဟိုနေရာ ဖြစ်သည်။

Wikimedia Commons တွင် ပါဝင်ရေးသားခြင်း လမ်းညွှန်အတွက် Contributing your own work ကို ကြည့်ပါ။

Commons မီဒီယာများအား ဝီကီပီးဒီးယား ဆောင်းပါးတွင်းသို့ ထည့်သွင်းခြင်း[ပြင်ဆင်ရန်]

အဓိကဆောင်းပါး - Commons:Commons:First steps/Reuse section Embedding Commons' media in Wikimedia projects

ဝီကီပီးဒီးယားတွင် Wikimedia Commons မှ ပုံ သို့မဟုတ် ဗီဒီယိုကို ထည့်သွင်းပုံမှာ local file များကို အသုံးပြုပုံနှင့် အတူတူပင် ဖြစ်သည်။

ပုံတစ်ပုံအား စာမျက်နှာတစ်ခုထဲတွင် အသုံးပြုပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

[[File:image.jpg|thumb|alt=alt text|caption]]


အသံဖိုင်ကို အသုံးပြုရန်အတွက် နည်းလမ်းနှစ်ခုရှိပြီး သင့်ဝီကီတွင် {{Audio}} တမ်းပလိတ်ရှိပါက ယင်းတမ်းပလိတ်ကို သုံး၍လည်းကောင်း၊ သို့မဟုတ် အောက်ပါ ပထမနည်းလမ်းဖြင့် လည်းကောင်း ထည့်သွင်းနိုင်သည်။

[[Media:file.ogg|descriptive text]]
{{Audio|Filename-without-namespace|descriptive text}}

ဓာတ်ပုံပြခန်း နမူနာ[ပြင်ဆင်ရန်]

ဓာတ်ပုံများအား ပြခန်းအသွင်ဖြင့် ပြသလိုပါက အောက်ပါ နမူနာကုဒ်ကို အသုံးပြုနိုင်သည်။

<gallery class="center">
 Philipp Veit 008.jpg
 Image_Germania_(painting).jpg|ပုံခေါင်းစဉ် ထည့်သွင်းနိုင်သည်။
 Niederwald memorial 2.JPG
 Accademia - St John the Baptist by Titian Cat314.jpg
</gallery>

အောက်ပါအတိုင်း ပြသပေးမည် ဖြစ်သည်။

ကဏ္ဍထည့်သွင်းခြင်း[ပြင်ဆင်ရန်]

ကျေးဇူးပြု၍ Commons ဖိုင်များအား ဝီကီပီးဒီးယားတွင် ကဏ္ဍထည့်သွင်းခြင်း မပြုလုပ်ပါနှင့်။ ယင်းအစား Commons တွင် ကဏ္ဍထည့်သွင်းခြင်း ပြုလုပ်နိုင်သည်။

ဝီကီပီးဒီးယားမှ ပုံကို Wikimedia Commons သို့ ရွေ့ပြောင်းခြင်း[ပြင်ဆင်ရန်]

Wikipedia:Moving images to the Commons နှင့် Why move images to the commons? ကို ကြည့်ပါ။

ဝီကီပီးဒီးယားနှင့် Commons ကွဲပြားချက်များ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - commons:Commons:For Wikipedians
  • Commons တွင် မူပိုင်ခွင့်ရှိသော ပုံများအား ခွင့်ပြုထားခြင်း မရှိပေ။ commons:Commons:Licensing ကို ဖတ်ရှုပါ။ Commons တွင် တင်မည့် ပုံများသည် မူရင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု နှစ်ခုစလုံးတွင် မူပိုင်ခွင့် လွတ်လပ်ရမည်ဖြစ်သည်။
  • ဝီကီပီးဒီးယားတွင် ပုံတစ်ခုသည် ဆောင်းပါးတစ်ခုအတွင်းတွင် ပါဝင်ဖော်ပြထားခြင်း မရှိပါက ဖျက်ပစ်ရန် အဆိုပြုနိုင်သည်။ ပုံများသည် များစွာသော ပရောဂျက်များတွင် အသုံးပြုရန် ဖြစ်ကောင်းဖြစ်နိုင်သဖြင့် Commons သည် ထိုအချက်ကို လျော့ပေါ့ပေးထားသည်။ commons:Commons:Scope တွင် ဖတ်ရှုပါ။
  • ဝီကီပီးဒီးယားတွင် ပုံတစ်ပုံသည် ဆောင်းပါးတစ်ခုအတွင်းတွင် ပါရှိနေရန် အရေးကြီးသည်။ ပုံအကြောင်း ဖော်ပြချက်စာမျက်နှာရှိ "ဖိုင်သုံးစွဲမှု" တွင် မည်သည့်စာမျက်နှာများသည် ပုံကို အသုံးပြုထားသည်ကို ဖော်ပြပေးသည်။ Commons တွင်မူ ဤအပိုင်းသည် Commons တွင်းတွင် ပုံကို အသုံးပြုထားသော စာမျက်နှာများသာမက၊ အခြားသော ဝီကီမီဒီယာ ပရောဂျက်များတွင်ရှိသော ပုံသုံးစွဲမှုကို (the GlobalUsage feature မှ တဆင့်) ဖော်ပြပေးသည်။ ထို့အတွက်ကြောင့် ပုံများသည် ကဏ္ဍများအတွင်း သို့မဟုတ် ဂယ်လာရီစာမျက်နှာများတွင် ပါရှိနေစေရန် အရေးကြီးသည်။ သင့်လျော်သော ကဏ္ဍကို လွယ်ကူစွာ ရှာဖွေနိုင်ရန် CommonSense ကိရိယာကို အသုံးပြုနိုင်သည်။
  • Commons သည် ဘာသာစကားစုံ ပရောဂျက်တစ်ခု ဖြစ်သည်။ အားလုံးသည် သင်ကဲ့သို့ ဘာသာစကားတူ အသုံးပြုလိမ့်မည်ဟု မယူဆပါနှင့်။ Userboxes ကို သင့်အသုံးပြုသူ စာမျက်နှာပေါ်တွင် ထည့်သွင်းခြင်းဖြင့် သင် မည်သည့်ဘာသာစကားများကို ပြောဆိုနိုင်သည်၊ မည်မျှကျွမ်းကျင်သည် ဆိုသည်ကို ဖော်ပြနိုင်သည်။ commons:Commons:Babel ကို ကြည့်ပါ။
  • Commons တွင် ဆွေးနွေးနိုင်သည့် ဖိုရမ်အနည်းငယ်သာရှိသည်။ commons:COM:VP သည် ပင်မ village pump ဖြစ်သည်။ သို့သော် အခြားဘာသာစကားများဖြင့် village pump များလည်း ရှိသည်။ commons:COM:HD သည် နည်းပညာဆိုင်ရာများ စုံစမ်းမေးမြန်းနိုင်ရန်အတွက် အကူအညီ စားပွဲ ဖြစ်သည်။ အက်ဒမင်များအား commons:Commons:Administrators' noticeboard မှတဆင့် ဆက်သွယ်နိုင်သည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]